နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဗဟိုဦးဆောင်ကော််မတီဝင် (၂)ဦးကို တပ်ပိုင်ဘဏ္ဍာပစ္စည်း တရားမဝင်ထုတ်ယူမှုနဲ့ အရေးယူထားတယ်လို့ MDY-PDF ထုတ်ပြန်

နိုဝင်ဘာလ (၂၁)ရက်။

MDY-PDF ရဲ့ ဗဟို‌ဦးဆောင်ကော်မတီဝင်တွေဖြစ်တဲ့ ကိုမုန်တိုင်းနဲ့ ကိုနိုင်ကြီးကို တပ်ပိုင်ဘဏ္ဍာပစ္စည်း တရားမဝင်ထုတ်ယူမှုနဲ့ အရေးယူထားတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

သူတို့ (၂)ဦးဟာ ကာလတန်ဖိုးကြီးမားတဲ့ တပ်ပိုင်ဘဏ္ဍာပစ္စည်းကို စည်းကမ်းချိုးဖောက်ပြီး တရားမဝင်ထုတ်ယူတဲ့အပေါ် အပြစ်ရှိကာ ဘဏ္ဍာပစ္စည်းတွေ အမြန်ဆုံး ပြန်အပ်ဖို့နဲ့ ပြစ်ဒဏ်ခံယူဖို့ ပြီးခဲ့တဲ့လပိုင်းတို့မှာ အတည်ပြုဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အဲ့ဒီကာလက တော်လှန်ရေးအခြေအနေအပါအဝင် သူတို့ (၂)ဦးရဲ့ မေတ္တာရပ်ခံတာနဲ့ အခြားကိစ္စရပ်တွေကို ထောက်ရှုကာ ပြစ်ဒဏ်တွေကို လက်တွေ့မချမှတ်ဘဲ ယာယီဆိုင်းငံ့ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီအခြေအနေတွေမှာ သူတို့ (၂)ဦးဟာ ဘဏ္ဍာပစ္စည်းတွေ ပြန်အပ်နှံတာမရှိသလို ဖြေရှင်းတာတွေ မရှိတဲ့အတွက် သာမန်စည်းကမ်းချိုးဖောက်တဲ့အဆင့်ကို ကျော်လွန်ပြီး ကြီးမားတဲ့ ပြစ်မှုအမျိုးအစားအဆင့်အနေနဲ့ သတ်မှတ်ခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒါ့ကြောင့် ကိုမုန်တိုင်းနဲ့ ကိုနိုင်ကြီးကို တာဝန်တွေကနေ ရပ်ဆိုင်းပြီး လက်နက်ဖြုတ်သိမ်းကာ အချုပ်ထဲ ထိန်းသိမ်းထားသလို PDF စစ်ရုံးချုပ်ထံ လိုအပ်သလို ဆုံးဖြတ်နိုင်ဖို့ တင်ပြထားတယ်လို့ သိရပါတယ်။

ဒီလိုအကြောင်းအရာတွေဟာ တပ်ထဲကိစ္စတွေဖြစ်တာကြောင့် ပြည်သူကို အသိပေးလေ့မရှိပေမယ့် မလိုလားအပ်တဲ့ သတင်းအမှားတွေ ပေါ်ပေါက်ပြီး တော်လှန်ရေးအကျိုးကို ထိခိုက်စေနိုင်တဲ့အတွက် သတင်းထုတ်ပြန်ရတာလို့ MDY-PDF က ထည့်သွင်းပြောဆိုထားပါတယ်။

အခုလို တော်လှန်ရေးရဲ့ ခက်ခဲကြမ်းတမ်းတဲ့ ကာလမျိုးမှာ တော်လှန်ရေးအကျိုးကို ထိခိုက်စေမယ့် သတင်းအချက်အလက်အမှားတွေ မဖြန့်ဖြူးကြဖို့ မေတ္တာရပ်ခံထားပါတယ်။

အဲ့ဒီကိစ္စရပ်တွေကြောင့်လဲ ပြည်သူကို စိတ်ပိုင်းဆိုင်ရာ အနှောင့်အယှက် ဖြစ်ပေါ်စေတဲ့အပေါ် MDY-PDF က တောင်းပန်ထားပြီး အပြစ်ရှိသူကို အပြစ်ပေးဖို့၊ ကျင့်ဝတ်စည်းကမ်း ထိန်းသိမ်းကြပ်မတ်တာနဲ့ တပ်တည်ဆောက်ရေးလုပ်ငန်းစဉ်ကို ပိုမိုအားစိုက်သွားမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 19 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ်
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 25 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 26 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 19 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 34 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 24 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

ရေးမြိုမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 34 Views
မတ်လ (၂၆)ရက်။ အခုလ ဒုတိယပတ်ကစပြီး ရေးမြိုမြောက်ပိုင်းထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို MSFC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က
မြန်မာသတင်း

တမူးအခြေစိုက် NLA က MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 26 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၀)ရက်နေ့က တမူးဒေသခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က MOD နဲ့ ပူးပေါင်းခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLA ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့မှာ Myanmar Federal Army(MFA)နာမည်နဲ့