နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်တပ်ရဲ့ ရွေးကောက်ပွဲတွေကို အတုအယောင်ရွေးကောက်ပွဲအနေနဲ့ သတ်မှတ်ပြီး NUCC ဆန့်ကျင်ကန့်ကွက်

ဘယ်လက်နက်ကိုင် စစ်တပ်မဆို အနာဂတ်အုပ်ချုပ်ရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ခွင့်မရှိစေရလို့ဆို

ဩဂုတ်လ (၂၃)ရက်။

စစ်တပ်ရဲ့ ရွေးကောက်ပွဲတွေကို တရားမဝင် အတုအယောင်ရွေးကောက်ပွဲအနေနဲ့ သတ်မှတ်ပြီး လုံးဝဆန့်ကျင်ကန့်ကွက်တယ်လို့ NUCC ရဲ့ မနေ့က နိုင်ငံရေးရပ်တည်ချက်တွေ ထုတ်ပြန်တာမှာ ထည့်သွင်းပြောဆိုထားတယ်လို့ သိရပါတယ်။

စစ်တပ်က ရွေးကောက်ပွဲကျင်းပဖို့ ကြိုးပမ်းနေတာဟာ သူတို့ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို ရှောင်လွှဲဖို့၊ သူတို့ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့နဲ့ အာဏာတည်မြဲဖို့အတွက်သာဖြစ်ပြီး ပဋိပက္ခတွေကို ပိုမိုဖြစ်ပေါ်စေမှာသာဖြစ်တယ်လို့ ဆိုပါတယ်။

NUCC အနေနဲ့ အနာဂတ်နိုင်ငံရေးမှာ အရပ်သားပြည်သူ့အစိုးရစနစ် ဖော်ဆောင်သွားမှာဖြစ်တဲ့အတွက် ဘယ်လက်နက်ကိုင် စစ်တပ်မဆို အနာဂတ်အုပ်ချုပ်ရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ခွင့်မရှိစေရဘူးလို့ ဖော်ပြထားပါတယ်။

နောက်ပြီး စစ်အုပ်စုက ကျုးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်တာတွေ၊ ရာဇဝတ်မှုတွေအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေဖို့နဲ့ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုရရှိဖို့ လုပ်ငန်းစဉ်ကို စတင်ဆောင်ရွက်သွားမယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် တော်လှန်ရေးအင်အားစုတွေ အချင်းချင်းကြား ဖြစ်ပွားတဲ့ အငြင်းပွားမှုတွေကို မိတ်ဖက်ပဋိပက္ခတွေအနေနဲ့ မှတ်ယူပြီး ငြိမ်းချမ်း‌တဲ့နည်းလမ်းနဲ့သာ ဆောင်ရွက်သွားမှာဖြစ်ပြီး နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းတာမှာ Bottom-up Federalism ချဉ်းကပ်မှုအရ ပြည်သူရဲ့ အဆုံးအဖြတ်ကို ခံယူမယ်လို့ ပြောဆိုထားပါတယ်။

အာဆီယံ၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမိသားစုရဲ့ မြန်မာနိုင်ငံဆိုင်ရာ အဖြေရှာတဲ့လုပ်ငန်းစဉ်တွေမှာလဲ တော်လှန်ရေးရဲ့ နိုင်ငံရေးဦးတည်ချက် (၆)ရပ်အတိုင်း ရပ်တည်ကာ ညှိနှိုင်းပူးပေါင်းပါဝင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

NUCC အနေနဲ့ နိုင်ငံရေးရပ်တည်ချက်တွေကို နိုင်ငံတဝန်းရှိ အင်အားစုအသီးသီးနဲ့ ဆွေးနွေးညှိနှိုင်းပြီး တော်လှန်ရေးရဲ့ ဘုံနိုင်ငံရေးသဘောတူညီချက်ကို ရေးသားအတည်ပြုနိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။

အဲ့ဒီထုတ်ပြန်ချက်ထဲ ဖက်ဒရယ်အသွင်ကူးပြောင်းရေးကာလ အစီအမံဆိုင်ရာ အခြေခံဥပဒေကို အမြန်ဆုံး ရေးဆွဲအတည်ပြုပြီး ထိန်းချုပ်ထားတဲ့ လွတ်မြောက်နယ်မြေတွေမှာ စတင်ပြဋ္ဌာန်းကျင့်သုံးသွားမယ်လို့ ဖော်ပြထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 20 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ်
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 20 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 36 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 26 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

ရေးမြိုမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 35 Views
မတ်လ (၂၆)ရက်။ အခုလ ဒုတိယပတ်ကစပြီး ရေးမြိုမြောက်ပိုင်းထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို MSFC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က
မြန်မာသတင်း

တမူးအခြေစိုက် NLA က MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 28 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၀)ရက်နေ့က တမူးဒေသခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က MOD နဲ့ ပူးပေါင်းခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLA ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့မှာ Myanmar Federal Army(MFA)နာမည်နဲ့