နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရန်သူ ပစ်မှတ်များကို အမှုန့်ဖြစ်သွားစေနိုင် မည်ဟု ပူတင်က ပြောသည့် တစ်စက္ကန့်လျှင် နှစ်မိုင်နှုန်းသွားသည့် စူပါဒုံးလက်နက်များ အတွက် ပြိုင်ဆိုင်မှု

BBC- ၂၀၂၅ခုနှစ်၊ သြဂုတ်လ ၂၂ရက်

ပေကျင်းရှိ စစ်ရေးပြကွင်း တစ်ခုတွင် ဆောင်းဦးရာသီနေရောင်ကို လင်းလက် တောက်ပ စေသော ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ ဒုံးကျည်များသည် ဧရာမ ဖုံးကွယ် ထားသော ကုန်တင်ကားကြီးတစ်စီးပေါ်မှ လူအုပ်ကြား ဖြည်းညှင်းစွာ ရွေ့လျားသွားခဲ့သည်။

အပ်ချွန်ချွန်ပုံစံ ၁၁ မီတာရှည်ပြီး ၁၅ တန်အလေးချိန်ရှိသောဒုံးတခုချင်းစီတွင် စာလုံးနှင့် ဂဏန်းများ- “ DF-17” ဟုရေးထိုးထားသည်။

တရုတ်နိုင်ငံသည် ၎င်း၏ ဒေါင်ဖန် (Dongfeng) အသံထက်မြန်သော ဒုံးကျည်လက်နက်များကို ကမ္ဘာသို့ ထုတ်ဖော်ပြသခဲ့သည်။

၎င်းသည် ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် အမျိုးသားနေ့ ချီတက်ပွဲ၌ ပြုလုပ်ခဲ့ပါသည်။ ဤလက်နက်များကို တီထွင်ထုတ်လုပ်နေပြီဖြစ်ကြောင်း အမေရိကန်က သိရှိထားပြီးဖြစ်သော်လည်း နောက်ပိုင်းတွင် တရုတ်က ၎င်းတို့ကို အဆင့်မြှင့်တင်ခြင်းနှင့် အတူ အရှိန်မြှင့်လုပ်ဆောင်လာခဲ့သည်။

၎င်းတို့၏ အမြန်နှုန်းနှင့် ထိန်းကျောင်းနိုင်မှုတို့ကြောင့် – အသံ၏ အမြန်နှုန်း ငါးဆထက်ပို၍ သွားလာနိုင်ပြီး စစ်ပွဲများတွင်ယခင်ကတိုက်ခိုက်သည့်ပုံစံကို ပြောင်းလဲစေနိုင်သည့် အတွက် ကြောင့် ၎င်းတို့သည် အလွန်ကြောက်မက်ဖွယ်ကောင်းသည့် လက်နက် တစ်ခု ဖြစ်သည်။

ထို့ကြောင့် ၎င်းတို့ကို ဖွံ့ဖြိုးအဆင့်မြှင်တင်လာခြင်းနှင့်ဆက်စပ်၍ ကမ္ဘာလုံးဆိုင်ရာပြိုင်ပွဲက အရှိန်တက်လာသည်။

“ဒါကနိုင်ငံများရှိ တာဝန်ယူထားသောသူများအကြား မြင်နေရသည့်ပေါ်ထွက်လာတဲ့ ပထဝီဝင်နိုင်ငံရေး ပြိုင်ဆိုင်မှုရဲ့ ကျယ်ပြန့်လာတဲ့ အစိတ်အပိုင်းတစ်ခုပါပဲ” ဟု ပထဝီနိုင်ငံရေး ဗြူဟာတွေးခေါ်ပညာရှင်များကောင်စီ (Council on Geostrategy Think Tank) မှ အမျိုးသားလုံခြုံရေး အရာရှိ ဝီလီယံဖရီးယာ(William Freer) က ပြောကြားခဲ့သည်။

“ဒါက စစ်အေးခေတ်ကတည်းက ကျွန်တော်တို့ မှာ မရှိခဲ့ဘူးတဲ့ အရာတစ်ခုပဲ”ဟုဆိုသည်။

နိုင်ငံတဝိုက်တွင် ရုရှားခြိမ်းခြောက်မှုကိုသတိထားပါ။

ရုရှားနှင့် တရုတ်တို့သည် အဆိုပါ လက်နက်များ ထုတ်လုပ်ရေး နှင့်ပတ်သက်လာလျှင် သူတို့လက်နက် သရုပ်ပြချီတက်ပွဲကလူအများ၏အာရုံစိုက်မှုကို ခိုးယူသွား ခဲ့သည့်အချက် ဖြစ်သည်။ “ တရုတ်အသံထက်မြန်တဲ့ အသံလှိုင်းအစီအစဉ်တွေက အထင်ကြီးလောက်စရာ ကောင်းပြီးစိုးရိမ်စရာကောင်းတယ် လို့ ကျွန်တော်ထင်ပါတယ်” လို့ မစ္စတာဖရီးယာ က ပြောသည်။

ဒါပေမယ့် သူက “ရုရှားတွေနဲ့ ပတ်သက်လာရင်၊ သူတို့ပြောနေတဲ့ ကိစ္စကို ပိုပြီးတော့ သတိထားသင့်တယ်” ဟု သူက ထပ်လောင်းပြောသည်။

၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် ရုရှားသည် ယူကရိန်းနိုင်ငံ၊ ဒနီပရို (Dnipro) ရှိ စက်မှုဇုန်တစ်ခုသို့ သူတို့ စမ်းသပ်ပစ်လွှတ်သည့် တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်ကို တိုက်ရိုက်စမ်းသပ်ကွင်းအဖြစ် အသုံးပြုခဲ့သည်။

မာ့ချ် ၁၁ (တနာရီ ၈,၄၃၉မိုင်နှုန်း) အမြန်နှုန်းဖြင့် ပျံသန်းသွားသည်ဟု ယူကရိန်းကပြောသည့် အဆိုပါ ဒုံးကျည်ကို ရုရှားလိုအပြာရောင်သစ်ပင်အမည် အိုရက်ရှနစ်ခ် (‘Oreshnik’)ဟု အမည်ပေးထားသည်။

အဆိုပါလက်နက်သည် မာ့ချ် ၁၀(Mach 10) အမြန်နှုန်းဖြင့် ခရီးဆက်ခဲ့ကြောင်း သမ္မတ ဗလာဒီမာပူတင်က ပြောကြားခဲ့သည်။

၎င်း၏ ထိပ်ဖူးသည် ၎င်း၏နောက်ဆုံးအဆင့် အောက်သို့ ဆင်းသက်စဉ်အတွင်း တမင်အစိတ်စိတ်အမြွှာမြွှာ ကွဲသွားကာ အမှီအခိုကင်းစွာ ပစ်မှတ်သတ်မှတ် ထားသည့် နေရာများကို သီးခြားကွဲပြားစွာတိုက်ခိုက် နိုင်ပြီး စစ်အေးခေတ်မှ ခေတ်စားလာသော နည်းစနစ်တစ်ခုဖြစ်သည်။

အထူးသဖြင့် အသံကျယ်ကျယ်မဟုတ်သော်လည်း သက်ရောက်မှုအချို့ရှိပါသည်-ထိပ်ဖူး ခြောက်ခုကို သီးခြားပစ်မှတ်များတွင်ဖြန့် ကြဲချသော်လည်း ၎င်းတို့သည် အားပျော့ သောကြောင့်၊ ရုရှား၏ ညစဉ်ညတိုင်း ယူကရိန်းမြို့များကို ဗုံးကြဲတိုက်ခိုက် ခြင်းလောက် ပျက်စီးမှုမှာ သိသိသာသာ ကြီးမားခြင်းမရှိပေ။

ဥရောပအတွက်၊ နေတိုးနိုင်ငံများအတွက် ငုပ်လျှိုးနေသောခြိမ်းခြောက်မှုသည် အဓိက အားဖြင့် ရုရှား၏ဒုံးကျည်စခန်းများဖြစ်ပြီး အချို့မှာ ရုရှား၏နယ်မြေ ကာလင်နင်ဂရက် (Kaliningrad) ဘောလ်တစ်ကမ်းရိုးတန်းတွင် တပ်စွဲထားသည်။ ပူတင်က ဒီတကြိမ် ပေါက်ကွဲစေတတ်သော ပစ္စည်းအပြည့်ဖြင့် ကိယက်ဗ်ကို တိုက်ခိုက်ရန် အမိန့်ပေးလျှင် မည်ကဲ့သို့ဖြစ်လာမည်နည်း?။

ရုရှားခေါင်းဆောင်က ဒီလက်နက်ဟာ အမြောက်အမြားထုတ်လုပ်နေပြီး ပစ်မှတ်တွေကို ဖုန်မှုန့်ဖြစ်အောင် တွန်းလှန်နိုင်တဲ့ စွမ်းရည်ရှိတယ်လို့ ပြောခဲ့သည်။

ရုရှားတွင် အသံထက်မြန်သော အမြန်နှုန်းဖြင့် သွားလာနိုင်သော အခြားသော ဒုံးကျည်များလည်း ရှိသည်။

ပူတင်သည် ၎င်းလေတပ်၏ ဒါးမြှောင်(Dagger)ဟုအဓိပ္ပါယ်ရသည့် ကင်ဇယ် (Kinzhal) ဒုံးကျည်များစွာကို ပြုလုပ်ခဲ့ပြီး ၎င်းတို့သည် အလွန်လျင်မြန်စွာ သွားနိုင်ပြီး ကြားဖြတ် တားဆီးရန် မဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။ ထိုအချိန်မှစ၍ ယူကရိန်းအတွင်းသို့ ၎င်းတို့ဒုံးကျဥ် အများအပြားကို ပစ်လွှတ် ခဲ့သည် – သို့သော် ကင်ဇယ် (Kinzhal) သည် အမှန်တကယ် အသံထက်မြန်သော ဒုံးမဟုတ်သဖြင့် အများအပြား ကြားဖြတ်ပစ်ချ ခံခဲ့ရ ကြောင်း ထွက်ပေါ်လာခဲ့သည်။

အနောက်နိုင်ငံများအတွက် စိုးရိမ်စရာမှာ ရုရှား၏ အလွန်လျင်မြန်ပြီး အလွန်အမင်း ထိန်းကျောင်းနိုင်သော အဗင်ဂရတ်(Avangard)ဒုံး ဖြစ်သည်။ အခြား ‘စူပါလက်နက်များ’ ဟုခေါ်သော အခြားလက်နက်ငါးမျိုးနှင့်အတူ ၂၀၁၈ ခုနှစ်တွင် ထုတ်ဖော်ပြသသည့် အခမ်းအနားတွင် ပူတင်က ၎င်းကို ရပ်တန့်၍မရနိုင်ကြောင်း ကြေညာခဲ့သည်။

ဒေါက်တာ ဆစ်ဟတ် ခရူရှယ်လ် (Sidharth Kaushal) က ၎င်း၏ အဓိကအခန်းကဏ္ဍမှာ အမေရိကန်၏ ဒုံးကျည်ကာကွယ်ရေးကို ကျော်လွှားနိုင်သည်ဟု အကြံပြုထားသည်။

“ ရုရှားနိုင်ငံ၏ လက်နက်တပ်ဆင်ရေး အစီအစဉ်များက Avangard ကဲ့သို့သော စနစ်အတွက် ၎င်း၏ ထုတ်လုပ်မှုစွမ်းရည်ကို ကန့်သတ်ထားသည်” ဟု ၎င်းက ငြင်းဆိုသည်။

အခြားနေရာများတွင်၊ အနောက်ပစိဖိတ်ဒေသတွင် မဟာဗျူဟာမြောက် စိုးမိုးရေး ပြိုင်ဆိုင်မှု သည် အမေရိကန်နှင့် တရုတ်တို့ကြား အရှိန်ပြင်းလာသဖြင့် တရုတ်၏ ပဲ့ထိန်းဒုံးကျည်များ ပြန့်နှံ့လာမှုသည် တောင်တရုတ်ပင်လယ်နှင့် ပြင်ပရှိ အမေရိကန် ရေတပ်စခန်းများတွင် ကြီးမားသော ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လာနိုင်သည်။

တရုတ်နိုင်ငံတွင် ကမ္ဘာပေါ်ရှိ အရှိန်အဟုန်ပြင်းသော အသံထက်မြန်သော လက်နက်များ ရှိသည်။ ၂၀၂၄ ခုနှစ်နှောင်းပိုင်းတွင် တရုတ်နိုင်ငံသည် ၎င်း၏နောက်ဆုံးပေါ် အသံထက် မြန်သော လေပျံဝဲယာဉ် GDF-600 ကို ထုတ်ဖော်ပြသခဲ့သည်။ အလေးချိန် ၁,၂၀၀ ကီလိုဂရမ် ရှိသော ခဲယမ်းမီးကျောက်များကို သယ်ဆောင်နိုင်ပြီး မာ့ချ် ၇ (Mach 7) ၏( တနာရီ ၅,၃၇၀ မိုင်နှုန်း) အမြန်နှုန်းအထိ ရောက်ရှိနိုင်သည်။

ရုရှား အိုရက်စ်နစ် ဒုံးမည်သို့အလုပ်လုပ်သည်ဆိုသည်ကို ပုံဖြင့်သရုပ်ဖော်ပြချက်

(၁) အိုရက်စ်နစ်(Oreshnik) သည် ဒုံးပျံအင်ဂျင်ကိုအသုံးပြုပြီး ပထမအဆင့် ဒုံးပျံအပိုင်းကိုဖြုတ်မချမှီ ကမ္ဘာ့လေထုအပေါ် လွှာ အထိတက်သွားစေသည် ။

(၂) သီးခြား ပစ်မှတ်များကိုပစ်မှတ် ထားနိုင်သော ပြန်လည်ဝင်ရောက်မှုယာဉ် (MIRV) တွင် (ဒုံးကျဥ်ထိပ်ဖူး) ခြောက်ခုပါဝင်ပြီး ထိုဒုံးတို့ကိုသယ်ဆောင်လာသော ယဥ်သည် ဒုတိယ အဆင့်တွင် ဒုံးကျဥ်များကို ပစ်မှတ်နေရာသို့အာကာသမှနေ၍ ဖြတ်သန်းဝင်ရောက် သွားလာကြသည်။

(၃) MIRV ကိုယ်ထည်ယဥ်သည် တွန်းကန်ပေးသည့်(thrusters) အရာသူ့ကိုယ်သူ နေရာချထားစေပြီး ထိပ်ဖူးတစ်ခုစီကို တိကျသောပစ်မှတ်တခုဆီသို့ ဦးတည်ရန် အသုံးပြုသည်။

(၄) MIRV ကိုယ်ထည်ယဥ်သည် ကမ္ဘာမြေပေါ်သို့ မကျဆင်းမီ သီးခြားပစ်မှတ်များကို ချိန်ရွယ်ထားသည့် ထိပ်ဖူးခြောက်ခုကို ပစ်လွှတ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပြည်သူ့အကျိုးကိုသာ ရှေးရှုဆောင်ရွက်ပေးနေတယ်ဆိုပြီး ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်ခေါင်းဆောင်ပြော

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 20 Views
ဇန်နဝါရီလ (၁၅)ရက်။ ပြည်သူ့အကျိုးကိုသာ ရှေးရှုပြီး ရည်မှန်းချက်ထား ဆောင်ရွက်ပေးနေတယ်လို့ ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့ ကယားပြည်နယ်နေ့မှာ ပေးပို့တဲ့သဝဏ်လွှာထဲ
မြန်မာသတင်း

ပျူစောထီးခေါင်းဆောင် သီတာယုမွန်ရဲ့ခင်ပွန်းကို မူးယစ်ဆေးဝါးတွေနဲ့အတူ PDF ဖမ်းမိ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 23 Views
ဇန်နဝါရီလ (၁၅)ရက်။ မနေ့က မြင်းခြံမြို့က ပျူစောထီးခေါင်းဆောင် သီတာယုမွန်ရဲ့ခင်ပွန်း စိန်လွင်ကို ဖမ်းဆီးရမိခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ပြည်ပသံရုံးတရုံးနဲ့ တွေ့ဆုံတာကြောင့် ဒေါ်သက်သက်ခိုင်နဲ့ ပါတီဝင်တဦးကို ဖမ်းဆီးတာလို့ စစ်တပ် ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 16 Views
ဇန်နဝါရီလ (၁၅)ရက်။ PPP ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်နဲ့ ပါတီဝင် ဒေါ်ထက်ထက်လှိုင်တို့ဟာ ပြည်ပသံရုံးတရုံးနဲ့ လျှို့ဝှက်စွာတွေ့ဆုံတာကြောင့် ဖမ်းဆီးတာဆိုပြီး စစ်တပ်ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်သက်သက်ခိုင်နဲ့ ဒေါ်ထက်ထက်လှိုင်တို့ဟာ ဒီဇင်ဘာလ (၁၈)ရက်နေ့က ဗဟန်းမြို့နယ် နတ်မောက်လမ်းရှိ
မြန်မာသတင်း

PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ကို စစ်တပ်က ဖမ်းဆီးစစ်ဆေးနေ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 35 Views
ဇန်နဝါရီလ (၁၄)ရက်။ မနေ့က ညနေပိုင်းအချိန်က ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ကို စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ ပါတီနဲ့နီးစပ်သူတွေထံက သိရပါတယ်။ “ ဒေါ်သက်သက်ခိုင်ကို စစ်တပ်က လာဖမ်းသွားတယ်ဆိုတာ ဟုတ်ပါတယ်။ မနေ့ ညနေကပဲ ဗဟန်းက သူ့ရဲ့နေအိမ်မှာ လာဖမ်းသွားတာ။
မြန်မာသတင်း

တနှစ်တာထဲ KNU တပ်မဟာ(၅)မှာ တိုက်ပွဲပေါင်း (၁၀၀၀)ကျော် ဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 25 Views
ဇန်နဝါရီလ (၁၄)ရက်။ ပြီးခဲ့တဲ့ (၁)နှစ်တာကာလထဲ KNU တပ်မဟာ(၅)မှာ စစ်တပ်နဲ့ တိုက်ပွဲပေါင်း (၁၁၁၃)ကြိမ် ဖြစ်ပွားခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေထဲ စစ်တပ်ဘက်က (၂၈၄)ဦးသေဆုံးပြီး (၄၅၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ သေဆုံးသူတွေထဲ G-3
မြန်မာသတင်း

PDF အပါအဝင် လက်နက်ကိုင်အဖွဲ့တွေ ဥပဒေဘောင်ထဲ ဝင်ရောက်ဖို့ဆိုပြီး စစ်ခေါင်းဆောင် ဖိတ်ခေါ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 26 Views
ဇန်နဝါရီလ (၁၄)ရက်။ PDF အပါအဝင် လက်နက်ကိုင်အဖွဲ့တွေ ဥပဒေဘောင်ထဲ ဝင်ရောက်ဖို့ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ လူငယ်ငြိမ်းချမ်းရေးဖိုရမ်မှာ ထပ်မံဖိတ်ခေါ်ခဲ့တယ်လို့ သိရပါတယ်။ ငြိမ်းချမ်းရေးဆိုတာဟာ တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်မှသာ ရရှိမှာဖြစ်တာကြောင့် ဖြစ်ချင်တာကို ပြောနေမယ့်အစား ဖြစ်သင့်တာကို
မြန်မာသတင်း

UDLA က NUG ဆီ ပြစ်တင်ရှုတ်ချလွှာတစောင် ပေးပို့ခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 13 ရက်
  • 49 Views
ဇန်နဝါရီလ (၁၃)ရက်။ ပြည်ထောင်စု ကာကွယ်ရေးနဲ့ လွတ်မြောက်ရေးမဟာမိတ်တပ်ပေါင်းစု(UDLA)က NUG ဆီ ပြစ်တင်ရှုတ်ချလွှာတစောင် ပေးပို့ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ UDLA က ပေးပို့တဲ့ ပြစ်တင်ရှုတ်ချလွှာမှာ အချက် (၄)ချက်နဲ့ ဖော်ပြထားပြီး NUG
မြန်မာသတင်း

ရက်မြို့ကို မဲပုံးတွေလာပို့တဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၄)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 13 ရက်
  • 37 Views
ဇန်နဝါရီလ (၁၃)ရက်။ မနေ့က နံနက် (၁၁)နာရီကျော်အချိန်က သရက်မြို့ကို မဲပုံးတွေလာပို့တဲ့ အင်အား (၂၅၀)ခန့်ပါ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင် အမှတ်(၄)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မင်းတုန်းမြို့ကနေ သရက်မြို့ကို မဲပုံးတွေလာပို့တဲ့