နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 24 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကမ္ဘာ့အဏုမြူဖိုရမ်ကို တက်ရောက်ဖို့ဆိုပြီး စစ်ခေါင်းဆောင် ရုရှားကိုသွား

စက်တင်ဘာလ (၂၄)ရက်။

ဒီကနေ့ နံနက်ပိုင်းက နေပြည်တော်လေဆိပ်ကနေ အထူးလေယာဉ်နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရုရှားနိုင်ငံ မော်စကိုမြို့ကို သွားရောက်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်ခေါင်းဆောင်ဟာ ရုရှားသမ္မတ ပူတင်ရဲ့ ဖိတ်ကြားတာကြောင့်ဆိုပြီး မော်စကိုမြို့မှာ ကျင်းပမယ့် ကမ္ဘာ့အဏုမြူသတင်းပတ်ဖိုရမ်-၂၀၂၅ကို တက်ရောက်ဖို့ရှိနေတာလို့ ဆိုပါတယ်။

ခရီးစဉ်ထဲ စစ်ခေါင်းဆောင်ဟာ ဖိုရမ်တက်ရောက်တာအပါအဝင် သမ္မတပူတင်နဲ့ ရုရှားနိုင်ငံက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးသွားဖို့ရှိတယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး နှစ်နိုင်ငံ ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာကိစ္စတွေနဲ့ ကဏ္ဍပေါင်းစုံမှာ ပူးပေါင်းဆောင်ရွက်မယ့်ကိစ္စတွေကို ပိုမိုခိုင်မာအောင် ဆောင်ရွက်ဖို့ ဆွေးနွေးသွားဖို့ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ရုရှားနိုင်ငံခရီးစဉ်ကို စစ်ခေါင်းဆောင်နဲ့အတူ စစ်ကော်မရှင်အတွင်းရေးမှူး ရဲဝင်းဦး၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေအပြင် ဝန်ကြီးအချို့နဲ့ စစ်တပ်အရာရှိတွေ လိုက်ပါသွားတယ်လို့ ပြောဆိုထားပါတယ်။

စစ်ခေါင်းဆောင်ဟာ ရွေးကောက်ပွဲကျင်းပဖို့ (၃)လအလိုမှာ ရုရှားနိုင်ငံကို ထပ်မံသွားရောက်ခဲ့တာဖြစ်ပြီး တဖက်မှာလဲ နိုင်ငံရေးအရ တရားဝင်မှုရရှိဖို့ ကြိုးပမ်းနေတာလို့ ပြောဆိုထားချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မြန်မာမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာဦးရေ (၃)သန်းခွဲကျော်အထိရှိလာ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 24 ရက်
  • 10 Views
စက်တင်ဘာလ (၂၄)ရက်။ မြန်မာနိုင်ငံတဝန်းမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာနေထိုင်သူဦးရေ (၃ ဒသမ ၆)သန်းနီးပါးခန့်ရှိလာခဲ့တယ်လို့ UNOCHA Myanmar ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း (၅၀၀၀)နီးပါး စာရင်းသွင်းထား

  • 2025 ခုနှစ်၊ စက်တင်ဘာလ 24 ရက်
  • 9 Views
စက်တင်ဘာလ (၂၄)ရက်။ အခုနှစ်ကုန် စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲအတွက် အမည်စာရင်းတင်သွင်းတာမှာ ကိုယ်စားလှယ်လောင်း (၄၉၆၃)ဦးရှိတယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အမည်စာရင်းတွေကို
မြန်မာသတင်း

နတ်တလင်းမှာ ပေါ်တာဆွဲခံရသူက ရဲကို ဓါးနဲ့ရှင်းပြီး PDF ဆီ လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 23 ရက်
  • 45 Views
စက်တင်ဘာလ (၂၃)ရက်။ မနေ့က နတ်တလင်းမြို့မှာ စစ်မှုထမ်းတပ်သားအနေနဲ့ ပေါ်တာဆွဲခံရသူက ရဲကို ဓါးနဲ့ရှင်းပြီး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း(၁)၊ (၃၈၀၁)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အလင်းဝင်လာသူဟာ နတ်တလင်းမြို့ ရွာသာယာရွာသား စိုင်းမြတ်ကိုဖြစ်ပြီး စက်တင်ဘာလ
မြန်မာသတင်း

ပဋိပက္ခဖြစ်ပွားတဲ့ ဒေါက်တာသီရိမွန်ချမ်းနဲ့ နိုင်ကိုသူတို့ကို MSFC က ကောင်စီဝင်အဖြစ်ကနေ ယာယီရပ်ဆိုင်းခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 23 ရက်
  • 59 Views
စက်တင်ဘာလ (၂၃)ရက်။ ပဋိပက္ခဖြစ်ပွားတဲ့ MSDF ရဲ့ နိုင်ငံရေးစစ်ရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ ဒေါက်တာသီရိမွန်ချမ်းနဲ့ အတွင်းရေးမှူး နိုင်ကိုသူတို့ကို ကောင်စီဝင်အဖြစ်ကနေ ယာယီရပ်ဆိုင်းထားတယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖြစ်စဉ်ဟာ ဒေါက်တာသီရိမွန်ချမ်းက နိုင်ကိုသူ သိမ်းဆည်းသွားတဲ့ လက်နက်တွေကို
မြန်မာသတင်း

စစ်ရေးအခြေအနေကြောင့် လွိုင်ကော်-ဒီမော့ဆို-ဖရူဆို-ဘောလခဲလမ်းမကို ဒီကနေ့ကစပြီး ပိတ်ပင်ထား

  • 2025 ခုနှစ်၊ စက်တင်ဘာလ 23 ရက်
  • 60 Views
စက်တင်ဘာလ (၂၃)ရက်။ ဒီကနေ့ကစပြီး မြေပြင်စစ်ရေးအခြေအနေကြောင့် လွိုင်ကော်-ဒီမော့ဆို-ဖရူဆို-ဘောလခဲလမ်းမကြီးကို ရက်အကန့်အသတ်မရှိ ပိတ်ထားမယ်လို့ KNDF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဩဂုတ်လကစပြီး စစ်ကောင်စီရဲ့ စစ်ကြောင်းတွေဟာ ဒီမော့ဆိုကနေ ဖရူဆိုမြို့ကို လမ်းမကြီးတလျှောက် ထိုးစစ်ဆင်လာကာ စက်တင်ဘာလထဲအထိ တိုက်ပွဲတွေဟာ
မြန်မာသတင်း

ရခိုင်သတင်းထောက်အမျိုးသမီးတစ်ဦးကို AA က ဖမ်းဆီးစစ်ဆေးနေ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 23 ရက်
  • 52 Views
စက်တင်ဘာလ (၂၃)ရက်။ မောင်တောအခြေစိုက် Border News Agency(BNA)ရဲ့ အမျိုးသမီးသတင်းထောက် မုဒြာကို AA က ဖမ်းဆီးစစ်ဆေးနေတယ်လို့ မနေ့က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရခိုင်အမျိုးသမီးသတင်းထောက်တဦးဖြစ်တဲ့ မုဒြာကို စက်တင်ဘာလ (၂၀)ရက်နေ့ နံနက် (၁၁)နာရီကျော်အချိန်
မြန်မာသတင်း

ရွေးကောက်ပွဲပျက်ပြားအောင်လုပ်တယ်ဆိုပြီး အသက်မပြည့်သေးသူတွေအပါအဝင် ပြည်သူ (၉)ဦးကို စစ်တပ်ဖမ်းဆီး

  • 2025 ခုနှစ်၊ စက်တင်ဘာလ 23 ရက်
  • 42 Views
စက်တင်ဘာလ (၂၃)ရက်။ ရွေးကောက်ပွဲကျင်းပတာကို ပျက်‌ပြားအောင်လုပ်တယ်ဆိုပြီး ပြည်သူ (၉)ဦးကို ဖမ်းဆီးခဲ့တယ်လို့ စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖမ်းဆီးခံရသူတွေဟာ ကရင်နီပြည်နယ် လွိုင်ကော်မြို့နဲ့ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်တို့ကဖြစ်ကာ သူတို့ထဲ အသက်(၁၈)နှစ်မပြည့်သေးတဲ့ လူငယ် (၂)ဦးပါဝင်တယ်လို့
မြန်မာသတင်း

ကုလသမဂ္ဂ အထွေထွေ ညီလာခံမတိုင်ခင် ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြု သည့်နိုင်ငံများထဲတွင် ပြင်သစ်ကလည်းပါဝင်မည်။

  • 2025 ခုနှစ်၊ စက်တင်ဘာလ 23 ရက်
  • 57 Views
CNN- ၂၀၂၅ခုနှစ် စက်တင်ဘာလ ၂၂ရက် ပြင်သစ်သည် ယခုအပတ်တွင် ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေညီလာခံအတွင်း ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုမည့် ဥရောပနိုင်ငံများအတွင်း နိုင်ငံတစ်ခုအဖြစ် ပါဝင်မည်ဖြစ်သည်။ ယမန်နေ့က အသိအမှတ်ပြုခဲ့သော ဗြိတိသျှ၊ ကနေဒါ၊ ဩစတြေးလျ၊ ပေါ်တူဂီနိုင်ငံများနှင့်