နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 25 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရန်ကုန်ဖက်ဒရယ်ယူနစ်ရဲ့ ကြားကာလအစီအမံ(မူကြမ်း)ရေးဆွဲဖို့ ကော်မရှင်ဆိုင်ရာဥပဒေကို ရန်ကုန်လွှတ်တော် ပြဋ္ဌာန်း

မေလ (၂၃)ရက်။

ရန်ကုန်ဖက်ဒရယ်ယူနစ်ရဲ့ ကြားကာလအစီအမံ(မူကြမ်း)ရေးဆွဲဖို့ ကော်မရှင်ဆိုင်ရာဥပဒေကို ရန်ကုန်လွှတ်တော်ရဲ့ ဒီကနေ့အစည်းအဝေးမှာ ပြဋ္ဌာန်းလိုက်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ကော်မရှင်ဆိုင်ရာဥပဒေကို ရန်ကုန်လွှတ်တော်ကို ၂၀၂၀ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲက အပ်နှင်းတဲ့ ပြည်သူ့ဆင့်လွှဲအာဏာကို ကျင့်သုံးပြီး ပြဋ္ဌာန်းတာလို ဆိုပါတယ်။

အဲ့ဒီဥပဒေမှာ အခန်း (၆)ခန်းပါဝင်ပြီး အမည်နဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ကော်မရှင်ဖွဲ့စည်းခြင်း၊ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေ၊ သက်တမ်း၊ တားမြစ်ချက်တွေနဲ့ အတည်ပြုတာနဲ့ ကော်မရှင်ဥပဒေ အာဏာတည်တာတို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး ကော်မရှင်ဖွဲ့စည်းပုံကို ကော်မရှင် အတည်ပြုတဲ့နေ့ကစပြီး (၁၄)ရက်ထဲ ဖွဲ့စည်းကာ ရန်ကုန်လွှတ်တော်ကို ပေးပို့ရမှာဖြစ်သလို ပေးပို့လာတဲ့ ကော်မရှင်ဖွဲ့စည်းပုံကို ရန်ကုန်လွှတ်တော်က အတည်ပြု ထုတ်ပြန်ပေးရမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကြားကာလ အစီအမံပြဋ္ဌာန်းချက်ဆိုင်ရာ ဆုံးဖြတ်ချက်တွေကို ကော်မရှင်အစည်းအဝေးတက်ရောက်တဲ့ အဖွဲ့ဝင်တွေရဲ့ အနည်းဆုံး (၄)ပုံ (၃)ပုံ ထောက်ခံမဲနဲ့ ချမှတ်အတည်ပြုရမယ်လို့ ‌သိရပါတယ်။

ကော်မရှင်ရဲ့သက်တမ်းဟာ ရက်ပေါင်း (၉၀)အထိဖြစ်ကာ သက်တမ်းတိုးဖို့ လိုအပ်ရင် တစ်ကြိမ်ကို (၄၅)ရက်စီနဲ့ အများဆုံး (၂)ကြိမ်အထိ သက်တမ်းတိုးနိုင်တယ်လို့လဲ ‌ထည့်သွင်းထားပါတယ်။

အစည်းအဝေးတွေမှာ ပုဂ္ဂိုလ်ရေး၊ လူမျိုးရေး၊ ဘာသာရေး ပုတ်ခတ်တိုက်ခိုက်တာတွေ မပြုလုပ်ဖို့နဲ့ ပြည်သူ့ဆင့်လွှဲအာဏာကို ထိပါးစေတဲ့ ဘယ်လိုပြဋ္ဌာန်းချက်တွေကိုမဆို ရေးဆွဲပြဋ္ဌာန်းတာ မပြုဖို့ ဖော်ပြထားပါတယ်။

ရန်ကုန်လွှတ်တော်အနေနဲ့ ကော်မရှင်က တင်သွင်းလာတဲ့ ကြားကာလ အစီအမံ(မူကြမ်း)ကို လွှတ်တော် လုပ်ထုံးလုပ်နည်းနဲ့အညီ အတည်ပြုပေးရမှာဖြစ်ပြီး အဲ့ဒီဥပဒေဟာ အတည်ပြုထုတ်ပြန်တဲ့နေ့ကစပြီး အာဏာတည်တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လေးနှစ်ကြာမြင့်လာသော်လည်း ယူကရိန်းတွင် ကျူးလွန်ခဲ့သည့် ဆိုးရွားသော ခန့်မှန်းချက်အမှားအတွက် ရုရှားသည် ဆက်လက်ပေးဆပ်နေရဆဲဖြစ်

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 58 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၂၄ရက် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့၏ အာရုံတက်ချိန် အစောပိုင်းကာလများတွင် ကိယက်ဗ်မြို့ရှိ
မြန်မာသတင်း

ချင်းပြည်အစိုးရရဲ့ စစ်မှုထမ်းမူဝါဒကို အကောင်အထည်ဖော်နေတယ်လို CDF-Matupi ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 38 Views
မတ်လ (၂၄)ရက်။ ချင်းပြည်အစိုးရရဲ့ စစ်မှုထမ်းမူဝါဒကို စတင်အကောင်အထည်ဖော်နေတယ်လို CDF-Matupi ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုကာလဟာ စစ်ကော်မရှင်အနေနဲ့
မြန်မာသတင်း

မြောင်မြို သောင်ကြီးရွာ လေကြောင်းတိုက်ခိုက်ခံရပြီး (၆)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 32 Views
မတ်လ (၂၄)ရက်။ မနေ့က နေ့လယ် (၁၂)နာရီကျော်အချိန်က မြောင်မြိုရှိ သောင်ကြီးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို မြိုနယ်သတင်းမှန်ပြန်ကြားရေးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၁၂)နာရီ (၁၆)မိနစ်က တံတားဦးလေတပ်ကနေ ‌ဂျက်ဖိုက်တာတစီးနဲ့ သောင်ကြီးရွာကို လေကြောင်းတိုက်ခိုက်သွားတာ။
မြန်မာသတင်း

မုံရွာ-မန္တလေးလမ်းပိုင်းမှာ စစ်ကောင်စီတပ် တိုက်ခိုင်ခံရပြီး ဗိုလ်အဆင့်အပါ (၈)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 27 Views
မတ်လ (၂၃)ရက်။ မနေ့က နံနက် (၇)နာရီခွဲအချိန်က မြင်းမူမြို ဂွေးပင်တောရွာနဲ့ ဘိုးမင်းကြီးရွာကြားရှိ မုံရွာ-မန္တလေးလမ်းပိုင်းမှာ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို PLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲ့ဒီစကစတပ်က အင်အား (၃၀)လောက်နဲ့ မုံရွာ-မန္တလေးလမ်းပိုင်းက
မြန်မာသတင်း

စစ်ကောင်စီရဲ့ ဘယ်လွှတ်တော်၊ ဘယ်အစိုးရကိုမှ လက်မခံဘူးလို စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 27 Views
“ စစ်ကိုင်းဖက်ဒရယ်ယူနစ် နိုင်ငံရေးရပ်ဝန်း” ပေါ်ပေါက်နိုင်ဖို ဆက်ကြိုးပမ်းမယ်လိုဆို မတ်လ (၂၄)ရက်။ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု ဒုတိယအကြိမ် ညီလာခံကို စိုးမိုး‌နယ်မြေတခုမှာ ကျင်းပနိုင်ခဲ့တယ်လို မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီညီလာခံကို အဖွဲဝင်အဖွဲအစည်း (၂၉)ဖွဲနဲ့
မြန်မာသတင်း

စစ်ခေါင်းဆောင် မင်းအောင်လှိင် နေပြည်တော် စစ်ဆေးရုံမှာ အရေးပေါ်ခွဲစိတ်ကုသရတယ်လိုဆို

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 25 Views
မတ်လ (၂၃)ရက်။ မတ်လ (၂၀)ရက်နေ့က စစ်ခေါင်းဆောင် မင်းအောင်လှိင်ဟာ နေပြည်တော်ရှိ ခုတင်(၁၀၀၀) စစ်ဆေးရုံမှာ အရေးပေါ်ခွဲစိတ်ကုသခဲ့ရတယ်လို ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိင်ဟာ ခါးကျီးပေါင်းရောဂါကြောင့် အာရုံကြောညပ်တာ(Lumbar Spondylosis with spinal
မြန်မာသတင်း

တရုတ်ပိုင် Max Techonology Industryပိုင်ရှင်က လုပ်ခတိုးတောင်းသည့် အလုပ်သမား ခေါင်းဆောင်အမျိုးသမီးကို ရိုက်နှက်ခဲ့သည့်အတွက် ဆန္ဒပြမှုဖြစ်ပွား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 35 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၂၃ ရက် ရွှေပြည်သာမြို့နယ်၊ ဝါးတရာ စက်မှုဇုန်ထဲက ၇၄ ဂိတ်နား က Max Techonology Industry နားကြပ် စက်ရုံနားကြပ် စက်ရုံတခု ဖြစ်ပါတယ်။ Max Techonology
မြန်မာသတင်း

ထောင်ဖောက်ထွက်ပြေးခဲ့တဲ့ ရာဇဝတ်သားတွေရဲ့ ထပ်တိုးအခြေအနေ YDF အသိပေးကြေညာ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 37 Views
မတ်လ (၂၃)ရက်။ ထောင်ဖောက်ထွက်ပြေးခဲ့တဲ့ ရာဇဝတ်သား ကောင်းကောင်းနဲ့ ယောလင်းတို ဦးဆောင်တဲ့ လူတစုရဲ့ ထပ်တိုးအခြေအနေနဲ့ပက်သက်ပြီး ယောကာကွယ်ရေးတပ်(YDF)က ဒီကနေ့မှာ ထုတ်ပြန်ကြေညာထားတယ်လို သိရပါတယ်။ ရာဇဝတ်သား ကောင်းကောင်းနဲ့ ယောလင်းတို ဦးဆောင်တဲ့ လူတစုဟာ ဖေဖော်ဝါရီလ (၂၄)ရက်နေ့က