နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း အယ်ဒီတာ့အာဘော်

လားရှိုး ပြန်ရတာ ဂုဏ်ယူစရာလား။

ခေတ်မျက်လုံးအယ်ဒီတာ့အာဘော်

စစ်ကောင်စီက စစ်ရှုံးလာတဲ့အခါ တရုတ်အားကိုးနဲ့ ဖိအားတွေပေးပြီး MNDAA ကို လားရှိုးကနေ ပြန်ဆုတ်ခိုင်းလို့ ဆုတ်ပေးလိုက်ရတယ်။ မင်းအောင်လှိုင်တပ်တွေက ပြန်တိုက်မယူရဘဲနဲ့ လားရှိုးမြို့ကိုပြန်ရတယ်။ ဒီလိုပြန်ရတာ ကိုယ့်စစ်တပ်ရဲ့တိုက်ရည် ခိုက်ရည်ကြောင့် မဟုတ်ဘဲ တရုတ်အားကိုးနဲ့ပြန်ရတာကြောင့် ဂုဏ်ယူစရာထက် ရှက်စရာကောင်းသလို မြန်မာ့နိုင်ငံရေးနဲ့ မြန်မာ့အချုပ်အခြာအာဏာဆိုတာ တရုတ်အားကိုးမှရပ်တည်နိုင်သလို တရုတ်သြဇာလွှမ်းမိုးမှုအောက်မှာ မြန်မာစစ်တပ် ဒူးထောက်လိုက်ရတဲ့ ထင်ရှားတဲ့သက်သေပြချက်တစ်ခု ဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ တရုတ်စောင့်ကြည့်ရေးအဖွဲ့က လာရှိုးမှာ ရုံးထိုင်ပြီး ကြီးကြပ်ပေးမှာဖြစ်သလို သူတို့သြဇာသက်ရောက်မှုအောက်မှာ လှုပ်ရှားနေရတဲ့ MNDAAနဲ့ ဝတပ် UWSA တို့က လားရှိုးမြို့ပြင်ကနေ စကစတပ်ကို အုပ်ချုပ်နိုင်ဖို့ စောင့်ကြပ်ပေးရမှာဆိုတော့ လားရှိုးမြို့ကြီးဟာ တရုတ်ကြီးကြပ်မှုအောက်မှာ အတော်လုံခြုံသွားလို့ တရုတ်ကို ဆက်ပြီးကြီးကြပ်ခိုင်းဖို့ ဖြစ်လာနိုင်ပါတယ်။ တနည်းပြောရရင် တရုတ်ကို ပေးလိုက်တာပေါ့။

“ ဝ” ကတော့ စကစအုပ်ချုပ်ထားတဲ့သူ့နယ်မြေတွေကို တရားဝင်ပြန်ရတဲ့အပြင် ရှမ်းတောင်က ထိုင်းနိုင်ငံနဲ့ ထိစပ်နေတဲ့ လွယ်လင် (Loi Lan) တောင်တန်းကို ဗိုလ်ခင်ညွန့်လက်ထက်က ပေးထားလို့ ရယူထားပြီးဖြစ်တဲ့အတွက် ရှမ်းနယ်တွေကိုပါ တိုးချဲ့ရထားနိုင်တဲ့အတွက် စစ်မတိုက်ဘဲ အမြတ်အထွက်ဆုံးဖြစ်ပါတယ်။

MNDAA နဲ့ UWSA တို့က တရုတ်ဆီက လက်နက်ခဲယမ်း၊ လောင်စာဆီ၊ လျှပ်စစ်၊ ဆေး၊ စားနပ်ရိက္ခာတွေကို မှီခိုနေရပြီး TNLA က UWSA ကို ခေါင်းဆောင်တင် မှီခိုနေရတာကြောင့် တရုတ်က UWSAကို တဖက်လှည့်နဲ့ TNLA ကို ထိန်းခိုင်းတာလို့ မြင်ရပါတယ်။ စစ်အုပ်စုပြုလုပ်မဲ့‌ရွေးကောက်ပွဲအထမြောက်နိုင်ဖို့ကို တရုတ်က အင်တိုက်အားတိုက် ကူညီပြီး စစ်အုပ်စု တရားဝင်အာဏာ ပြန်ရရေးကို အစွမ်းကုန်အားပေးမဲ့သဘောလို့ မြင်နေရပါတယ်။

ဒါမှသာ သူတို့စင်္ကြန်ခါးပတ်လမ်းကြီးကို မြန်မာပြည်ကိုဖြတ်ပြီး တောင်အာရှနဲ့ အရှေ့တောင် အာရှကိုဆက်သွယ်မဲ့ လမ်းမကြီးကို ဖောက်လုပ်နိုင်မှာဖြစ်ပြီး အမေရိကန် အခွန်စည်းကြပ်မှုကြောင့် ဖြစ်လာမယ့် ကုန်သွယ်ရေးစစ်ပွဲမှာ စုပုံလာတဲ့ တရုတ်ထုတ်ကုန်တွေကို အိန္ဒိယ ၊ ဘင်္ဂလား‌ဒေ့ရှ်၊ ထိုင်း၊ မလေးရှားတို့ကို မြန်မာပြည်ဖြတ်ပြီး ပို့ဆောင်နိုင်မှာဖြစ်လို့ ဒီလိုပို့နိုင်ဖို့က စစ်ကောင်စီ အာဏာပြန်ရရေးက တရုတ်အတွက် အရေးကြီးပါတယ်။

NUG က အမေရိကန်နဲ့ နီးစပ်တယ်ဆိုပြီး စစ်ကောင်စီကသာ သူတို့အကျိုးကို ဆောင်ရွက်နိုင်တယ်လို့ တရုတ် တွက်ဆထားခဲ့ပါတယ်။ ဒါကြောင့်စစ်ကောင်စီရွေးကောက်ပွဲ အောင်မြင်ရေးဟာ စစ်ကောင်စီအတွက်ရော တရုတ်အတွက်ပါ အရေးကြီးတယ်လို့ သုံးသပ်လိုက်ရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

သမ္မတ ဦးဝင်းမြင့်ကို စစ်တပ်က လုံခြုံရေးတင်းကြပ်ထား

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 17 Views
ဧပြီလ (၂၀)ရက်။ မတရားဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာတဲ့ သမ္မတ ဦးဝင်းမြင့်ကို စစ်တပ်က လုံခြုံရေးတင်းကြပ်ထားတယ်လို့ နေပြည်တော်သတင်းရင်းမြစ်တွေထံက သိရပါတယ်။ သမ္မတ ဦးဝင်းမြင့်ဟာ
မြန်မာသတင်း

အကြမ်းဖက်စစ်တပ်ရဲ့ ကပစ(၂၁) ရှော့တိုက်ဒုံးတွေ၊ လက်လုပ်ရော့ကတ်တွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 24 Views
ဧပြီလ (၂၀)ရက်။ မကွေးတိုင်း ဆိပ်ဖြူမြို့ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ကပစ(၂၁)ကို ၁၀၇မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တိုင်းပကဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

မင်းကွန်းတိုက်နယ်ပလဖတွေ စစ်တပ်ဆီ ပူးပေါင်းလာတယ်ဆိုပြီး စစ်လော်ဘီတွေထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 18 Views
ဧပြီလ (၂၀)ရက်။ ဧပြီလ (၁၈)ရက်နေ့က NUG လက်အောက်ခံ မင်းကွန်းတိုက်နယ်ပလဖတွေ စစ်တပ်ဆီ ပူးပေါင်းလာတယ်ဆိုပြီး စစ်လော်ဘီချန်နယ်တွေရဲ့ မနေ့က ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ ပူးပေါင်းသူတွေဟာ မင်းကွန်းတိုက်နယ်ပလဖက စစ်ရေးတာဝန်ခံ ဟိန်းထက်ဇော်(ခ)ကျောက်ခဲ ဦးဆောင်တဲ့ အမျိုးသား (၁၃)ဦးနဲ့
မြန်မာသတင်း

ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ဆက်လက်အသိအမှတ်ပြုထား

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 21 Views
ဧပြီလ (၂၀)ရက်။ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ဆက်လက်အသိအမှတ်ပြုထားကြတယ်လို့ NUG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NUG နဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဆက်လက်အသိအမှတ်ပြု
မြန်မာသတင်း

AA ထိန်းချုပ်ထားတဲ့ မြို့တွေကို စစ်ကော်မရှင် လှည့်ပတ်ဗုံးကြဲတိုက်ခိုက်

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 28 Views
ဧပြီလ (၂၀)ရက်။ တရက်ထဲ AA ထိန်းချုပ်ထားတဲ့ ကျောက်တော်၊ ပုဏ္ဏားကျွန်းနဲ့ မြောက်ဦးမြို့တို့ကို စစ်ကော်မရှင်က လှည့်ပတ်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ မနေ့က နံနက် (၁၀)နာရီအချိန်ကစပြီး နေ့လယ် (၁၂)နာရီအချိန်အထိ ပုဏ္ဏားကျွန်းမြို့နဲ့ မြောက်ဦးမြို့တို့ကို စစ်ကော်မရှင်က
မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ်နှင့် LPDF ၂၁ ဖွဲ့ ပူးပေါင်းဟုဆို

  • 2026 ခုနှစ်၊ ဧပြီလ 19 ရက်
  • 31 Views
၂၀၂၆ခုနှစ်၊ ဧပြီလ ၁၉ရက် မကွေးတိုင်းအခြေစိုက် ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LPDF) ၂၁ ဖွဲ့ သည် မကွေးဖက်ဒရယ်ယူနစ်အစိုးရ ၏ ကွပ်ကဲမှုအောက်တွင် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဧပြီ ၁၉ ရက်တွင် ပူးတွဲထုတ်ပြန်ခဲ့သည်။ အဓိကအချက်များမှာ – တပ်ဖွဲ့များ၏
မြန်မာသတင်း

ပြည်သူရွေးတဲ့သမ္မတ- အာဏာသိမ်းတဲ့သမ္မတ ဘယ်သူဂုဏ်ရှိသလဲ?

  • 2026 ခုနှစ်၊ ဧပြီလ 19 ရက်
  • 29 Views
ဒီအပတ်တနင်္ဂနွေနေ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကိုလေ့လာသုံးသပ်ခြင်း (၄၃) မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမတအဖြစ်ကိုယ့်ဖဲကိုယ်ချိုးတက်လာပြီး ပြည်သူတင်မြှောက်လိုက်တဲ့ သမ္မတဦးဝင်းမြင့်ကို လွှတ်ပေးလိုက်တာနဲ့ ပတ်သက်တဲ့ အမြင်နဲ့ ပတ်သက်တာတွေ ဒီလိုလွတ်မြောက်လာမှုနဲ့ပတ်သက်ပြီး NUCC ကစာထုတ်ကြိုဆို သလို နောက် TNLA က
မြန်မာသတင်း

မြန်မာနဲ့ဟန်ဂေရီရွေးကောက်ပွဲကိုနှိုင်းယှဥ်ကြည့်ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 19 ရက်
  • 27 Views
မြန်မာနဲ့ဟန်ဂေရီရွေးကောက်ပွဲကိုနှိုင်းယှဥ်ကြည့်ခြင်း ခေတ်မျက်လုံးအယ်ဒီတာဦးထွန်းအောင်ကျော်က မြန်မာနဲ့ဟန်ဂေရီနိုင်ငံတို့အကြားဆင်တူတဲ့ နိုင်ငံရေးအခြေခံတွေ နဲ့ မတူကွဲပြားတဲ့ အခြေအနေတို့ကိုစိတ်ဝင်စားဘွယ်တင်ပြရင်း ဒီနိုင်ငံ၂ခုရဲ့ အနာဂါတ်အလားအလာများကို ဗဟုသုရစေနိုင်တဲ့သုံးသပ်ချက်များကို တမူထူးခြားစွာတင်ပြထားပါတယ်၊ ပရိဿတ်များအနေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အတူတဲ့ရှုဒေါင့်များကိုခံစားသိရှိနိုင်ကြလိမ့်မယ်လို့ယူဆပါတယ်။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့