ဒီဇင်ဘာလ (၂၃)ရက်။
မနေ့က ညနေ (၅)နာရီ (၁၀)မိနစ်အချိန်က ကောလင်းမြို့အနောက်ခြမ်းရှိ နတ်အင်းရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ကောလင်းခရိုင်တပ်ရင်း(၂)ထံက သိရပါတယ်။
“ စကစက တံတားဦးကနေ တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ကောလင်းအနောက်ခြမ်း နတ်အင်းရွာစာသင်ကျောင်းကို လေကြောင်းဗုံးကြဲသွားတာ။ အဲ့ဒီဗုံးက ပေါင် (၅၀၀)ဗုံးလို့ ယူဆရတယ်” လို့ ဆိုပါတယ်။
နတ်အင်းရွာရှိ စာသင်ကျောင်းကို စစ်တပ်ရဲ့ တံတားဦးတက်ကနေ ဂျက်ဖိုက်တာတစီးနဲ့ ပေါင် (၅၀၀)ဗုံး (၁)လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ရှောင်ပြည်သူ (၆)ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
စစ်တပ်ဟာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး စာသင်ကျောင်းလဲ ထိခိုက်ပျက်စီးခဲ့ရသလို နွားတကောင် သေဆုံးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
အခုအခါ စစ်တပ်ဟာ စစ်ကိုင်းတိုင်းရှိ မြို့နယ်တွေက ကျေးရွာတွေကို နေ့တိုင်းနီးပါး လေကြောင်းဗုံးကြဲတာနဲ့ မြေပြင်စစ်ကြောင်းထိုးတာတွေ ပြုလုပ်နေတယ်လို့ သတင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။








