Breaking News:
Donate
Follow On:
နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 30 ရက်

မြန်မာသတင်း

မြန်မာသတင်း

တိုင်းရင်းသားတွေရဲ့ ဆန္ဒတွေကို လုပ်သင့်လုပ်ထိုက်တာတွေ ဆောင်ရွက်ပေးမယ်ဆိုပြီး စစ်ခေါင်းဆောင်ပြော

မတ်လ (၂၂)ရက်။

တိုင်းရင်းသားတွေရဲ့ ဆန္ဒတွေကို လုပ်သင့်လုပ်ထိုက်တာတွေ ဆောင်ရွက်ပေးမယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ ၂၀၂၅အလွန် ဗဟိုဝင်ရိုးကမ္ဘာ သုံးသပ်ဆွေး‌နွေးပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

အစိုးရအဆက်ဆက် ငြိမ်းချမ်းရေးကို ကြိုးစားတည်ဆောက်ခဲ့ပေမယ့် ပြည်ပက အားပေးလှုံ့ဆော်ပါဝင်စွက်ဖက်တာတွေကြောင့် လက်နက်ကိုင်ပဋိပက္ခတွေ အခုထိ ရှိနေတာလို့ ဆိုပါတယ်။

ဒီလိုအဖြစ်အပျက်တွေကြောင့် နိုင်ငံဟာ အခွင့်အလမ်းတွေရှိနေပေမယ့် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့ရတာဖြစ်တယ်လို့ သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

နောက်ပြီး တည်ငြိမ်အေးချမ်းမှသာ ပြည်ပကနေ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာမှာဖြစ်ပြီး အာမခံချက်တွေ ပေးနိုင်ဖို့လိုကာ နိုင်ငံရဲ့ GDP နဲ့ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာမယ်လို့ စစ်ခေါင်းဆောင်က ပြောဆိုထားပါတယ်။

ဒါ့အပြင် ပြည်သူတွေလိုလားပြီး နိုင်ငံရဲ့အခြေအနေနဲ့ ကိုက်ညီတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ဆက်လက်လျှောက်လှမ်းနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေတယ်ဆိုပြီးလဲ အသိပေးထားပါသေးတယ်။

နိုင်ငံအနှံ့ တိုက်ပွဲတွေဖြစ်နေပြီး တိုင်းရင်းသားဒေသတွေကို နေ့တိုင်းလိုလို ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ရှုံးစစ်ခေါင်းဆောင်ရဲ့ ပြောဆိုချက်ဟာ တကယ့်လက်တွေ့မှာတော့ ကွဲလွဲနေတယ်လို့ ပြောဆိုချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကန့်ဘလူမှာ စစ်ကောင်စီစစ်ကြောင်းကြောင့် ပြည်သူ (၁၀၀၀၀)ခန့် မိုးထဲရေထဲ စစ်ဘေးရှောင်နေရ

  • 2025 ခုနှစ်၊ မေလ 30 ရက်
  • 5 Views
မေလ (၃၀)ရက်။ ကန့်ဘလူမြို့နယ်ထဲ စစ်ကောင်စီစစ်ကြောင်းကြောင့် တိုက်နယ် (၂)ခုက ပြည်သူ (၁၀၀၀၀)ခန့် မိုးထဲရေထဲ စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံတွေရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

နိုင်ငံအနှံ့ ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်ခေါင်းဆောင်က အပစ်ရပ်ထားတဲ့အပေါ် လိုက်နာကြဖို့ဆိုပြီး တိုက်တွန်း

  • 2025 ခုနှစ်၊ မေလ 30 ရက်
  • 7 Views
မေလ (၃၀)ရက်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ အပစ်ရပ်ထားတဲ့အပေါ် လိုက်နာဖို့ မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ ငလျင်အတွက် အလှူငွေပေးအပ်ပွဲမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုက်တွန်းပြောဆိုခဲ့တယ်လို့
India မြန်မာသတင်း

အိန္ဒိယမှာ အထောက်အထားမရှိဘဲ ခရီးမသွားဖို့နဲ့ UN-Card အမြဲဆောင်ဖို့ သတိပေးတာတွေရှိ

  • 2025 ခုနှစ်၊ မေလ 29 ရက်
  • 16 Views
မေလ (၂၉)ရက်။ အိန္ဒိယမှာ အစိုးရအပြောင်းအလဲဖြစ်ပြီးနောက် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို ဖော်ထုတ်ပြီး နေရပ်ပြန်ပို့ဖို့ စီစဉ်နေတယ်လို့ India for Myanmar ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပါကစ္စတန်နဲ့ အိန္ဒိယအကြား ပဋိပက္ခဖြစ်ပြီးနောက် တရားမဝင်နေထိုင်တဲ့
မြန်မာသတင်း

ကော့ကရိတ်မြို့ရှိ စစ်ကောင်စီရဲ့ ကနဲလေးတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 29 ရက်
  • 16 Views
မေလ (၂၉)ရက်။ မနေ့က ညနေ (၆)နာရီအချိန် ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီရဲ့ ကနဲလေးတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကော့ကရိတ်မြို့နယ်ထဲမှာ အကြမ်းဖက်စစ်ကောင်စီက ဝင်ရောက်ကျူးကျော်တပ်စွဲထားတဲ့ ကနဲလေးတပ်စခန်းကို မနေ့က
မြန်မာသတင်း

မိုးကုတ်မှာ စစ်ကောင်စီရဲ့ စွန့်လွှတ်မိုင်းနင်းမိပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 29 ရက်
  • 6 Views
မေလ (၂၉)ရက်။ မေလ (၂၄)ရက်နေ့ ည (၁၀)နာရီအချိန်က စစ်ကောင်စီတပ်ရဲ့ မိုးကုတ်ဗျူဟာ လက်အောက်ခံတပ်ရင်း (၁၄၈)စခန်းဟောင်းအနီးမှာ အမျိုးသားတစ်ဦး မိုင်းနင်းမိခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အရင် စစ်ကောင်စီရဲ့
မြန်မာသတင်း

တော်လှန်ရေးကာလထဲ ပကဖရဲဘော် (၁၀၀၀)ကျော် ကျဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 29 ရက်
  • 9 Views
မေလ (၂၉)ရက်။ နွေဦးတော်လှန်ရေး (၄)နှစ်တာထဲ ပကဖရဲဘော် (၁၀၀၀)ကျော် ကျဆုံးခဲ့တယ်လို့ NUG သယံဇာတဝန်ကြီး ဒေါက်တာတူးခေါင်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ၂၀၂၄ တနှစ်ထဲမှာ တိုက်ပွဲထဲကျဆုံး ပကဖ (၂၀၀)ကျော်ရှိသလို၊ ၄
မြန်မာသတင်း

စစ်ကောင်စီရဲ့ ပစ်ခတ်တိုက်ခိုက်တဲ့အပေါ် အာဆီယံဦးဆောင်ပြီး စောင့်ကြည့်ထိန်းသိမ်းတဲ့ယန္တရားထားဖို့ NUG ပြော

  • 2025 ခုနှစ်၊ မေလ 29 ရက်
  • 21 Views
မေလ (၂၉)ရက်။ စစ်ကောင်စီရဲ့ ပစ်ခတ်တိုက်ခိုက်တာတွေအပေါ် အာဆီယံဦးဆောင်ကာ နိုင်ငံတကာကပါဝင်တဲ့ ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ထိန်းသိမ်းရေးယန္တရားမရှိရင် ပြည်သူတွေကို ကာကွယ်နိုင်မှာမဟုတ်ဘူးလို့ NUG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီဟာ အပစ်ရပ်ကြေညာထားတဲ့ ကာလမှာပဲ ပြည်သူတွေကို လေကြောင်းဗုံးကျဲတိုက်ခိုက်တာ၊
မြန်မာသတင်း

အခုလဆန်းပိုင်းကစပြီး ပြည်တွင်းမှာ ကိုဗစ်လူနာတွေ ပြန်လည်တွေ့ရှိလာ

  • 2025 ခုနှစ်၊ မေလ 28 ရက်
  • 16 Views
မေလ (၂၈)ရက်။ မေလဆန်းပိုင်းကစပြီး ပြည်တွင်းမှာ ကိုဗစ်(၁၉)ရောဂါ အတည်ပြုလူနာတွေ ပြန်လည်တွေ့ရှိလာခဲ့တယ်လို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြည်တွင်းမှာ ကိုဗစ်(၁၉)ရောဂါ ဖြစ်ပွားတာ အနည်းငယ် မြင့်တက်လာခဲ့ပေမယ့် အခုဖြစ်ပွားနေတဲ့ ကိုဗစ်(၁၉) အိုမီခရွန် ဗီဇပြောင်းမျိုးကွဲတွေဟာ