နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 11 ရက်

မြန်မာသတင်း

မြန်မာသတင်း

စဉ့်ကူးနဲ့ မတ္တရာအစပ်ရှိ ယက်ကန်းစင်ဆေးရုံကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

ဆေးရုံကို မီးဖွားလာတဲ့ အမျိူသမီး (၁)ဦးသေဆုံးပြီး (၁၂)ဦး ဒဏ်ရာရရှိခဲ့

ဇွန်လ (၂၃)ရက်။

မနေ့က ည (၁၁)နာရီကျော်အချိန်က စဉ့်ကူးနဲ့ မတ္တရာမြို့နယ်အစပ်ရှိ မေတ္တာနန္ဒ(ယက်ကန်းစင်)ဆေးရုံကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ စဉ့်ကူးမြို့နဲ့ မတ္တရာအစပ်မှာရှိတဲ့ မေတ္တာနန္ဒဆေးရုံ(ယက်ကန်းစင်ဆေးရုံ)ကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ‌ည (၁၁)နာရီ (၅)မိနစ်မှာ ပေါင်(၃၀၀)ဗုံးနဲ့ တကြိမ်၊ ည(၁၁)နာရီ (၁၀)မိနစ်မှာ တကြိမ် လေကြောင်းတိုက်ခိုက်ခဲ့တာ” လို့ ဆိုပါတယ်။

ယက်ကန်းစင်ဆေးရုံကို စစ်ကောင်စီတပ်က တံတားဦးတက်ကနေ ဂျက်ဖိုက်တာနဲ့ ပေါင် (၃၀၀)ဗုံးအပါအဝင် (၂)ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် မတ္တရာမြို့နယ် ဆည်တော်လမ်းခွဲကျေးရွာကနေ ဆေးရုံကို မီးဖွားလာတဲ့ အသက်(၃၀)ခန့်အရွယ် အမျိုးသမီး (၁)ဦး သေဆုံးခဲ့တယ်လို့ ပြောဆိုထားပါတယ်။

အဲ့ဒီဖြစ်စဉ်ထဲ အသက် (၃၅)နှစ်အရွယ် အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သလို ဆေးကုသဖို့လာတဲ့ ပြည်သူ (၁၁)ဦး မစိုးရိမ်ဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့ ‌ထုတ်ပြန်ထားပါတယ်။

နောက်ပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ဆေးရုံရှိ သားဖွားမီးယပ်ဆောင်အပါအဝင် အဆောက်အအုံ (၃)လုံး ပျက်စီးခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် ပြည်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ဝေးရာမှာ နေထိုင်ကြဖို့နဲ့ လေကြောင်းရန်ကာကွယ်နိုင်ဖို့အတွက် ပုံးခိုကျင်းတွေတူးထားကြဖို့ကိုလဲ ပြင်ဦးလွင်ခရိုင်ပကဖက တိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအပေါ် အားပေးအားမြှောက်ပြုသူတွေကို အရေးယူမယ်လို့ KNU သတိပေး

  • 2025 ခုနှစ်၊ စက်တင်ဘာလ 11 ရက်
  • 22 Views
စက်တင်ဘာလ (၁၁)ရက်။ စစ်ကော်မရှင်ရဲ့ တရားမဝင် အတုအယောင်ရွေးကောက်ပွဲအပေါ် အားပေးအားမြှောက်ပြုသူတွေကို ကော်သူးလေဥပဒေနဲ့အညီ အရေးယူမယ်လို့ ညောင်လေးပင်ခရိုင် KNU တပ်မဟာ (၄)က
မြန်မာသတင်း

မြောက်ဥက္ကလာပမြို့နယ်ရှိ စစ်တပ်ထွေအုပ်ရုံး ဗုံးပစ်တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 11 ရက်
  • 18 Views
စက်တင်ဘာလ (၁၁)ရက်။ မနေ့က ည (၁၀)နာရီ (၁၀)မိနစ်ခန့်မှာ ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့ရှိ ထွေအုပ်ရုံးက စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ မြို့ပြကြွက်ကွန်ယက်ရဲ့
မြန်မာသတင်း

င‌ဖဲမြို့တိုက်ပွဲထဲ စစ်တပ်စစ်ကြောင်း အထိနာပြီး (၇၀)ကျော်သေဆုံးခဲ့တယ်လို့ AA ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 11 ရက်
  • 21 Views
စက်တင်ဘာလ (၁၁)ရက်။ စက်တင်ဘာလ (၄)ရက်နေ့နဲ့ (၇)ရက်နေ့တို့မှာ မကွေးတိုင်း ငဖဲမြို့ စွန်တက်ရွာရဲ့ အရှေ့မြောက်ဘက်အနီးမှာ စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ AA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စက်တင်ဘာလ (၄)ရက်နေ့က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲ‌မှာ (၂)နာရီကျော်ကြာမြင့်ခဲ့ပြီး
မြန်မာသတင်း

သပိတ်ကျင်းမြို့ရှိ ကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 11 ရက်
  • 54 Views
စက်တင်ဘာလ (၁၀)ရက်။ ဒီကနေ့ နေ့လယ် (၁)နာရီခွဲအချိန်က သပိတ်ကျင်းမြို့ ဇရပ်ကွင်းကျေးရွာရှိ စာသင်ကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ MDY-PDF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နေ့လယ် (၁)နာရီခွဲဝန်းကျင်လောက်မှာ သပိတ်ကျင်းက ဇရပ်ကွင်းရွာစာသင်ကျောင်းကို စစ်တပ်က
မြန်မာသတင်း

၈၈ကျောင်းသားခေါင်းဆောင်ကိုမောင်မောင်ကျော်နဲ့လက်ရှိနိုင်ငံရေးအခင်းအကျင်းကိုဆွေး‌နွေးခြင်း။

  • 2025 ခုနှစ်၊ စက်တင်ဘာလ 10 ရက်
  • 34 Views
၈၈ကျောင်းသားခေါင်းဆောင်ကိုမောင်မောင်ကျော်နဲ့လက်ရှိနိုင်ငံရေးအခင်းအကျင်းကိုဆွေး‌နွေးခြင်း။ ကိုမောင်မောင်ကျော်ဟာ ၁၉၈၈ခုနှစ်စစ်အာဏာမသိမ်းခင်ကတည်း စစ်အာဏာသိမ်း တော့မည်ကို ကြိုတင်ခန့်မှန်းမိပြီးတောခိုခဲ့သူဖြစ်ပါတယ်။ ကိုမောင်မောင်ကျော် ရဲ့လက်ရှိ နိုင်ငံရေးအခင်းအကျင်းကို ဦးထွန်းအောင်ကျော်ကမေးမြန်းပြီး အပြန်အလှန် ဆွေးနွေးတာကို တင်ပြလိုက်ပါတယ်။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့
မြန်မာသတင်း

စစ်ခေါင်းဆောင်က အမြင်မှန်ရပြီး စနစ်ပြောင်းမယ်ဆိုရင် တော်လှန်ရေးအဖွဲ့တွေ ငြင်းမယ်မထင်ဘူးလို့ ဦးရည်မွန်ပြော

  • 2025 ခုနှစ်၊ စက်တင်ဘာလ 10 ရက်
  • 43 Views
စက်တင်ဘာလ (၁၀)ရက်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စနစ်ပြောင်းဖို့  ‌ဆန္ဒရှိမယ်ဆိုရင် တော်လှန်ရေးအဖွဲ့တွေ ငြင်းပယ်မယ်မထင်ဘူးလို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က PVTV နဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ တကယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က အမြင်မှန်ရပြီးတော့
နိုင်ငံတကာသတင်း မြန်မာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ကာတာနိုင်ငံတွင်းမှာ အစ္စရေးက ဟားမတ်စ်အဖွဲ့ ခေါင်းဆောင်မှုအပေါ် မကြုံစဖူး တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့။

  • 2025 ခုနှစ်၊ စက်တင်ဘာလ 10 ရက်
  • 37 Views
CNN-၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၁၀ရက် အစ္စရေးဟာ”အစည်းအဝေးကိုမီးတိုက်ခြင်း”ဟု အမည်ပေးထားသော စစ်ဆင်ရေး၏ တစ်စိတ်တစ်ပိုင်းအဖြစ် အင်္ဂါနေ့က ကာတာနိုင်ငံမြို့တော်ရှိ အပစ်အခတ်ရပ်စဲရေးကို ညှိနှိုင်းနေသော ဟားမက်စ်ခေါင်းဆောင်ပိုင်းကို ပစ်မှတ်ထားပြီး တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ၊ အရေးကြီးသော အမေရိကန်မဟာမိတ်နိုင်ငံနှင့် ဂါဇာအပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ များတွင်
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး အတည်ပြုနိုင်ဖို့ ဆက်သွယ်ခွင့် သားဖြစ်သူတောင်းဆို

  • 2025 ခုနှစ်၊ စက်တင်ဘာလ 10 ရက်
  • 38 Views
စက်တင်ဘာလ (၁၀)ရက်။ ဒေါ်အောင်ဆန်းစုကြည် နေမကောင်းဘူးဆိုတာကို စစ်တပ်က သတင်းအမှားလို့ ပြောဆိုတဲ့အတွက် အတည်ပြုနိုင်အောင် ဆက်သွယ်ခွင့်ရဖို့ သားဖြစ်သူ ကိုထိန်လင်းက ဒီကနေ့မှာ တောင်းဆိုထားတယ်လို့ သိရပါတယ်။ “ စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက “ မေမေ နေမကောင်းဘူး”