နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 2 ရက်

မြန်မာသတင်း

မြန်မာသတင်း

သာယာဝတီခရိုင်တပ်ရင်းတွေမှာ တော်လှန်ရေးရဲဘော်အချင်းချင်း ဖမ်းဆီးသတ်ဖြတ်တာတွေရှိနေ

ဖေဖော်ဝါရီလ (၂၂) ရက်။

သာာယာဝတီခရိုင်တပ်ရင်းတွေမှာ တော်လှန်ရေးရဲဘော်တွေအချင်းချင်း အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်တာတွေ ရှိနေတယ်လို့ တပ်ရင်းတွေနဲ့ နီးစပ်သူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

“ ဖြစ်တာက ဖေဖော်ဝါရီ (၁၉) ရက်နေ့မှာပါ။ သာယာဝတီခရိုင်တပ်ရင်း (၃၈၀၁) က တပ်ရင်းမှူး မိုးကြိုးကြီးနဲ့ (၃၇၀၁) တပ်ရင်းမှူး ငြိမ်းချမ်းအောင်တို့က ရဲဘော် (၁၉) ဦးကို လက်ပြန်ကြိုးတုတ်ပြီး ဖမ်းသွားတာ။ အကြောင်းအရင်းလည်း သေချာမသိရဘူး” လို့ ဆိုပါတယ်။

ဖေဖော်ဝါရီလ (၁၉) ရက်နေ့က ရိုးမထဲရှိ ကွင်းချောင်းရွာ ဆယ်ပြားအနီးမှာ ခရိုင်တပ်ရင်း (၃၈၀၁) တပ်ရင်းမှူး မိုးကြိုးကြီးနဲ့ (၃၇၀၁)တပ်ရင်းမှူး ငြိမ်းချမ်းအောင်တိုက (၃၇၀၁) က တပ်ခွဲ(၂)ရဲ့ ခွဲမှူး စိုင်းနွံဖနဲ့ ဒုတပ်ခွဲမှူး ကိုပိုင် အပါအဝင် ရဲဘော်(၁၉) ဦးကို လက်ပြန်ကြိုးတုပ် ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

အခုလို ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး အသေးစိတ်အကြောင်းအရင်းကို မသိရသေးသလို (၄)ရက်ကြာတဲ့အထိ သတင်းအစအန မရရှိသေးပေမယ့် ဖမ်းဆီးခံရသူတွေထဲ ဒုတပ်ခွဲမှူး ကိုပိုင် ကျဆုံးခဲ့တယ်လို ကနဦးပြောဆိုချက်တွေအရ ဆိုပါတယ်။ ဒုတပ်ခွဲမှူး ကိုပိုင် ကျဆုံးမှုနဲ့ပတ်သက်ပြီး ခေတ်မျက်လုံးအနေနဲ့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

“ ဖမ်းသွားတဲ့အကြောင်းကို လိုက်မေးပေမယ့် အတိအကျမပြောနိုင်ဘဲ အထက်ကိုမေးခိုင်းလို့ လိုက်မေးတော့လဲ သေချာမပြောနိုင်ဘူး။ အခုထိလဲ သူတိုနဲ့ သတင်းမရသေးဘူး။ ဒါပေမယ့် တပ်ထဲက ရဲဘော်တယောက်ကတော့ ကိုပိုင်ကျသွားပြီဆိုပြီး ပြောတယ်၊ ကိုစိုင်းနွံဖကိုတော့ ရိုက်နှက်စစ်ဆေးနေတယ်” လို့ သူက ဆက်ပြောပါတယ်။

‌တော်လှန်ရေးရဲဘော်တွေကို ဖမ်းဆီးသွားခဲ့ တပ်ရင်းမှူး မိုးကြိုးကြီးဟာ ပြီးခဲ့တဲ့နှစ်တုန်းကလဲ သစ်ခုတ်သမား ပြည်သူ (၅) ဦးကို သတ်ဖြတ်ခဲ့ပြီးနောက် ဒလန်နဲ့ ပျူစောထီးလို့ဆိုကာ သတင်းထုတ်ပြီး နာမည်ယူကာ တပ်ရင်းမှူးအနေနဲ့ ရာထူးတိုးခဲ့‌တယ်လို့ ဆိုပါတယ်။

သစ်ခုတ်သမား အရပ်သားပြည်သူ (၅) ဦးရဲ့ ကျွဲတွေကို ကျန်ရစ်သူ မိသားစုတွေကို ပြန်မပေးဘဲ မိုးကြိုကြီးက ဘေးမဲ့ပေးလိုက်တယ်လို့ ပြောပြီး သစ်ဆွဲတဲ့နေရာမှာ အသုံးချနေတဲ့အတွက် ကျန်ရစ်သူမိသားစုတွေဟာ ပြန်မပြောရဲဘဲ ခေါင်းငုံ့ခံနေရပြီး စားဝတ်နေရေးခက်ခဲကာ အတိဒုက္ခရောက်နေရတယ်လို့ သိရပါတယ်။

မိုးကြိုးကြီး ကျူးလွန်ခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေကို တိုင်ကြားထားပေမယ့် အရေးယူတာမျိုးတွေမရှိတဲ့အပြင် ရင်းမှူးအဆင့်အထိ ရာထူးထပ်တိုးပေးတာတွေ ရှိခဲ့တာပါ။

ဒါ့အပြင် ပဲခူးတိုင်းထဲမှာ ခရိုင်တပ်ရင်း (၃၇၀၁) က နောင်နောင်၊ ဘလူးဘောက်၊ မိုးကြိုးကြီး၊ ငြိမ်းချမ်းအောင်နဲ့ ဦးတင်ဦးတိုဟာ တော်လှန်ရေးကို အကြောင်းပြပြီး သစ်ထုတ်ကာ စီးပွားရှာ ချယ်လှယ်နေသလို တော်လှန်ရေးကို နှောင့်ယှက်နေတယ်လို့ ပြောဆိုချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မင်းအောင်လှိုင်အပါ ဒုသမ္မတ (၃)ဦးကို အရည်အချင်းပြည့်မီတယ်ဆိုပြီး စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော် ကြေညာ

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 39 Views
ဧပြီလ (၂)ရက်။ ဒီကနေ့ ပြုလုပ်တဲ့ သမ္မတအရည်အချင်း စိစစ်ရေးကော်မတီရဲ့ ဒုသမ္မတ (၃)ဦးဟာ အရည်အချင်းကိုက်ညီတယ်ဆိုပြီး စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော်က ကြေညာခဲ့တယ်လို့
မြန်မာသတင်း

သံတွဲမြို့ ဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ ကလေးတွေအပါအဝင် မိသားစုလိုက် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 23 Views
စစ်ကော်မရှင်ရဲ့ တပ်ချုပ်သစ်လက်ထက် မိသားစုလိုက် စစ်ရာဇဝတ်မှုကျူးလွန်သတ်ဖြတ်ခံရတာလို့ AA ပြော ဧပြီလ (၂)ရက်။ မနေ့က နေ့လယ် (၁၁)နာရီကျော်အချိန်က သံတွဲမြို့ကို
မြန်မာသတင်း

“YDF နောက်ကွယ်က NUG ရဲ့ ခြေလှမ်းများ”

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 17 Views
၂၀၂၆ ခုနှစ် မတ်လအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ယောကာကွယ်ရေးတပ် YDF ရဲ့ သူ့တပ်ပြေးရာဇဝတ်သားတွေကို လိုက်လံနှိမ်နင်းမှုအပေါ် YDF က တော်လှန်ရေးတပ်ဖွဲ့ အချင်းချင်းအပေါ် သေနတ်ဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ယောကာကွယ်ရေးတပ်ကို ပုံမှားရိုက် နာမည်ဖျက်တိုက်ခိုက် ဘက်လိုက်ရေးသားမှုတွေကို သတင်းဌာနတချို့က
မြန်မာသတင်း

လယ်ဒိုမြို့ရှိ စစ်တပ်ဂိတ်စခန်းကို KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်ဖျက်ဆီးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 30 Views
ဧပြီလ (၁)ရက်။ မနေ့က ည (၁၀)နာရီခွဲအချိန်မှာ လယ်ဒိုမြို့ရှိ အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ KNLA ဦးဆောင်တဲ့ ပူးပေါင်းစစ်ကြောင်းက သာယာကုန်းနဲ့ ခြံကြီးကြား မီးရထားလမ်းက စစ်တပ်ဂိတ်စခန်းကို
မြန်မာသတင်း

AA ထိန်းချုပ်ထားတဲ့ သံတွဲမြို့ ငပလီကမ်းခြေကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 29 Views
ဧပြီလ (၁)ရက်။ ဒီကနေ့ နေ့လယ် (၁၂)နာရီအချိန်က သံတွဲမြို့ရှိ ငပလီကမ်းခြေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ ငပလီကမ်းခြေတလျှောက်ကို စကစက လေယာဉ် (၅)စီးလောက်နဲ့ ဆက်တိုက်ဗုံးလာကြဲသွားတာ။ အဲ့ဒီနေရာမှာ စစ်ရေးလှုပ်ရှားတာလဲမရှိဘဲ
မြန်မာသတင်း

သက်ငယ်မုဒိန်းမှုနဲ့ မြန်မာဘက် ထွက်ပြေးလာသူကို ထိုင်းဘက် NUG ပြန်လွှဲပြောင်းခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 32 Views
ဧပြီလ (၁)ရက်။ ထိုင်းနိုင်ငံထဲ ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်လာသူကို ထိုင်းအာဏာပိုင်တွေဆီ ပြန်လွဲပြောင်းပေးအပ်ခဲ့တယ်လို့ NUG လက်အောက်ခံ တနင်္သာရီတိုင်းစစ်ဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့နှစ် ဇွန်လပိုင်းက ထိုင်းနိုင်ငံ ဖက်ဘူရီခရိုင်မှာ နေထိုင်တဲ့ စောကဲလဲ (၃၇)နှစ်ဟာ
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးတာကို မင်းအောင်လှိုင် သက်သေပြဖို့ သားဖြစ်သူ တိုက်တွန်းထား

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 25 Views
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးတာကို မင်းအောင်လှိုင် သက်သေပြဖို့ သားဖြစ်သူ တိုက်တွန်းထား ဧပြီလ (၁)ရက်။ ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးတာကို သက်သေပြဖို့ သားဖြစ်သူ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက မင်းအောင်လှိုင်ကို တိုက်တွန်း ပြောဆို ထားတယ် လို့ သိရပါတယ်။
မြန်မာသတင်း

ပခုက္ကူခရိုင်ထဲ မိတ်ဖက်ပဋိပက္ခတွေကို ဆွေးနွေးအဖြေရှာဖို တော်လှန်ရေးအင်အားစုတွေ တိုက်တွန်း

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 29 Views
ဧပြီလ (၁)ရက်။ ပခုက္ကူခရိုင်ထဲ ဖြစ်ပွားနေတဲ့ မိတ်ဖက်ပဋိပက္ခကို ဆွေးနွေးအဖြေရှာဖို ဒေသထဲရှိ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်တိုက်တွန်းထားတယ်လို သိရပါတယ်။ ပခုက္ကူခရိုင်ထဲ သယံဇာတအရင်းအမြစ်နဲ့ပတ်သက်ပြီး တော်လှန်ရေးအင်အားစုတွေကြား ပွတ်တိုက်တာတွေ ဖြစ်ပွားနေတာကို ဝမ်းနည်းစွာ ကြားသိရတယ်လို ဆိုပါတယ်။ အဲ့ဒီဖြစ်ပွားနေတဲ့ မိတ်ဖက်ပဋိပက္ခဟာ