နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 10 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်မှုထမ်းဆင့်ခေါ်တာမှာ ငွေကြေးမသမာမှုတွေ ရှိနေတယ်လို့ ဒုစစ်ခေါင်းဆောင်ပြော

မတ်လ (၂၁)ရက်။

စစ်မှုထမ်းဆင့်ခေါ်ရာမှာ ငွေကြေးမသမာမှုတွေ ရှိနေတယ်လို့ ဒုစစ်ခေါင်းဆောင် စိုးဝင်းက မနေ့က ကလောတပ်နယ်ကို ရောက်ရှိတဲ့အချိန် ပြောဆိုခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

အချို့စစ်မှုထမ်းဆင့်ခေါ်တဲ့အဖွဲ့တွေဟာ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်တာမရှိဘဲ ငွေကြေးမသမာမှုတွေကြောင့် စုဆောင်းခံရတဲ့ စစ်မှုထမ်းအချို့ အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် စစ်သားတွေအနေနဲ့ စစ်မှုထမ်းနဲ့ပတ်သက်ပြီး ဆင့်ခေါ်တဲ့အဖွဲ့တွေရဲ့ မှားယွင်းတဲ့ လုပ်ဆောင်တာတွေ တွေ့ရှိရင် သက်ဆိုင်ရာကို အချိန်နဲ့တပြေးညီ အသိပေးတင်ပြဖို့ဆိုပြီး ညွှန်ကြားခဲ့ပါတယ်။

စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေကို ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလကစပြီး အတည်ပြုပြဋ္ဌာန်းကာ အပတ်စဉ်တခုကို သင်တန်းသား (၅၀၀၀)ဦးရေနဲ့ သင်တန်းဖွင့်လှစ်နေပြီး အခုဆို အပတ်စဉ် (၁၁)အထိ ရောက်ရှိနေပြီဖြစ်ပါတယ်။

စစ်မှုထမ်းသင်တန်းအတွက် စစ်ကောင်စီလက်ပါးစေတွေက လူစုဆောင်းတာမှာ ပြည်သူတွေဆီကနေ ငွေကြေး အဆမတန်တောင်းယူကာ လူစားထိုးခေါ်ယူတာတွေရှိပြီး စီးပွားရေးဈေးကွက်တခုအနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတာပါ။

ဒါ့အပြင် စစ်မှုထမ်းအတွက် သင်တန်းသားဦးရေ ပြည့်မီအောင် စုဆောင်းတဲ့အခါ လမ်းပေါ် တွေ့ရာလူတွေကို အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးခေါ်ယူတာတွေကြောင့် ပြည်သူတွေအနေနဲ့ စိုးရိမ်ပူပန်နေကြရတယ်လို့လဲ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဆက်လက်ကူညီမယ်လို့ တရုတ်သမ္မတပြော

  • 2025 ခုနှစ်၊ မေလ 10 ရက်
  • 21 Views
မေလ (၁၀)ရက်။ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာ ဆက်လက်ကူညီပေးသွားမယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က မနေ့က မော်စကိုမြို့မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့
မြန်မာသတင်း

သယံဇာတတွေကို တစုတဖွဲ့က စီမံခန့်ခွဲတာမျို လက်မခံဘူးလို့ NUG ပြော

  • 2025 ခုနှစ်၊ မေလ 10 ရက်
  • 14 Views
မေလ (၁၀)ရက်။ သယံဇာတကို တစ်ဦးတစ်ယောက်/တစ်စုတစ်ဖွဲ့က စီမံခန့်ခွဲတာ လုံးဝလက်မခံဘူးလို့ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မနေ့ကပြုလုပ်တဲ့ သယံဇာတအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့
မြန်မာသတင်း

စစ်ကောင်စီက ရုရှားနည်းပညာနဲ့ အနုမြူဓါတ်အားပေးစက်ရုံ တည်ဆောက်မယ့်အပေါ် လုံခြုံရေးစိုးရိမ်တယ်လို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 10 ရက်
  • 15 Views
မေလ (၁၀)ရက်။ စစ်ကောင်စီရဲ့ ရုရှားနည်းပညာနဲ့ အနုမြူဓါတ်အားပေးစက်ရုံ တည်ဆောက်မယ့်သတင်းကြောင့် မြန်မာနဲ့ ထိုင်းပြည်သူတွေ လုံခြုံရေးအတွက် စိုးရိမ်ပူပန်မိတယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီက ရုရှားနည်းပညာနဲ့ (၁၁၀)မဂ္ဂါဝပ် အနုမြူစက်ရုံတခု တည်ဆောက်မယ့်အပေါ်
မြန်မာသတင်း

စစ်ကောင်စီရဲ့ ပုလောမြို့မရဲစခန်း တိုက်ခိုက်ခံရပြီး ဒုရဲအုပ်အပါအဝင် (၂)ဦးသေဆုံး

  • 2025 ခုနှစ်၊ မေလ 9 ရက်
  • 24 Views
မေလ (၉)ရက်။ ဒီကနေ့ နံနက် (၆)နာရီခွဲဝန်းကျင်က ပုလောမြို့နယ်ရှိ စစ်ကောင်စီရဲ့ ပုလောမြို့မရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ ပုလောမြို့ တောင်ယာကမ်းရွာက ပုလောမြို့မရဲစခန်းကို မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းက ဝင်ရောက်ချေမှုန်းခဲ့တာပါ။ အဲ့ဒီစစ်ဆင်ရေးထဲမှာ စကစဘက်က
1027 Operations မြန်မာသတင်း

နောင်ချိုမှာ မင်္ဂလာဆောင်ကျင်းပနေတဲ့နေရာကို စစ်ကောင်စီ ဗုံးကြဲ၊ ကလေးငယ်အပါအဝင် (၅)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 9 ရက်
  • 28 Views
မေလ (၉)ရက်။ မနေ့က နောင်ချိုမြို့နယ်မှာ မင်္ဂလာဆောင်ကျင်းပနေတဲ့ သရက်ချိုရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်္ဂလာဆောင်ကျင်းပနေတဲ့ သရက်ချိုရွာကို စစ်ကောင်စီရဲ့ အမတ(၉၀၂)က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက်
မြန်မာသတင်း

ထီးခီးစခန်းအပါအဝင် စစ်ကောင်စီစခန်း (၃)ခုကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်

  • 2025 ခုနှစ်၊ မေလ 9 ရက်
  • 26 Views
မေလ (၉)ရက်။ ဒီကနေ့ တရက်ထဲ ထီးခီးစခန်းအပါအဝင် စစ်ကောင်စီရဲ့ တပ်စခန်း (၃)ခုကို KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်နိုင်ခဲ့တဲ့ တပ်စခန်းတွေဟာ ရွှေကျင်မြို့ရှိ စစ်ကောင်စီရဲ့ ခမရ(၅၉၈)တပ်စခန်း၊
မြန်မာသတင်း

ကျိုက်ထိုမှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ပြည်သူ (၈၀၀၀)ကျော် ထွက်ပြေးနေရ

  • 2025 ခုနှစ်၊ မေလ 9 ရက်
  • 20 Views
မေလ (၉)ရက်။ ကျိုက်ထိုမြို့နယ်ထဲ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် ပြည်သူ (၈၀၀၈)ဦးကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီဟာ အရပ်သားတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တာတွေကို အဆက်မပြတ်
မြန်မာသတင်း

မော်စကိုခရီးစဉ်ထဲ ကာဇက်စတန်သမ္မတနဲ့ စစ်ခေါင်းဆောင်တို့ တွေ့ဆုံ

  • 2025 ခုနှစ်၊ မေလ 9 ရက်
  • 21 Views
မေလ (၉)ရက်။ မနေ့က ရုရှားနိုင်ငံ မော်စကိုမြို့ကို ရောက်ရှိနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကာဇက်စတန်နိုင်ငံသမ္မတ H.E. Mr. Kassym-Jomart Tokayev နဲ့ တွေ့ဆုံခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲမှာ မြန်မာမှာ