နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

မိုးကုတ်မြို့ရှိ ဖူဆယ်ကွင်း လေကြောင်းဗုံးကြဲခံရပြီး ကလေးငယ်(၃)ဦးသေဆုံးကာ (၁၂)ဦးဒဏ်ရာရခဲ့

အောက်တိုဘာလ (၂၂)ရက်။

မနေ့က နေ့လယ် (၃)နာရီဝန်းကျင်က မိုးကုတ်မြို့ ကန့်တောရပ်ကွက်ရှိ ကန်သုံးလုံးဖူဆယ်ကွင်းကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ မိုးကုတ်က ဖူဆယ်ကွင်းကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင် (၂၅၀)ဗုံး (၂)လုံး လာကြဲသွားတာ။ ကလေးတွေအပါအဝင် ပြည်သူတွေ ထိခိုက်သေဆုံးခဲ့တယ်” လို့ ဆိုပါတယ်။

စစ်တပ်ဟာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ မိုးကုတ်မြို့ရှိ ဖူဆယ်ကွင်းကို ဂျက်ဖိုက်တာနဲ့ ပေါင်(၂၅၀)ဗုံး (၂)လုံး ကြဲချခဲ့တာဖြစ်ပြီး အသက် (၆)နှစ်အရွယ်၊ (၁၀)နှစ်အရွယ်နဲ့ (၁၂)နှစ်အရွယ် ကလေး(၃)ဦး သေဆုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး အဲ့ဒီဖြစ်စဉ်ထဲ ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူ (၁၂)ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ် (၁၁)လုံးနဲ့ ဖူဆယ်ဘောလုံးကွင်း ထိမှန်ပျက်စီးခဲ့တယ်လို့ ရေးသားထားပါတယ်။

စစ်တပ်ဟာ အခုလထဲ TNLA ထိန်းချုပ်ထားတဲ့ မြို့တွေကို လေကြောင်းကနေ (၃၁)ကြိမ်အထိ ကြဲချခဲ့ကာ ကလေးငယ်တွေအပါအဝင် ပြည်သူ (၄၀)ကျော် သေဆုံးပြီး (၅၀)နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်တပ်ဟာ တအာင်းပြည်ထဲသာမက တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ နေရာတွေကို လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်းတို့နဲ့ ပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုကျူးလွန်နေတယ်လို့ TNLA က ပြောဆိုထားပါတယ်။

ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးသတိ အမြဲရှိဖို့နဲ့ လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေ လိုက်နာဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်အုပ်စုက နျူကလီးယားလက်နက်ပိုင်တဲ့ နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့အပေါ် စိုးရိမ်မိတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

  • 2025 ခုနှစ်၊ အောက်တိုဘာလ 22 ရက်
  • 15 Views
အောက်တိုဘာလ (၂၂)ရက်။ စစ်အုပ်စုက နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံတနိုင်ငံနဲ့ ပူးပေါင်းကာ “ နျူကလီးယားစွမ်းအင်အစီအစဉ်” ဆိုပြီး လုပ်ဆောင်နေတဲ့အပေါ် စိုးရိမ်မိတယ်လို့ မြန်မာသံအမတ်ကြီး
မြန်မာသတင်း

လှိုင်သာယာရှိ သောင်ကြီးရဲစခန်း လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 22 ရက်
  • 14 Views
အောက်တိုဘာလ (၂၂)ရက်။ မနေ့က ည (၉)နာရီ (၄၈)မိနစ်အချိန်က လှိုင်သာယာမြို့အနောက်ပိုင်း စစ်တပ်ရဲ့ သောင်ကြီးရဲစခန်းကို လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ Operation
မြန်မာသတင်း

စစ်တောင်းမြစ်အရှေ့ဘက် ရွာသစ်ရွာရှိ စစ်တပ်စခန်းတွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 22 ရက်
  • 12 Views
တိုက်ပွဲထဲ စစ်တပ်ဘက်က ဒုဗိုလ်မှူးကြီးအပါ (၁၅)ဦးသေဆုံးခဲ့ အောက်တိုဘာလ (၂၂)ရက်။ အောက်တိုဘာလ (၂၀)ရက်နေ့က စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ရွာသစ်ရွာရှိ စစ်တပ်ရဲ့ အထိုင်စခန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ နေပြည်တော်-PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရွာသစ်ရွာမှာ
မြန်မာသတင်း

စစ်ကော်မရှင်ခန့် ဝန်ကြီးချုပ်တွေ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီကနေ ဝင်ပြိုင်ဖို့ရှိနေ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 21 ရက်
  • 44 Views
အောက်တိုဘာလ (၂၁)ရက်။ အခုနှစ်ကုန်ကျင်းပမယ့် ရွေးကောက်ပွဲမှာ စစ်ကော်မရှင်ခန့် တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေ ကြံ့ခိုင်ရေးပါတီကနေ ဝင်ပြိုင်သွားဖို့ရှိတယ်လို့ စစ်တပ်လော်ဘီချန်နယ်တွေထံက သိရပါတယ်။ “ အခုလောလောဆယ်အထိ သိရသေးတာက ကချင်၊ ပဲခူးနဲ့ ဧရာဝတီတို့က စကမခန့် ဝန်ကြီးချုပ်တွေက ရွေးကောက်ပွဲကို ကြံ့ခိုင်ရေးပါတီကနေ
မြန်မာသတင်း

တန့်ဆည်နယ်ဘက်ကနေ တပ်ပြန်ခေါက်လာတဲ့ စစ်တပ်နဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်း တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 21 ရက်
  • 42 Views
အောက်တိုဘာလ (၂၁)ရက်။ မနေ့က နံနက် (၉)နာရီခွဲအချိန်မှာ တန့်ဆည်နယ်ဘက်ကနေ တပ်ပြန်ခေါက်လာတဲ့ စစ်တပ်နဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ ရေဦးမြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ တန့်ဆည်နယ် အက်တောနဲ့ သဲကုန်းကနေ ကန့်ဘလူနယ်
မြန်မာသတင်း

မင်းလှတိုက်ပွဲထဲ အင်အားမမျှတာကြောင့် PDF ဒုတပ်ခွဲမှူး အသေခံဗုံးခွဲပြီး ကျဆုံးခဲ့ရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 21 ရက်
  • 31 Views
အောက်တိုဘာလ (၂၁)ရက်။ အောက်တိုဘာလ (၁၆)ရက်နေ့ နေ့လယ် (၃)နာရီခွဲအချိန်က မင်းလှမြို့ လက်ပံတံခါးရွာရှိ သရက်အုပ်လမ်းခွဲမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်တပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ ဒုခွဲမှူးဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် (၅)ဦးက ကင်းပတ်တာ၊ ဒီလိုဖြစ်မယ်လို့လဲ
မြန်မာသတင်း

မိုင်းငေါ့မြို့ မြို့မဈေး လေကြောင်းဗုံးကြဲခံရကာ ဒေသခံသားအမိ(၂)ဦး သေဆုံးခဲ့ရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 21 ရက်
  • 28 Views
အောက်တိုဘာလ (၂၁)ရက်။ မနေ့က ည (၈)နာရီကျော်အချိန် မိုင်းငေါ့မြို့ရှိ မြို့မဈေးကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ “ လေကြောင်းဗုံးကြဲတာက မြို့မဈေးတန်းကိုကျတာ။ ဈေးထဲမှာလဲ မီးလောင်သွားတာရှိတယ်။ အဲ့ဒီဈေးတန်းရပ်မှာနေတဲ့ သားအမိ(၂)ဦး
မြန်မာသတင်း

ဒီပဲယင်းနယ်ထဲ လေကြောင်းရန်ကြောင့် ပွဲလမ်းသဘင်တွေမှာ ဖျော်ဖြေရေးမလုပ်ဖို့ မြို့နယ်ပအဖ ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 21 ရက်
  • 48 Views
အောက်တိုဘာလ (၂၀)ရက်။ အခုလဆန်းပိုင်းကစပြီး ဒီပဲယင်းနယ်ထဲ စစ်တပ်ရဲ့ လေကြောင်းရန်ကြောင့် ပွဲလမ်းသဘင်တွေမှာ ဖျော်ဖြေရေးတွေ မထည့်ကြဖို့ မြို့နယ်ပအဖက ထုတ်ပြန်ကြေညာထားတယ်လို့ သိရပါတယ်။ အခုကာလထဲ စစ်တပ်ဟာ ပြည်သူတွေ စုဝေးတဲ့နေရာတွေကို ပစ်မှတ်ထားပြီး စက်တပ်လေထီးတွေ၊ ဂျက်ဖိုက်တာတွေနဲ့ လေကြောင်းတိုက်ခိုက်တာတွေကို