ဒီဇင်ဘာလ (၂၂)ရက်။
ကရင်နီပြည်နယ်ထဲ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကိုဝင်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေကို ကရင်နီအမျိုးသားသစ္စာဖောက်အနေနဲ့ သတ်မှတ်တယ်လို့ ကရင်နီပြည်လူငယ်အင်အားစုက မနေ့က ထုတ်ပြန်ကြေညာခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ကရင်နီပြည်လူငယ်ထုကိုယ်စားလှယ်တွေ ဦးဆောင်ပြီး ကရင်နီပြည် မြေပြင်တနေရာမှာ တွေ့ဆုံနှီးနှောဖလှယ်ပွဲ ကျင်းပကာ သဘောထားထုတ်ပြန်ခဲ့တာပါ။
အံ့ဒီထုတ်ပြန်ချက်ထဲ ကရင်နီပြည် ပြည်နယ်တထပ်ထဲဖြစ်ဖို့နဲ့ အစိုးရတခုထဲဖြစ်ဖို့ကို ကရင်နီပြည်လူငယ်ထုအားလုံးက သဘောတူလက်ခံပြီး သက်ဆိုင်ရာတော်လှန်ရေးအဖွဲ့တွေက အမြန်ဆုံးအကောင်အထည်ဖော်ဖို့ တိုက်တွန်းထားပါတယ်။
နောက်ပြီး ကရင်နီပြည်ရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေနဲ့ တရားစီရင်ရေး စတဲ့ မဏ္ဍိုင်တွေမှာ လူငယ်တွေ ပါဝင်ဆုံးဖြတ်နိုင်တဲ့ အခင်းအကျင်းကို သက်ဆိုင်ရာအစုအဖွဲ့တွေက အထူးအစီအမံအနေနဲ့ ထားရှိဖို့ ဆိုပါတယ်။
ဒါ့အပြင် စစ်တပ်ပြုလုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲကို ကရင်နီပြည်လူငယ်ထုအနေနဲ့ လုံးဝကန့်ကွက်ရှုတ်ချပြီး လူထုအာလုံးက အဲ့ဒီးရွေးကောက်ပွဲကို ပူးပေါင်းဆောင်ရွက်တာမပြုဖို့ ထည့်သွင်းတိုက်တွန်းထားပါတယ်။
တွေ့ဆုံနှီးနှောဖလှယ်ပွဲကို (၃)ရက်ကြာ ကျင်းပခဲ့ပြီး ကရင်နီပြည်ရဲ့ နိုင်ငံရေး၊ စစ်ရေးအခြေအနေကို သုံးသပ်ဆွေးနွေးတာ၊ ဒေသအလိုက် လူငယ်အခြေအနေကို သုံးသပ်တာ၊ လူငယ်ရေးရာမူဝါဒ ဆွေးနွေးတာနဲ့ ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်တာတို့ကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။








