ပေါက်နဲ့ မြိုင်နယ်အစပ်ကို ဗုံးကြဲပြီးပြန်လာတဲ့ စစ်တပ်ရဲ့ စက်တပ်လေထီးတစီး ပျက်ကျ
နိုဝင်ဘာလ (၂၂)ရက်။
ဒီကနေ့ ညနေ (၅)နာရီ (၂၀)မိနစ်အချိန်က ပေါက်မြိုနဲ့ မြိုင်မြိုနယ်အစပ် စစ်တပ်ရဲ့ စက်တပ်လေထီးတစီး ပျက်ကျခဲ့တယ်လို အညာမြေ အရပ်ဖက်လူမှုအဖွဲအစည်း-မြိုင်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ပခုက္ကူတပ်မ(၁၀၁)ကနေ တက်လာပြီး ပေါက်နဲ့ မြိုင်နယ်အစပ်ကို ဗုံးကြဲပြီး အပြန်မှာ စက်တပ်လေထီး (၂)စီးထဲက တစ်စီး ပျက်ကျသွားတာ၊ ဒါက ပြည်သူ့ကျိန်စာသင့်ပြီး ပျက်ကျတာ” လို ဆိုပါတယ်။
ပခုက္ကူရှိ တပ်မ(၁၁)ကနေ တက်လာတဲ့ စက်တပ်လေထီး (၂)စီးဟာ ပေါက်နယ်နဲ့ မြိုင်နယ်အစပ်ကို ဗုံးကြဲပြီး အပြန်မှာ တစီးပျက်ကျတာဖြစ်တယ်လို ဖော်ပြထားပါတယ်။
စစ်တပ်ရဲ့ စက်တပ်လေထီး ပျက်ကျခဲ့တဲ့နေရာကှိတော့ အညာမြေ အရပ်ဖက်လူမှုအဖွဲအစည်း-မြိုင်က ပြည်သူတွေရဲ့ လုံခြုံရေးကြောင့် ထည့်သွင်းပြောဆိုထားတာ မရှိပါဘူး။
ဒါ့အပြင် ပျက်ကျခဲ့တဲ့ စက်တပ်လေထကို တော်လှန်ရေးတပ်ဖွဲတွေက ရွှေ့ပြောင်းသယ်ဆောင်ကာ သိမ်းယူခဲ့ပြီး စစ်သားတွေ သေဆုံးခဲ့တယ်လို ဒေသထဲ သတင်းရင်းမြစ်တွေက ရေးသားထားကြပါတယ်။
အခုလို စက်တပ်လေထီး ပျက်ကျခဲ့တာနဲ့ပတ်သက်ပြီး မြိုင်ပကဖဘက်ကလဲ အတည်ပြုထားကာ မြိုင်နဲ့ ပေါက်ပကဖအပါအဝင် MDY-PDF စုပေါင်းတပ်တွေရဲ့ ပစ်ခတ်တာကြောင့် ပျက်ကြခဲ့တာလို ထုတ်ပြန်ထားချက်အရ သိရပါတယ်။







