မတ်လ (၂၂)ရက်။
ရန်ကုန်တော်လှန်ညီနောင်(၄)ဖွဲ့(Yangon 4 Brothers)နဲ့ ရန်ကုန်ဒရုန်းတို့ လက်တွဲပြီး မဟာမိတ်တွေအနေနဲ့ ဖွဲ့စည်းဖို့ သဘောတူညီခဲ့ကြတယ်လို့ ဒီကနေ့မှာ အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။
Yangon 4 Brothers နဲ့ ရန်ကုန်ဒရုန်းတို့ဟာ တော်လှန်ရေးကာလထဲကနေ တော်လှန်ရေးပြီးမြောက်ချိန် ပြန်လည်ထူထောင်ရကာလအထိ အတူလက်တွဲသွားမယ့် မဟာမိတ်တွေအနေနဲ့ သဘောတူဖွဲ့စည်းခဲ့တာလို့ ဆိုပါတယ်။
နောက်ပြီး တော်လှန်ရေးကာလထဲမှာ တစ်ဦးပေါ်တစ်ဦး ဖေးမကူညီပြီး များစွာသော ပြည်သူ့အကျိုးတွေကို ထမ်းဆောင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
Yangon 4 Brothers မှာ Kyimyindaung Network-KMD18 ၊ Mayangone Democratic Front(MDF)၊ Linn Yaung Ni Youth Organization(LYNOO)နဲ့ Owl Community တို့ ပါဝင်ပါတယ်။
ရန်ကုန်မြို့ပြပြောက်ကျားအင်အားစုတွေအနေနဲ့ အခုလို မဟာမိတ် ဖွဲ့စည်းတာကို ဝမ်းမြောက်ဝမ်းသာစွာနဲ့ အခုထုတ်ပြန်ချက်ကို ထုတ်ပြန်တာလို့လဲ ပြောဆိုထားချက်အရ သိရပါတယ်။
