နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဩဂုတ်လ 19 ရက်

မြန်မာသတင်း

မြန်မာသတင်း

လက်ပံတန်းမှာ ပျူစောထီးခေါင်းဆောင်တစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

ဖေဖော်ဝါရီလ (၂၄)ရက်။

ဒီကနေ့ နံနက် (၈)နာရီ (၁၀)မိနစ်အချိန်က လက်ပံတန်းမြို့ မှော်အင်းအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်တဲ့ ပျူစောထီးခေါင်းဆောင် သန်းဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း (၃၈၀၂) တပ်ခွဲ(၃)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ ပျူစောထီးခေါင်းဆောင် သန်းဦးနဲ့ သူ့အပေါင်းအပါ ပျူစောထီးနဲ့ ရာအိမ်မှူးတွေ လက်ပံတန်းမြို့ဘက်ကို ဆိုင်ကယ်စီးလာချိန် လွှစင်ကုန်းတာဆုံမှာ ပစ်ခတ်ရှင်းလင်းခဲ့တာပါ” လို့ ဆိုပါတယ်။

ပျုစောထီးခေါင်းဆောင် သန်းဦးဟာ သူ့ရဲ့လက်ပါးစေဖြစ်တဲ့ ပျူစောထီးတစ်ဦးနဲ့ ရာအိမ်မှူးတစ်ဦးတို့ လက်ပံတန်းဘက်ကို ဆိုင်ကယ်စီးလာချိန် လွှစင်ကုန်းတာဆုံမှာ ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

သန်းဦးကို တော်လှန်ရေးတပ်ဖွဲ့တွေက သေနတ်နဲ့ (၁၂)ချက် ပစ်ခတ်ရှင်းလင်းခဲ့ပြီး ကျန်သူတွေဟာ ထွက်ပြေးသွားခဲ့ကြကာ လက်ပစ်ဗုံး(၁)လုံး၊ ငွေသားကျပ်(၁)သိန်း၊ ဆိုင်ကယ်တစ်စီးနဲ့ စည်းတံဆိပ်တုံး (၂)ခု၊ မှတ်ပုံတင် (၂)ခု၊ စစ်မှူထမ်းရမယ့် အမည်စာရင်းပါ စာရွက်နဲ့ အခြားစာရွက်စာတမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

သန်းဦးဟာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးခေါင်းဆောင်တစ်ဦးဖြစ်ပြီး လူငယ်တွေကို စစ်မှုထမ်းဖို့ ဖိအားပေးလူစုတာ၊ စစ်မှုထမ်းကြေးဆိုပြီး ပြည်သူတွေဆီက အတင်းအကြပ် ငွေကောက်ပြီး ငွေမပေးသူတွေကို စစ်တပ်ခေါ် ဖမ်းဆီးခိုင်းတာလို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီထုတ်ပေးတဲ့ လက်ပစ်ဗုံးနဲ့ သေနတ်ပြကာ ပြည်သူတွေကို ခြိမ်းခြောက်ပြီး အကြောင်းအမျိုးမျိုးပြကာ ငွေကောက်‌ယူနေတာကြောင့် အခုလို အရေးယူရတာလို့ ပြောဆိုထားပါတယ်။

ပြည်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ဒုက္ခပေးနေတဲ့ စစ်ကောင်စီနဲ့ စစ်ကောင်စီထောက်တိုင်တွေကို အရှိန်မြှင့် တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ သူတို့အနီး သွားလာနေထိုင်တာ လုံးဝမပြုလုပ်ဖို့ အသိပေးထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

TNLA ထိန်းချုပ်ထားတဲ့ သီပေါနဲ့ မိုးကုတ်ကို စစ်ကောင်စီတပ် ထပ်မံဗုံးကြဲ၊ ပြည်သူ (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 19 ရက်
  • 3 Views
ဩဂုတ်လ (၁၈)ရက်။ ဒီကနေ့ တရက်ထဲ TNLA ထိန်းချုပ်ထားတဲ့ သီပေါနဲ့ မိုးကုတ်မြို့တို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံးတွေနဲ့
မြန်မာသတင်း

ရွေးကောက်ပွဲ အပိုင်း(၁)ကို ဒီဇင်ဘာ (၂၈)ရက်နေ့မှာ ကျင်းပမယ်လို့ စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ ဩဂုတ်လ 18 ရက်
  • 14 Views
ဩဂုတ်လ (၁၈)ရက်။ ရွေးကောက်ပွဲ အပိုင်း(၁)ကို ဒီဇင်ဘာလ (၂၈)ရက်နေ့မှာ ကျင်းပသွားမယ်ဆိုပြီး စစ်တပ်လက်အောက်ခံ ရွေး‌/ကော်က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
မြန်မာသတင်း

မိုးကုတ်မြို့ ရဲစခန်းနဲ့ ထွေအုပ်ရုံးအနီးကို စစ်ကောင်စီတပ် ထပ်မံဗုံးကြဲ၊ ကလေးငယ်အပါအဝင် ပြည်သူ (၃)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 17 ရက်
  • 45 Views
ဩဂုတ်လ (၁၇)ရက်။ ဒီကနေ့ နံနက် (၉)နာရီအချိန်က မိုးကုတ်မြို့အရှေ့ပိုင်းရှိ မြို့မရဲစခန်းနဲ့ ထွေအုပ်ရုံးအနီးကို စစ်ကောင်စီတပ်က ပေါင် (၂၅၀)ဗုံး (၃)လုံး ထပ်မံကြဲချခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ စစ်ကောင်စီတပ်က ဒီမနက်မှာ
မြန်မာသတင်း

စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာမှာ KNU စစ်ဦးစီးချုပ် သေဆုံးခဲ့တယ်ဆိုပြီး စစ်လော်ဘီတွေ ဝါဒဖြန့်

  • 2025 ခုနှစ်၊ ဩဂုတ်လ 17 ရက်
  • 32 Views
ဩဂုတ်လ (၁၇)ရက်။ ဩဂုတ်လ (၁၁)ရက်နေ့က စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တာမှာ KNU စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ သေဆုံးတယ်ဆိုပြီး စစ်လော်ဘီချန်နယ်တွေက မနေ့က ဝါဒဖြန့်ရေးသားနေကြတယ်လို့ သိရပါတယ်။ အခုလို ဗုံးကြဲတိုက်ခိုက်တာထဲ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ
မြန်မာသတင်း

ပလမြို့တိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၅၃)ဦးသေဆုံးပြီး (၄၈)ဦးဒဏ်ရာရရှိခဲ့တယ်လို့ ပုလော-PDF ထုတ်ပြန်

  • 2025 ခုနှစ်၊ ဩဂုတ်လ 17 ရက်
  • 35 Views
ဩဂုတ်လ (၁၇)ရက်။ ပုလောမြို့နယ် ပလမြို့ကို စစ်ကြောင်းထိုးဝင်လာဖို့ ကြိုးပမ်းတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပုလော-PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇူလိုင်လ (၂၄)ရက်ကစပြီး ပလမြို့ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ဖို့
မြန်မာသတင်း

ငဖဲမြို့တိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၀)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 17 ရက်
  • 23 Views
ဆုတ်ခွာထွက်ပြေးသူတွေကို လိုက်လံချေမှုန်းနေတယ်လို့ AA ထုတ်ပြန် ဩဂုတ်လ (၁၇)ရက်။ ဩဂုတ်လ (၁၄)ရက်နေ့က ငဖဲမြို့ စွန်တက်ကျေးရွာရဲ့ မြောက်ဘက် မီတာ(၃၀၀၀)ကျော်အကွာက AA တပ်ဖွဲ့တွေရှိရာကို စစ်‌ကောင်စီတပ်ရဲ့ တပ်မ(၉၉)လက်အောက်ခံတပ်တွေ ထိုးစစ်ဆင်လာခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

အိုးဘိုထောင် ဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ သေဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေစာရင်း PPNM ထုတ်ပြန်

  • 2025 ခုနှစ်၊ ဩဂုတ်လ 17 ရက်
  • 28 Views
ဩဂုတ်လ (၁၇)ရက်။ ဩဂုတ်လ (၈)ရက်နေ့က မန္တလေး အိုးဘိုထောင်ကို ဗုံးကြဲခဲ့တဲ့ဖြစ်စဉ်ထဲ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသား စုစုပေါင်း (၂၁)ဦး သေဆုံးခဲ့တယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်ထဲ သေဆုံးသူတွေမှာ နိုင်ငံရေးအကျဉ်းသား
မြန်မာသတင်း

ရွေးကောက်ပွဲမှာ လုံခြုံရေးအတွက် စိုးရိမ်စရာမလိုဘူးဆိုပြီး ကြံ့ခိုင်ရေးပါတီပြော

  • 2025 ခုနှစ်၊ ဩဂုတ်လ 16 ရက်
  • 36 Views
ဩဂုတ်လ (၁၅)ရက်။ လာမယ့်ရွေးကောက်ပွဲမှာ လုံခြုံရေးအတွက် စိုးရိမ်စရာမလိုဘူးဆိုပြီး ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးခင်ရီက မနေ့က ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲထဲ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ အခု နိုင်ငံရဲ့လုံခြုံရေးအခြေအနေအရ မဲဆန္ဒနယ်တွေ ပိုမိုကျယ်ပြန့်လာနိုင်ပေမယ့် နယ်မြေရှင်းလင်းရေး အောင်မြင်လာတဲ့အတွက်