နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 14 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ပွဲတွေ ဆက်လက်ဆင်နွှဲသွားမယ်လို့ စစ်ခေါင်းဆောင်ပြော

ဖေဖော်ဝါရီလ (၂၂)ရက်။

ပြည်သူတရပ်လုံးက ထောက်ခံအားပေးတာကြောင့် စစ်ပွဲတွေကို ဆက်လက်ဆင်နွှဲသွားမယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဗထူးမြို့မှာပြုလုပ်တဲ့ ဗိုလ်လောင်းသင်တန်းဆင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အခုဆင်နွှဲနေတဲ့ စစ်ပွဲဟာ တရားတဲ့စစ်ဆိုပြီး ပြောဆိုထားသလို ပြည်သူတရပ်လုံးက ဝိုင်းဝန်းထောက်ခံအားပေးနေကာ အတူတကွ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ဒေသတခု တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ တည်ငြိမ်မှုပျက်ပြားကာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျအောင် လုပ်နိုင်စွမ်းရှိသူတွေက အဲ့ဒီဒေသမှာ နေထိုင်တဲ့ ဒေသခံတွေလို့ ပြောဆိုထားပါသေးတယ်။

နောက်ပြီး လက်နက်ကိုင်လမ်းစဉ်ကို မစွန့်လွှတ်လိုတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ဟာ NUG၊ CRPH၊ PDF တို့နဲ့ ပူးပေါင်းကာ နယ်မြေချဲ့ထွင်နိုင်ဖို့ နိုင်ငံရေးကိစ္စကို အကြောင်းပြပြီး လက်နက်ကိုင်နည်းလမ်းကို ဥပဒေမဲ့ လုပ်ဆောင်နေတယ်လို့ စွပ်စွဲထားပါတယ်။

ဒါ့အပြင် အေးချမ်းစွာနေထိုင်လိုတဲ့ ပြည်သူတွေဟာ နိုင်ငံရေးပြဿနာကို လက်နက်ကိုင်နည်းလမ်းနဲ့ ရယူဖို့ ကြိုးစားနေသူတွေကို အလွန်ရွံရှာစက်ဆုပ်နေတယ်လို့ ပြည်သူတွေကို နေ့တိုင်း ဗုံးကြဲသတ်ဖြတ်နေတဲ့ အာဏာသိမ်း မင်းအောင်လှိုင်က ထည့်သွင်းပြောဆိုထားပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆိုပြီး မကြာခဏ ပြောဆိုနေပေမယ့် စစ်ခေါင်းဆောင်က အခုအခါမှာတော့ စစ်ပွဲကို ဆက်လက်ဆင်နွှဲရမယ်လို့ ကြေညာလာကာ လက်တွေ့မှာလဲ မြေပြင်မှာ အရေးနိမ့်နေတဲ့အတွက် လေကြောင်းအသုံးပြုပြီး တိုက်ခိုက်တာတွေကို ပိုမိုများပြားလာတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်အုပ်စုရဲ့ NCA အခမ်းအနားကို မတက်ဖို နိုင်ငံတကာကို အပစ်ရပ်လက်မှတ်ထိုးခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ (၆)ဖွဲ တိုက်တွန်း

  • 2025 ခုနှစ်၊ အောက်တိုဘာလ 13 ရက်
  • 48 Views
အောက်တိုဘာလ (၁၃)ရက်။ စစ်အုပ်စုရဲ့ NCA အခမ်းအနားကို မတက်ရောက်ဖို ကုလသမဂ္ဂ၊ အာဆီယံနဲ့ နိုင်ငံတကာသံတမန်တွေကို အပစ်ရပ်လက်မှတ်ရေးထိုးခဲ့တဲ့ KNU၊ CNF၊
မြန်မာသတင်း

မိတ္ထီလာမှာ ကင်းလှည့်နေတဲ့ ရဲကားတစီး လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခံရပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 13 ရက်
  • 20 Views
အောက်တိုဘာလ (၁၃)ရက်။ မနေ့က နံနက် (၁)နာရီကျော်အချိန်က မိတ္ထီလာမြိုအနောက်ဘက်ကနေ ကင်းလှည့်ပြီးပြန်လာတဲ့ ရဲကားကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို Satan UG
မြန်မာသတင်း

TNLA ထိန်းချုပ်ထားတဲ့ မိုင်းလုံမြိုကို စစ်တပ်က (၂)ရက်ဆက်တိုက် လေကြောင်းဗုံးကြဲ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 13 ရက်
  • 23 Views
အောက်တိုဘာလ (၁၃)ရက်။ ပြီးခဲ့တဲ့ (၂)ရက်တာထဲ မိုင်းလုံမြိုနယ်ကို စစ်တပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၅)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို TNLA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အောက်တိုဘာလ (၁၁)ရက်နေ့ နေ့လယ် (၁)နာရီခွဲအချိန်က
မြန်မာသတင်း

စဉ့်ကူးမြိုမှာ ပြည်သူနဲ့ ပြဿနာအချေအတင်ဖြစ်တဲ့ ရဲဘော်တွေကို အရေးယူမယ်လိုဆို

  • 2025 ခုနှစ်၊ အောက်တိုဘာလ 13 ရက်
  • 22 Views
အောက်တိုဘာလ (၁၃)ရက်။ စဉ့်ကူးမြိုနယ်မှာ Starlink Internet နဲ့ပတ်သက်ပြီး ပြည်သူနဲ့ ပြဿနာ အချေအတင်ဖြစ်တဲ့ ရဲဘော်တွေကို အရေးယူသွားမယ်လို NUG မြိုနယ်အရေးပေါ်အုပ်ချုပ်ရေးအဖွဲရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်ဟာ အောက်တိုဘာလ (၁၁)ရက်နေ့က စဉ့်ကူးမြိုနယ်ရှိ
မြန်မာသတင်း

ခေတ်မျက်လုံးရဲ့ အပတ်စဥ် နိုင်ငံ‌ရေးဖြစ်စဥ်များကိုဆွေးနွေးတင်ပြခြင်း (၁၆)

  • 2025 ခုနှစ်၊ အောက်တိုဘာလ 12 ရက်
  • 42 Views
+++++++++++++++++++++++++++++++++++++++++++ ဒီအပတ်ခေါင်းစဥ်ကတော့ “လျှို့ဝှက်မှုမဲ့တဲ့လွင်ကိုလတ် မဲစာရင်းအမှားများနဲ့ဘူးလက် အာဆီယံအတွက် NUG ရဲ့ကြိုးပမ်းချက်” တို့ဖြစ်ပါတယ်။ ဒီအပတ် အောက်တိုဘာလ ၁၂ရက်နေ့ မှာ ပစ်မှတ်ဆိုင်ရာ အထူး ထောက်လှမ်းရေး သင်တန်းကို (လွင်ကိုလတ်)က အွန်လိုင်းကနေ သင်တန်းပေးမှာ ဖြစ်သင့်သလားဆိုတာနဲ့
မြန်မာသတင်း

တိုင်းဗဟိုသင်တန်းကျောင်းက စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ အလင်းဝင်လာတယ်လို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 11 ရက်
  • 60 Views
အောက်တိုဘာလ (၁၁)ရက်။ အခုလထဲ စစ်တပ်ရဲ့ တိုင်းဗဟိုအမှတ်(၁၂) လေ့ကျင့်ရေးသင်တန်းကျောင်းက တပ်သား (၄)ဦး လက်နက်မဲ့ အလင်းဝင်လာခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ လယ်မူးလားမြို့နယ်ထဲ စစ်တပ်ရဲ့ လေ့ကျင့်ရေးသင်တန်းကျောင်းကနေ အောက်တိုဘာလ (၅)ရက်နေ့က
မြန်မာသတင်း

ဒိုက်ဦးထောင်မှာ နိုင်/ကျဉ်း(၁၇)ဦး လူစုလူဝေးလုပ်တယ်ဆိုပြီး မတရား ဒေါက်ခတ်တိုက်ပိတ်ခံထားရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 11 ရက်
  • 42 Views
အောက်တိုဘာလ (၁၁)ရက်။ ‌ဒိုက်ဦးထောင်မှာ နိုင်ငံရေးအကျဉ်းသား (၁၇)ဦးကို ထောင်ထဲ လူစုလူဝေးပြုလုပ်တယ်ဆိုပြီး မတရား ဒေါက်ခတ်တိုက်ပိတ်ထားတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီနိုင်ငံရေးအကျဉ်းသား (၁၇)ဦးကို အောက်တိုဘာလ (၂)ရက်နေ့ကစပြီး (၅)ယောက်တစုနှုန်း လူခွဲကာ
မြန်မာသတင်း

ဘီးလင်းမြို့မှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် ကျောင်းသား (၅)ဦးသေဆုံးခဲ့ရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 11 ရက်
  • 37 Views
အောက်တိုဘာလ (၁၁)ရက်။ အောက်တိုဘာလ (၉)ရက်နေ့ ည(၈)နာရီကျော်အချိန်က ဘီးလင်းမြို့ ပျဉ်းမပင်ဆိပ်ရွာရှိ ကဘောယူပလောနေရာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၉)ရက်နေ့ ည(၈)နာရီ (၁၀)မိနစ်မှာ