ရန်ကုန်-မန္တလေး အမြန်လမ်းမှာ စစ်ကောင်စီကားတစ်စီး တိုက်ခိုက်ခံရ
ဇူလိုင်လ (၂၁)ရက်။
မနေ့က နံနက် (၇)နာရီ (၂၂)မိနစ်အချိန် ရန်ကုန်-မန္တလေ အမြန်လမ်း မိုင်တိုင်(၃၁၈)ကို မောင်းလာတဲ့ စစ်ကောင်စီကားတစ်စီးကို တိုက်ခိုက်ခဲ့တယ်လို့ Natogyi-PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်(၃၁၈)ကိုမောင်းလာတဲ့ စစ်ကောင်စီကားတစ်စီးကို ပြောက်ကျားပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ အဲ့ဒီမှာ ကားပေါ်ပါလာတဲ့ ရဲ(၂)ဦး သေတယ်။ ရဲကားကိုလဲ မီးရှို့ဖျက်ဆီးခဲ့တယ်” လို့ ဆိုပါတယ်။
ရန်ကုန်-မန္တလေး အမြန်လမ်းရှိ မိုင်တိုင်(၃၁၈)ကို မောင်းနှင်လာတဲ့ စစ်ကောင်စီကားကို တိုက်ခိုက်ခဲ့တာမှာ ကားပေါ်ပါလာတဲ့ ရဲတပ်သား (၂)ဦး သေဆုံးခဲ့ပြီး အဲ့ဒီကားဟာ လမ်းဘေးကို ထိုးကျသွားခဲ့တယ်လို့ သိရပါတယ်။
နောက်ပြီး အဲ့ဒီကားပေါ်ကနေ BA-94 (၂)လက်၊ ကျာ်ဘောက် (၅)ခု၊ 9mm ကျည် (၁၂၃)တောင့်၊ 7.62 ကျည် (၁၂၇)တောင့်တိုကို သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ကားကို မီးရှို့ဖျက်ဆီးခဲ့ပြီး အဲ့ဒီတိုက်ခိုက်တာအပြီးမှာ တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။
အဲ့ဒီစစ်ဆင်ရေးကို မြင်းခြံခရိုင်အမှတ် (၄)တပ်ရင်းနဲ့ မြင်းခြံခရိုင်ခရိုင် အမှတ်(၁၀)တပ်ရင်းတို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
