နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဩဂုတ်လ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီက အပစ်ရပ်ကာလကို အခုလကုန်အထိ ထပ်တိုး

ဧပြီလ (၂၂)ရက်။

စစ်ကောင်စီက အပစ်ရပ်ကာလကို အခု ဧပြီလ (၃၀)ရက်နေ့အထိ ထပ်မံတိုးမြှင့်လိုက်တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်ကိုင်းငလျင်ကြောင့် ထိခိုက်ခံစားခဲ့ရတဲ့ ဒေသတွေမှာ ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ဆိုပြီး ဧပြီလ (၂)ရက်နေ့ကနေ (၂၂)ရက်အထိ အပစ်ရပ်ခဲ့တာပါ။

ဒီကနေ့ စစ်ကောင်စီရဲ့ ထပ်မံထုတ်ပြန်ချက်မှာတော့ အဲ့ဒီကိစ္စရပ်တွေအပြင် နိုင်ငံ့အကျိုးစီးပွား၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ဖော်ဆောင်နိုင်ဖို့ ဧပြီလ (၂၃)ရက်ကနေ (၃၀)ရက်အထိ အပစ်ရပ်ကာလကို ထပ်မံတိုးမြှင့်တာလို့ ဆိုပါတယ်။

စစ်ကောင်စီက အပစ်ရပ်ကာလထဲ တပ်စခန်း‌တွေနဲ့ တပ်ဌာနချုပ်တွေကို တိုက်ခိုက်တာတွေအပါအဝင် အင်အားစုဆောင်းတာနဲ့ နယ်မြေချဲ့ထွင်တာတွေ မပြုလုပ်ဖို့ သတိပေးထားပါတယ်။

ထုတ်ပြန်သတိပေးထားတဲ့အချက်တွေကို ဆောင်ရွက်လာရင် လိုအပ်တဲ့ အရေးယူတုံ့ပြန်တာတွေ လုပ်ဆောင်သွားမယ်ဆိုပြီးလဲ ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ အပစ်ရပ်ကာလမှာ စစ်ကောင်စီက သူကိုယ်တိုင်ထုတ်ပြန်ထားတဲ့ အချက်တွေကို မလိုက်နာဘဲ မြေပြင်စစ်ကြောင်းထိုးတာ၊ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်တာတွေကြိ ဆက်တိုက် ပြုလုပ်ခဲ့ပါတယ်။

ဧပြီလ (၁)ရက်ကနေ (၂၂)ရက်အထိ နိုင်ငံတဝန်းမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သားပြည်သူတွေ (၄၉)ဦး သေဆုံးခဲ့ကာ စစ်ကိုင်းတိုင်းမှာ (၁၂)ဦးနဲ့ အများဆုံးဖြစ်တယ်လို့ AAPP ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရွေးကောက်ပွဲအတွက် အစည်းအ‌ဝေးလုပ်နေတဲ့ အုပ်ချုပ်ရေးမှူးရုံးကို လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဩဂုတ်လ 15 ရက်
  • 26 Views
ဩဂုတ်လ (၁၅)ရက်။ မနေ့က ည (၁၀)နာရီဝန်းကျင်ခန့်မှာ လှိုင်သာယာ (၁၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ မြို့ပြကြွက်ကွန်ယက်ရဲ့
မြန်မာသတင်း

မိုးကုတ်မြို့အရှေ့ပိုင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် (၅၀၀)ဗုံး ကြဲချ၊ ပြည်သူ (၈)ဦးသေဆုံးပြီး (၇)ဦး ဒဏ်ရာရရှိခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 15 ရက်
  • 28 Views
ဩဂုတ်လ (၁၅)ရက်။ မနေ့က ည (၈)နာရီခွဲအချိန်က မိုးကုတ်မြို့အရှေ့ပိုင်း၊ ရွှေကူရပ်ကွက်ရှိ လင်းရောင်ခြည်ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA
မြန်မာသတင်း

ရွေးကောက်ပွဲကတဆင့် ရည်မှန်းချက် (၃)ရပ်ကို အကောင်အထည်ဖော်ဖို့ တရုတ်က စစ်ကော်မရှင်ကိုပြော

  • 2025 ခုနှစ်၊ ဩဂုတ်လ 15 ရက်
  • 25 Views
ဩဂုတ်လ (၁၅)ရက်။ ရွေးကောက်ပွဲကတဆင့် ရည်မှန်းချက် (၃)ရပ်ကို အကောင်အထည်ဖော်ဖို့ မနေ့က ယူနန်ပြည်နယ် အန်းနင်မြို့မှာ စစ်ကော်မရှင်ဝန်ကြီး ဦးသန်းဆွေနဲ့ တွေ့ဆုံချိန် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ (၁၀)ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု
မြန်မာသတင်း

ရန်ကုန် မြောက်ဒဂုံရှိ ရွှေစင်အကယ်ဒမီရွှေဆိုင် ဓါးပြတိုက်ခံရ၊ ကျူးလွန်သူတစ်ဦးကို သေနတ်နဲ့အတူ ဖမ်းမိတယ်လို့ဆို

  • 2025 ခုနှစ်၊ ဩဂုတ်လ 15 ရက်
  • 20 Views
ဩဂုတ်လ (၁၄)ရက်။ ဒီကနေ့ နေ့လယ် (၁၂)နာရီကျော်အချိန်က ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ဦးဝိစာရလမ်းပေါ်ရှိ ရွှေစင်အကယ်ဒမီရွှေဆိုင် ဓါးပြတိုက်ခံခဲ့ရတယ်လို့ မြို့နေပြည်သူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ ကားတွေ ဆိုင်ကယ်တွေနဲ့ ရွှေဆိုင်ကိုလာပြီး ဓါးပြတိုက်တာ။ ဓါးပြတိုက်ခံရတဲ့ ရွှေစင်ရွှေဆိုင်ကလဲ ဦးဝိစာရလမ်းပေါ်မှာရှိတာ၊
မြန်မာသတင်း

ပြည်တွင်းစစ်ကြားကမေတ္တာရှင်ဆရာတော်အရှင်ဥာဏောဘာသ

  • 2025 ခုနှစ်၊ ဩဂုတ်လ 15 ရက်
  • 27 Views
ပြည်တွင်းစစ်ကြားကမေတ္တာရှင်ဆရာတော်အရှင်ဥာဏောဘာသ ဘုရားသုံးဆူဒေသမှာ၁၉၈၇ခုနှစ်လောက်ကစပြီးသီတင်းသုံးနေတဲ့ဆရာတော်အရှင်ဥာဏောဘာသရဲ့ပရဟိတ္တလုပ်ငန်းကနေစစ်ရှောင်ပြည်သူတွေကို ပါးစပ်ကမဟုတ် လက်တွေ့ကူညီ နေပုံတွေကိုကြည်နူးဝမ်းမြောက်စရာသာဓုခေါ်နိုင်ကြစေရန်တင်ပြပေးထားပါတယ် ဆရာတော်ဟာလူမျိုးဘာသာ အယုတ်အလတ် အမြတ်မ‌ရွေးကူညီနေတာကြောင့် ထိုင်းနိုင်ငံသားများကပါ လာရောက်လှူဒါန်းကြသလို လက်နက်ကိုင်အဖွဲ့အစည်းများ အားလုံးကလည်း ဆရာတော်ရဲ့မေတ္တာရိပ်မှာ ခိုလှုံကြပါတယ်။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့
မြန်မာသတင်း

ရေဖြူမြို့တိုက်ပွဲထဲ စစ်ကောင်စီတပ်ဘက်က အရာရှိတစ်ဦးအပါအဝင် (၁၄)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 14 ရက်
  • 29 Views
ဩဂုတ်လ (၁၄)ရက်။ မနေ့က ရေဖြူမြို့နယ် ကော့လှိုင်းရွာကို အင်အား (၁၅၀)ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေအကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ MSRF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က နံနက် (၁၁)နာရီမှာ
မြန်မာသတင်း

စစ်ကိုင်းငလျင်ကြောင့် အစိုးရကဏ္ဍပျက်စီးဆုံးရှုံးတာ ကျပ်(၄၇၀၀)ဘီလီယံကျော်ရှိတယ်လို့ဆို

  • 2025 ခုနှစ်၊ ဩဂုတ်လ 14 ရက်
  • 24 Views
ဩဂုတ်လ (၁၄)ရက်။ စစ်ကိုင်းငလျင်ကြောင့် အစိုးရကဏ္ဍပျက်စီးဆုံးရှုံးတာ ငွေကျပ် (၄၇၇၉)ဘီလီယံကျော်ဖြစ်တယ်ဆိုပြီး စစ်အုပ်စုရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီပျက်စီးဆုံးရှုံးတာတွေထဲ ဆည်မြောင်းတာတမံ၊ လမ်းတံတား၊ ပညာရေး၊ ကျန်းမာရေး၊ ရထားပို့ဆောင်ရေး၊ လျှပ်စစ်၊ စွမ်းအင်၊ ဆက်သွယ်ရေး၊ သာသနာရေး၊
မြန်မာသတင်း

တရုတ်က စစ်ကောင်စီကို စစ်လက်နက်ပစ္စည်းနဲ့ နည်းပညာတွေ ထောက်ပံ့ပေးနေ

  • 2025 ခုနှစ်၊ ဩဂုတ်လ 14 ရက်
  • 23 Views
ဩဂုတ်လ (၁၄)ရက်။ တရုတ်အစိုးရက စစ်ကောင်စီကို ခေတ်မှီ စစ်လက်နက်ပစ္စည်းတွေနဲ့ နည်းပညာတွေ ထောက်ပံ့ပေးနေတယ်လို့ တအာင်းအရပ်ဘက်အဖွဲ့ (၆)ဖွဲ့က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ တရုတ်အစိုးရက စစ်ကောင်စီနဲ့ပူးပေါင်းပြီး TNLA ထိန်းချုပ်ထားတဲ့ ဒေသတွေကို ပြန်ပေးဖို့ နိုင်ငံရေး၊