နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 24 ရက်

မြန်မာသတင်း

မြန်မာသတင်း

နတ်တလင်းမှာ ပေါ်တာဆွဲခံရသူက ရဲကို ဓါးနဲ့ရှင်းပြီး PDF ဆီ လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်

စက်တင်ဘာလ (၂၃)ရက်။

မနေ့က နတ်တလင်းမြို့မှာ စစ်မှုထမ်းတပ်သားအနေနဲ့ ပေါ်တာဆွဲခံရသူက ရဲကို ဓါးနဲ့ရှင်းပြီး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း(၁)၊ (၃၈၀၁)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အလင်းဝင်လာသူဟာ နတ်တလင်းမြို့ ရွာသာယာရွာသား စိုင်းမြတ်ကိုဖြစ်ပြီး စက်တင်ဘာလ (၁၀)ရက်နေ့က တောင်ညိုကွက်သစ်ရဲစခန်းက ရဲတွေ ဆိုင်ကယ်ဖမ်းနေချိန်မှာ ပေါ်တာဆွဲခံရတာလို့ ဆိုပါတယ်။

အဲ့ဒီနောက် ရဲစခန်းမှာ နေထိုင်ချိန် စက်တင်ဘာလ (၂၁)ရက်နေ့ ည (၇)နာရီအချိန်မှာ ရဲတွေ တန်းစီနေတုန်း သူနဲ့အတူရှိနေတဲ့ ရဲကို ဓါးနဲ့ခုတ်ရှင်းလင်းပြီး G-3 (၁)လက်၊ ကျည်(၁၀)တောင့်နဲ့ ကျည်ဘောက် (၁)ခုတို့ကို ယူဆောင်ထွက်ပြေးခဲ့တာလို့ ဖော်ပြထားပါတယ်။

ဓါးနဲ့ခုတ်ခံရတဲ့ ရဲဟာ ပေါင်းတည်ဘက်က ပြောင်းရွှေ့လာသူဖြစ်ပြီး လက်နက်ခဲယမ်းတွေနဲ့ ချိတ်ဆက်ဝင်ရောက်လာတဲ့ ကိုစိုင်းမြတ်ကိုကို ဆုငွေကျပ်သိန်း(၂၀) ချီးမြှင့်ခဲ့တယ်လို့ ရေးသားထားပါတယ်။

နောက်ပြီး တခြားစစ်မှုထမ်းဖို့ အတင်းအဓမ္မပေါ်တာဆွဲခံရတဲ့ လူ‌ငယ်တွေအနေနဲ့ အခွင့်အရေးရရင် ရသလို သာယာဝတီခရိုင်တပ်ရင်း(၁)၊ (၃၈၀၁)ထံ ချိတ်ဆက် ဆက်သွယ်ကြဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီကို တော်လှန်ပြီး စစ်အာဏာရှင်ရဲ့ အကျိုးစီးပွားကာကွယ်ဖို့အတွက် အသုံးချခံမဖြစ်စေဖို့ နှိုးဆော်ထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပဋိပက္ခဖြစ်ပွားတဲ့ ဒေါက်တာသီရိမွန်ချမ်းနဲ့ နိုင်ကိုသူတို့ကို MSFC က ကောင်စီဝင်အဖြစ်ကနေ ယာယီရပ်ဆိုင်းခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 23 ရက်
  • 26 Views
စက်တင်ဘာလ (၂၃)ရက်။ ပဋိပက္ခဖြစ်ပွားတဲ့ MSDF ရဲ့ နိုင်ငံရေးစစ်ရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ ဒေါက်တာသီရိမွန်ချမ်းနဲ့ အတွင်းရေးမှူး နိုင်ကိုသူတို့ကို ကောင်စီဝင်အဖြစ်ကနေ ယာယီရပ်ဆိုင်းထားတယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)ရဲ့
မြန်မာသတင်း

စစ်ရေးအခြေအနေကြောင့် လွိုင်ကော်-ဒီမော့ဆို-ဖရူဆို-ဘောလခဲလမ်းမကို ဒီကနေ့ကစပြီး ပိတ်ပင်ထား

  • 2025 ခုနှစ်၊ စက်တင်ဘာလ 23 ရက်
  • 28 Views
စက်တင်ဘာလ (၂၃)ရက်။ ဒီကနေ့ကစပြီး မြေပြင်စစ်ရေးအခြေအနေကြောင့် လွိုင်ကော်-ဒီမော့ဆို-ဖရူဆို-ဘောလခဲလမ်းမကြီးကို ရက်အကန့်အသတ်မရှိ ပိတ်ထားမယ်လို့ KNDF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဩဂုတ်လကစပြီး
မြန်မာသတင်း

ရခိုင်သတင်းထောက်အမျိုးသမီးတစ်ဦးကို AA က ဖမ်းဆီးစစ်ဆေးနေ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 23 ရက်
  • 24 Views
စက်တင်ဘာလ (၂၃)ရက်။ မောင်တောအခြေစိုက် Border News Agency(BNA)ရဲ့ အမျိုးသမီးသတင်းထောက် မုဒြာကို AA က ဖမ်းဆီးစစ်ဆေးနေတယ်လို့ မနေ့က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရခိုင်အမျိုးသမီးသတင်းထောက်တဦးဖြစ်တဲ့ မုဒြာကို စက်တင်ဘာလ (၂၀)ရက်နေ့ နံနက် (၁၁)နာရီကျော်အချိန်
မြန်မာသတင်း

ရွေးကောက်ပွဲပျက်ပြားအောင်လုပ်တယ်ဆိုပြီး အသက်မပြည့်သေးသူတွေအပါအဝင် ပြည်သူ (၉)ဦးကို စစ်တပ်ဖမ်းဆီး

  • 2025 ခုနှစ်၊ စက်တင်ဘာလ 23 ရက်
  • 24 Views
စက်တင်ဘာလ (၂၃)ရက်။ ရွေးကောက်ပွဲကျင်းပတာကို ပျက်‌ပြားအောင်လုပ်တယ်ဆိုပြီး ပြည်သူ (၉)ဦးကို ဖမ်းဆီးခဲ့တယ်လို့ စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖမ်းဆီးခံရသူတွေဟာ ကရင်နီပြည်နယ် လွိုင်ကော်မြို့နဲ့ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်တို့ကဖြစ်ကာ သူတို့ထဲ အသက်(၁၈)နှစ်မပြည့်သေးတဲ့ လူငယ် (၂)ဦးပါဝင်တယ်လို့
မြန်မာသတင်း

ကုလသမဂ္ဂ အထွေထွေ ညီလာခံမတိုင်ခင် ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြု သည့်နိုင်ငံများထဲတွင် ပြင်သစ်ကလည်းပါဝင်မည်။

  • 2025 ခုနှစ်၊ စက်တင်ဘာလ 23 ရက်
  • 44 Views
CNN- ၂၀၂၅ခုနှစ် စက်တင်ဘာလ ၂၂ရက် ပြင်သစ်သည် ယခုအပတ်တွင် ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေညီလာခံအတွင်း ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုမည့် ဥရောပနိုင်ငံများအတွင်း နိုင်ငံတစ်ခုအဖြစ် ပါဝင်မည်ဖြစ်သည်။ ယမန်နေ့က အသိအမှတ်ပြုခဲ့သော ဗြိတိသျှ၊ ကနေဒါ၊ ဩစတြေးလျ၊ ပေါ်တူဂီနိုင်ငံများနှင့်
မြန်မာသတင်း

စစ်ကိုင်းမှာ ကဗျာဆရာတဦးကို မှားယွင်းသတ်ဖြတ်မိတဲ့အပေါ် Zero ပြောက်ကျားတပ်ဖွဲခေါင်းဆောင် တောင်းပန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 22 ရက်
  • 62 Views
တရားစွဲမယ်ဆိုရင် အရေးယူခံနိုင်တယ်လိုဆို စက်တင်ဘာလ (၂၂)ရက်။ စစ်ကိုင်းတိုင်း အရာတော်မြိုရှိ မလဲသာရွာက ကဗျာဆရာ ဦးမြင့်ဆန်းကို ဒလန်ဆိုကာ မှားယွင်းသတ်ဖြတ်မိခဲ့တဲ့အပေါ် Zero ပြောက်ကျားတပ်ဖွဲခေါင်းဆောင် ကိုသက်ကြီးက မိသားစုဝင်တွေကို တောင်းပန်ခဲ့တယ်လို ဒီကနေ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ကန့်ဘလူနယ် ကျီစုရွာကို စစ်တပ်က လေကြောင်းကနေ ပေါင် (၅၀၀)ဗုံး (၂)လုံး ကြဲချ၊ အရပ်သား (၁)ဦးသေဆုံးပြီး (၁၇)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 22 ရက်
  • 59 Views
စက်တင်ဘာလ (၂၂)ရက်။ ဒီကနေ့ နံနက်ပိုင်း (၁)နာရီခွဲဝန်းကျင်ခန့်က ကန့်ဘလူမြိုနယ် ကျီစုရွာကို စစ်တပ်က လေကြောင်းကနေ ပေါင် (၅၀၀)ဗုံး (၂)လုံး ကြဲချခဲ့တယ်လို ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲထံက သိရပါတယ်။ “ ဂျက်ဖိုက်တာနဲ့ပစ်တဲ့အချိန်က တကယ့်အိပ်မောကျနေတဲ့အချိန်ကြီးဗျ၊ ပထမတစ်လုံးချတာက မနက်
မြန်မာသတင်း

ဗန်းမောက်မြို့ကို (၆)ရက်ကြာ ထိုးစစ်ဆင်ခဲ့ပြီး သိမ်းပိုက်နိုင်ခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 22 ရက်
  • 60 Views
စက်တင်ဘာလ (၂၂)ရက်။ စက်တင်ဘာလ (၁၅)ရက်နေ့ကစပြီး ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင်ခဲ့ကာ (၆)ရက်အကြာမှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီမြို့သိမ်းတိုက်ပွဲမှာ ရဉ်ထွန်း(ဗျူဟာမှူး)ဦးစီးတဲ့ SNA ရဲ့ တပ်မဟာ (၆၁၄၊ ၉၇၂)အပြင်