နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရန်ကုန်မှာ ကျပ်(၂၅၀)ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းမိခဲ့တယ်လို့ စစ်တပ်ထုတ်ပြန်

ဩဂုတ်လ (၂၃)ရက်။

ရန်ကုန်ရှိ ရွှေပြည်သာနဲ့ ကွမ်းခြံကုန်းမြို့တို့မှာ ငွေကျပ် ၂၅၇ ဒသမ ၁၀၅ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းမိခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဖမ်းဆီးရမိခဲ့တာဟာ ဩဂုတ်လ (၅)ရက်နေ့က သတင်းရရှိတာကြောင့် ရွှေပြည်သာမြို့နယ်မှာ ကား (၂)စီးကို စစ်ဆေးခဲ့ရာ စိတ်ကြွရူးသွပ်ဆေးပြား သိန်း(၄၀)ကို ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် မူးယစ်ဆေးဝါးတွေကို တာဝန်ခံသယ်ဆောင်ခိုင်းသူကို ရွှေပြည်သာမြို့နယ် (၄)ရပ်ကွက်ရှိ ဂိုဒေါင်မှာ စိတ်ကြွရူးသွပ်ဆေးပြား (၁၇၈)သိန်းနဲ့ ကားတစ်စီးတို့ကို ထပ်မံဖမ်းမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး အဲ့ဒီတရက်ထဲမှာပဲ မူးယစ်ဆေးဝါးသယ်ဆောင်ရာမှာ ပူးပေါင်းပါဝင်သူ (၂)ဦးကို မှော်ဘီမြို့နယ်မှာ ဖမ်းမိခဲ့သလို ဩဂုတ်လ (၁၀)ရက်နဲ့ (၁၁)ရက်နေ့တို့မှာ သယ်ဆောင်ပေးသူနဲ့ ပူးပေါင်းပါဝင်သူတွေကို ဖမ်းမိခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် စစ်ဆေးချက်တွေအရ ကွမ်းခြံကုန်းမြို့ အောင်ဇေယျရွာရှိ ပုစွန်ကန်အနီးမှာ ဝှက်ထားတဲ့ စိတ်ပြောင်းဆေးဝါး ကတ်တမင်း (၁၈၉၉)ကီလိုကို ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါသေးတယ်။

ဖမ်းမိသူတွေကို ထပ်မံစစ်ဆေးတဲ့အခါ ကွမ်းခြံကုန်းမြို့ အောင်ဇေယျရွာအပါအဝင် လက်ခုပ်ကုန်းရွာနဲ့ လက်ခုပ်ကုန်း-ဆယ်အိမ်ကုန်းရွာသွားတဲ့လမ်းတို့မှာ နေရာ(၃)ခုခွဲပြီး မြေမြုပ်သိုဝှက်ထားတဲ့ အိုက်စ် ၅၆၁၄ ဒသမ ၂ကီလိုကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေကို ရန်ကုန်မှာ သိုလှောင်ပြီး ရခိုင်နဲ့ မလေးရှားရေပိုင်နက်တို့ကို ကုန်းလမ်းနဲ့ ရေကြောင်းကနေ သယ်ဆောင်ရောင်းဝယ်ဖို့ စီစဉ်နေတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

စစ်တပ်ရဲ့ ထုတ်ပြန်ချက်ထဲ ဖမ်းမိခဲ့သူတွေဟာ ရခိုင်ပြည်နယ်ကို ဖြတ်သန်းခအနေနဲ့ AA ကို စိတ်ကြွဆေးပြား (၁၀၀၀၀)ကို ကျပ်(၃)သိန်း အခွန်ပေးဆောင်ရတာတွေ ရှိတယ်ဆိုပြီးလဲ စွပ်စွဲထားပါသေးတယ်။

အခုအခါ မူးယစ်ဂိုဏ်းအဖွဲ့ဆိုပြီး စစ်တပ်က ဖမ်းမိခဲ့တဲ့သူ (၁၃)ဦးနဲ့ ဖမ်းဆီးဖို့ကျန်တဲ့ (၉)ဦးကို အရေးယူနိုင်ဖို့နဲ့ ငွေကြေးနဲ့ ပိုင်ဆိုင်တာတွေကို ပြည်သူ့ဘဏ္ဍာအနေနဲ့ သိမ်းဆည်းနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 20 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ်
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 20 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 36 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 26 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

ရေးမြိုမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 35 Views
မတ်လ (၂၆)ရက်။ အခုလ ဒုတိယပတ်ကစပြီး ရေးမြိုမြောက်ပိုင်းထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို MSFC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က
မြန်မာသတင်း

တမူးအခြေစိုက် NLA က MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 28 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၀)ရက်နေ့က တမူးဒေသခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က MOD နဲ့ ပူးပေါင်းခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLA ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့မှာ Myanmar Federal Army(MFA)နာမည်နဲ့