ဇွန်လ (၂၄)ရက်။
ဒီကနေ့ ညနေပိုင်းအချိန်က ကျောက်မဲမြို့ရှိ ရပ်ကွက်အချို့ကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် (၅၀၀)ဗုံး (၂)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ကျောက်မဲမြို့က ရပ်ကွက်(၃)နဲ့ ရပ်ကွက် (၇)တို့မှာ အပစ်ရပ်ထားတယ်ဆိုတဲ့ စစ်ကောင်စီက ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ဦးတည်ပြီး ဂျက်ဖိုက်တာနဲ့ ပေါင် (၅၀၀)ဗုံး (၂)လုံး ကြဲချသွားတာ” လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ ကျောက်မဲမြို့ ရပ်ကွက် (၃)နဲ့ ရပ်ကွက် (၇)တို့မှာ ဂျက်ဖိုက်တာနဲ့ ပေါင် (၅၀၀)ဗုံး (၂)လုံး ကြဲချခဲ့တာဖြစ်ပြီး ပြည်သူ (၄)ဦး သေဆုံးခဲ့ကာ (၄)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် သေဆုံးသူတွေဟာ အမျိုးသား (၂)ဦးနဲ့ အမျိုးသမီး (၂)ဦးတို့ဖြစ်ပြီး ပြည်သူတွေရဲ့ နေအိမ် (၁၀)လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ရေးသားထားပါတယ်။
အဲ့ဒီနေရာတွေမှာ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ဦးတည်ကာ ဗုံးတွေ လာရောက်ကြဲချတိုက်ခိုက်ခဲ့တာလို့ TNLA က ပြောဆိုထားပါတယ်။
ဒါ့အပြင် ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်တာတွေ ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိ အမြဲရှိဖို့နဲ့ လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေ လိုက်နာဖို့ အသိပေးထားတယ်လို့ သိရပါတယ်။



