နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 20 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီတပ် မကြာမီ အသုံးပြုဖို့ရှိတဲ့ Y-8 လေယာဉ် (၂)စင်းကို တရုတ်နိုင်ငံ ကူမင်းလေဆိပ်မှာ တွေ့ရှိ

ဇွန်လ (၂၄)ရက်။

စစ်ကောင်စီတပ်က မကြာမီ အသုံးပြုတော့မယ့် Y-8 ထောက်/ပို့လေယာဉ် (၂)စင်းကို တရုတ်နိုင်ငံ ကူမင်းလေဆိပ်မှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ Myanmar Witness ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

Myanmar Witness အနေနဲ့ Shaanxi Y-8F-200W နည်းဗျူဟာမြောက် သယ်ယူပို့ဆောင်ရေးလေယာဉ် (၂)စင်းဖြစ်တဲ့ အမြီးနံပါတ် (၅၉၂၃)နဲ့ (၅၉၂၄)ကို ကူမင်းလေဆိပ်မှာ တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီလေယာဉ် (၂)စင်းဟာ အသစ်ဖြစ်ပြီး MAF နာမည် တပ်မတော်(လေ)ဆိုကာ ရေးသားထားပြီး အရင်ကမရှိဖူးသေးတဲ့ အမြီးနံပါတ်ဖြစ်ကာ မကြာသေးမီက မိတ်ဆက်ခဲ့တဲ့ Y-8F-200W အမြီးနံပါတ် (၅၉၂၂)ကို ၂၀၂၄ခုနှစ် ဒီဇင်ဘာလမှာ စတင်အသုံးပြုခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အခုလိုအခြေအနေတွေကြောင့် စစ်တပ်(လေ)ဟာ စစ်ဘက်လေယာဉ်တွေနဲ့ပတ်သက်ပြီး ဝန်ဆောင်နိုင်စွမ်းနဲ့ ဘက်စုံအသုံးပြုနိုင်ဖို့အတွက် အထူးအလေးသာတဲ့ Y-8 လေယာဉ်တွေကို ဆက်လက်တိုးချဲ့အသုံးပြုနေတာလို့ ရေးသားထားပါတယ်။

နောက်ပြီး Y-8 လေယာဉ်တွေ ထပ်မံရောက်ရှိလာတာဟာ စစ်တပ်(လေ)ရဲ့ ထောက်ပံ့ပို့ဆောင်ရေးနဲ့ လည်ပတ်နိုင်တဲ့စွမ်းရည်ကို တိုးပွားစေဖို့ဖြစ်တယ်လို့လဲ ပြောဆိုထားပါတယ်။

နွေဦးတော်လှန်ရေးကာလထဲ မြေပြင်မှာ စစ်ရေးရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ လေကြောင်းကနေ စစ်အင်အားဖြည့်တင်းတာနဲ့ ပစ်ကူတာတွေ ပိုမိုပြုလုပ်နေသလို တော်လှန်ရေးအင်အားစုတွေဘက်ကလဲ အဲ့ဒီလေယာဉ်တွေကို ပစ်ချနိုင်တဲ့အထိ ရှိနေပါတယ်။

အခုအချိန်အထိ တော်လှန်ရေးအင်အားစုတွေ ပစ်ချနိုင်ခဲ့တဲ့ စစ်ကောင်စီရဲ့ လေယာဉ် (၁၂)စီးကျော်အထိရှိပြီဖြစ်သလို အဲ့ဒီပစ်ချခံရတဲ့အထဲ ထောက်/ပို့လေယာဉ်တွေလဲ ပါဝင်တယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ငဖဲမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတာကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 19 ရက်
  • 13 Views
ဇူလိုင်လ (၁၉)ရက်။ မနေ့က နံနက် (၁၁)နာရီခွဲအချိန် ငဖဲမြို့နယ် နောင်ကျေးရွာပေါ်ကို ဒရုန်းနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ CDF-ASHO ရဲ့
မြန်မာသတင်း

အာဇာနည်နေ့မှာ ပုလောမြို့ကို စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်၊ ပြည်သူ (၄)ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 19 ရက်
  • 20 Views
ဇူလိုင်လ (၁၉)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီခွဲအချိန်က ပုလောမြို့၊ ဇရပ်ဆိပ်ကျေးရွာအုပ်စုရှိ မိမ္မမြို့ရွာအနီးကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ပုလော-PDF ရဲ့
မြန်မာသတင်း

အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ အိပ်မက်ဟာ ဒီကနေ့အထိ စစ်အာဏာရှင်စနစ်အောက်မှာ နစ်မွန်းနေဆဲလို့ NUG ပြော

  • 2025 ခုနှစ်၊ ဇူလိုင်လ 19 ရက်
  • 16 Views
ဇူလိုင်လ (၁၉)ရက်။ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ အဓိကမျှော်ရည်ချက်ဟာ တိုင်းရင်းသားတွေအားလုံးပါဝင်ပြီး တောင်တန်းနဲ့ မြေပြန့်မခွဲဘဲ လွတ်လပ်ရေးရရှိဖို့၊ အမျိုးသားတန်းတူရေး၊ လွတ်လပ်မှု၊ တရားမျှတမှုနဲ့ ဖက်ဒရယ်ဒီမိုကရေစီစံနှုန်းတွေ ပါဝင်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံသစ်တရပ် တည်ထောင်ဖို့ဖြစ်တယ်လို့ NUG ရဲ့ ဒီကနေ့ (၇၈)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို
မြန်မာသတင်း

စစ်ခေါင်းဆောင် ရန်ကုန်ရောက်ချိန် ‌မင်္ဂလာဒုံရှိ လေကြောင်းအတတ်သင် သင်တန်းကျောင်း တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဇူလိုင်လ 19 ရက်
  • 15 Views
ဇူလိုင်လ (၁၉)ရက်။ မနေ့က ည(၇)နာရီကျော်အချိန်က မင်္ဂလာဒုံမြို့ရှိ စစ်ကောင်စီရဲ့ လေကြောင်းအတတ်သင် သင်တန်းကျောင်းကို အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Yangon Army ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ညက (၇)နာရီ (၁၅)လောက်
မြန်မာသတင်း

ရန်ကုန်မှာပြုလုပ်တဲ့ အာဇာနည်နေ့အခမ်းအနားကို စစ်ခေါင်းဆောင် တက်ရောက်

  • 2025 ခုနှစ်၊ ဇူလိုင်လ 19 ရက်
  • 12 Views
ဇူလိုင်လ (၁၉)ရက်။ ဒီကနေ့ ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်မှာ ကျင်းပခဲ့တဲ့ အာဇာနည်နေ့အခမ်းအနားကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်တွေတုန်းက ရန်ကုန်မှာ ပြုလုပ်ခဲ့တဲ့ အာဇာနည်နေ့အခမ်းအနားကို ဒုစစ်ခေါင်းဆောင် စိုးဝင်းသာ တက်ရောက်ခဲ့ပြီး အခုနှစ်မှာ စစ်ခေါင်းဆောင်
မြန်မာသတင်း

ကျောက်မဲမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၂)လုံး ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ ဇူလိုင်လ 19 ရက်
  • 17 Views
ဇူလိုင်လ (၁၈)ရက်။ ဒီကနေ့ နံနက် (၉)နာရီ (၄၈)မိနစ်အချိန်က ကျောက်မဲမြို့ အထက်ကြူရှောရွာကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၂)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အထက်ကြူရှောရွာကို
မြန်မာသတင်း

မြန်မာ-ထိုင်းနယ်စပ်မျဉ်းတခုလုံးရဲ့ (၃)ပုံ (၁)ပုံကို KNU ထိန်းချုပ်ထား

  • 2025 ခုနှစ်၊ ဇူလိုင်လ 19 ရက်
  • 12 Views
ဇူလိုင်လ (၁၈)ရက်။ မြန်မာ-ထိုင်းနယ်စပ်မျဉ်းတခုလုံးရဲ့ (၃)ပုံ (၁)ပုံကို KNU က ထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်လို့ ISP-MYANMAR ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မြဝတီမြို့နယ်ထဲက စစ်ကောင်စီရဲ့ ဥကရစ်ထစခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် KNU ရဲ့ ထိန်းချုပ်နိုင်မှုဟာ
မြန်မာသတင်း

ခရိုနီ ဦးတေဇရဲ့သမီးအကြောင်း ဖော်ပြထားတဲ့ အီတလီထိပ်တန်းဖက်ရှင်မဂ္ဂဇင်းက အွန်လိုင်းဝက်ဆိုဒ်ကနေ ပြန်ဖယ်ရှား

  • 2025 ခုနှစ်၊ ဇူလိုင်လ 18 ရက်
  • 23 Views
ဇူလိုင်လ (၁၈)ရက်။ ခရိုနီ ဦးတေဇရဲ့သမီးဖြစ်သူ ရေချယ်တေဇအကြောင်း ဖော်ပြထားတဲ့ အီတလီထိပ်တန်းဖက်ရှင်မဂ္ဂဇင်းဖြစ်တဲ့ Vogue Italia က အွန်လိုင်းဝက်ဆိုဒ်ကနေ ဖယ်ရှားခဲ့တယ်လို့ Justice for Myanmar(JFM)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ထားတဲ့