နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 14 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြန်မာမှာ ရင်းနှီးမြှုပ်နှံမှုတွေ ဆောင်ရွက်သွားဖို့ အသင့်ရှိတယ်လို့ ရုရှားပြော

ဖေဖော်ဝါရီလ (၂၃)ရက်။

မနေ့က နေပြည်တော်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ရုရှားစီးပွားရေးဝန်ကြီး H.E Mr. Maxim RESHETNIKOV တို့ တွေ့ဆုံခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

တွေ့ဆုံပွဲထဲ ရုရှားစီးပွားရေးဝန်ကြီးက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်သွားမယ့်အကြောင်းအပါအဝင် စီမံကိန်းတွေ ဆောင်ရွက်ရာမှာ ကျွမ်းကျင်လုပ်သားတွေ ခေါ်ယူသွားဖို့ ကိစ္စတွေကို ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ လျှပ်စစ်ဓါတ်အားထုတ်လုပ်ဖို့၊ ဓါတ်မြေဩဇာ ထုတ်လုပ်ဖို့နဲ့ ရေနံနဲ့ ဓါတုထုတ်ကုန်ပစ္စည်းတွေ ထုတ်လုပ်ဖို့တို့မှာ ရင်းနှီးမြှုပ်နှံဖို့ အသင့်ရှိတယ်လို့ ရုရှားစီးပွား‌ရေးဝန်ကြီးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် တွေ့ဆုံပွဲထဲ နှစ်နိုင်ငံကြား စီးပွားရေးနယ်ပယ်ပေါင်းစုံမှာ ပူးပေါင်းဆောင်ရွက်တာတွေ ဆက်လက်တိုးမြှင့်သွားမယ့်အခြေအနေနဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်တာတွေကို တိုးမြှင့်ဖို့ ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နှစ်နိုင်ငံတွေ့ဆုံပွဲကို စစ်ကောင်စီဘက်က စစ်ကောင်စီတွဲဖက်အတွင်းရေးမှူး ရဲဝင်းဦး၊ ဗဟိုဘဏ်ဥက္ကဋ္ဌနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်အုပ်စုရဲ့ NCA အခမ်းအနားကို မတက်ဖို နိုင်ငံတကာကို အပစ်ရပ်လက်မှတ်ထိုးခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ (၆)ဖွဲ တိုက်တွန်း

  • 2025 ခုနှစ်၊ အောက်တိုဘာလ 13 ရက်
  • 48 Views
အောက်တိုဘာလ (၁၃)ရက်။ စစ်အုပ်စုရဲ့ NCA အခမ်းအနားကို မတက်ရောက်ဖို ကုလသမဂ္ဂ၊ အာဆီယံနဲ့ နိုင်ငံတကာသံတမန်တွေကို အပစ်ရပ်လက်မှတ်ရေးထိုးခဲ့တဲ့ KNU၊ CNF၊
မြန်မာသတင်း

မိတ္ထီလာမှာ ကင်းလှည့်နေတဲ့ ရဲကားတစီး လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခံရပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 13 ရက်
  • 20 Views
အောက်တိုဘာလ (၁၃)ရက်။ မနေ့က နံနက် (၁)နာရီကျော်အချိန်က မိတ္ထီလာမြိုအနောက်ဘက်ကနေ ကင်းလှည့်ပြီးပြန်လာတဲ့ ရဲကားကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို Satan UG
မြန်မာသတင်း

TNLA ထိန်းချုပ်ထားတဲ့ မိုင်းလုံမြိုကို စစ်တပ်က (၂)ရက်ဆက်တိုက် လေကြောင်းဗုံးကြဲ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 13 ရက်
  • 23 Views
အောက်တိုဘာလ (၁၃)ရက်။ ပြီးခဲ့တဲ့ (၂)ရက်တာထဲ မိုင်းလုံမြိုနယ်ကို စစ်တပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၅)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို TNLA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အောက်တိုဘာလ (၁၁)ရက်နေ့ နေ့လယ် (၁)နာရီခွဲအချိန်က
မြန်မာသတင်း

စဉ့်ကူးမြိုမှာ ပြည်သူနဲ့ ပြဿနာအချေအတင်ဖြစ်တဲ့ ရဲဘော်တွေကို အရေးယူမယ်လိုဆို

  • 2025 ခုနှစ်၊ အောက်တိုဘာလ 13 ရက်
  • 22 Views
အောက်တိုဘာလ (၁၃)ရက်။ စဉ့်ကူးမြိုနယ်မှာ Starlink Internet နဲ့ပတ်သက်ပြီး ပြည်သူနဲ့ ပြဿနာ အချေအတင်ဖြစ်တဲ့ ရဲဘော်တွေကို အရေးယူသွားမယ်လို NUG မြိုနယ်အရေးပေါ်အုပ်ချုပ်ရေးအဖွဲရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်ဟာ အောက်တိုဘာလ (၁၁)ရက်နေ့က စဉ့်ကူးမြိုနယ်ရှိ
မြန်မာသတင်း

ခေတ်မျက်လုံးရဲ့ အပတ်စဥ် နိုင်ငံ‌ရေးဖြစ်စဥ်များကိုဆွေးနွေးတင်ပြခြင်း (၁၆)

  • 2025 ခုနှစ်၊ အောက်တိုဘာလ 12 ရက်
  • 42 Views
+++++++++++++++++++++++++++++++++++++++++++ ဒီအပတ်ခေါင်းစဥ်ကတော့ “လျှို့ဝှက်မှုမဲ့တဲ့လွင်ကိုလတ် မဲစာရင်းအမှားများနဲ့ဘူးလက် အာဆီယံအတွက် NUG ရဲ့ကြိုးပမ်းချက်” တို့ဖြစ်ပါတယ်။ ဒီအပတ် အောက်တိုဘာလ ၁၂ရက်နေ့ မှာ ပစ်မှတ်ဆိုင်ရာ အထူး ထောက်လှမ်းရေး သင်တန်းကို (လွင်ကိုလတ်)က အွန်လိုင်းကနေ သင်တန်းပေးမှာ ဖြစ်သင့်သလားဆိုတာနဲ့
မြန်မာသတင်း

တိုင်းဗဟိုသင်တန်းကျောင်းက စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ အလင်းဝင်လာတယ်လို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 11 ရက်
  • 60 Views
အောက်တိုဘာလ (၁၁)ရက်။ အခုလထဲ စစ်တပ်ရဲ့ တိုင်းဗဟိုအမှတ်(၁၂) လေ့ကျင့်ရေးသင်တန်းကျောင်းက တပ်သား (၄)ဦး လက်နက်မဲ့ အလင်းဝင်လာခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ လယ်မူးလားမြို့နယ်ထဲ စစ်တပ်ရဲ့ လေ့ကျင့်ရေးသင်တန်းကျောင်းကနေ အောက်တိုဘာလ (၅)ရက်နေ့က
မြန်မာသတင်း

ဒိုက်ဦးထောင်မှာ နိုင်/ကျဉ်း(၁၇)ဦး လူစုလူဝေးလုပ်တယ်ဆိုပြီး မတရား ဒေါက်ခတ်တိုက်ပိတ်ခံထားရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 11 ရက်
  • 42 Views
အောက်တိုဘာလ (၁၁)ရက်။ ‌ဒိုက်ဦးထောင်မှာ နိုင်ငံရေးအကျဉ်းသား (၁၇)ဦးကို ထောင်ထဲ လူစုလူဝေးပြုလုပ်တယ်ဆိုပြီး မတရား ဒေါက်ခတ်တိုက်ပိတ်ထားတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီနိုင်ငံရေးအကျဉ်းသား (၁၇)ဦးကို အောက်တိုဘာလ (၂)ရက်နေ့ကစပြီး (၅)ယောက်တစုနှုန်း လူခွဲကာ
မြန်မာသတင်း

ဘီးလင်းမြို့မှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် ကျောင်းသား (၅)ဦးသေဆုံးခဲ့ရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 11 ရက်
  • 37 Views
အောက်တိုဘာလ (၁၁)ရက်။ အောက်တိုဘာလ (၉)ရက်နေ့ ည(၈)နာရီကျော်အချိန်က ဘီးလင်းမြို့ ပျဉ်းမပင်ဆိပ်ရွာရှိ ကဘောယူပလောနေရာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၉)ရက်နေ့ ည(၈)နာရီ (၁၀)မိနစ်မှာ