နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

မင်းကင်းနယ်မှာ ကျေးရွာပလဖတာဝန်ခံက ယောင်္ကျားဖြစ်သူကို ထိတ်တုံးခတ်ပြီး အမျိုးသမီးကို အဓမ္မပြုကျင့်မှုဖြစ်ပွား

စက်တင်ဘာလ (၂၄)ရက်။

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် မြောက်ချွန်းကျေးရွာရဲ့ ပလဖတာဝန်ခံ ဦးအိုက်နိုင်း(ခ)ဦးသိန်းတန်က ရွာခံအမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

“ ဖြစ်တာက မြောက်ချွန်းကျေးရွာပလဖတာဝန်ခံ ဦးအိုက်နိုင်း(ခ)သိန်းတန်က ရွာခံအမျိုးသမီးကို တောထဲခေါ်သွားပြီး မုဒိန်းကျင့်တာ၊ (၁၈)ရက်နေ့က တကြိမ်နဲ့ (၂၁)ရက်နေ့ကတကြိမ်၊ တိုင်လဲတိုင်ထားတယ်” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ကျေးရွာပလဖတာဝန်ခံ ဦးအိုက်နိုင်း(ခ)သိန်းတန်ဟာ ရွာခံလင်မယားကို စကားများရန်ဖြစ်တာကြောင့်ဆိုပြီး ယောင်္ကျားဖြစ်သူကို ရွာရုံးမှာ ထိတ်တုံးခတ်ထားခဲ့တာလို့ သိရပါတယ်။

အဲ့ဒီနောက် ဦးအိုက်နိုင်းက နစ်နာသူအမျိုးသမီးကို ယောင်္ကျားဖြစ်သူနဲ့တွေ့ဆုံဖို့ဆိုကာ လိုက်ခဲ့ခိုင်းပြီး ရုံးကိုမခေါ်သွားဘဲ တောထဲမှာ (၂)ကြိမ်တိုင်တိုင် အဓမ္မပြုကျင့်ခဲ့တာလို့ သူက ဆက်ပြောပါတယ်။

အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တိုက်နယ်ရုံးမှာ စစ်ဆေးတဲ့အခါမှာလဲ ဦးအိုက်နိုင်း(ခ)သိန်းတန်ကိုယ်တိုင် ဝန်ခံခဲ့ကာ ပိုက်ဆံပေးပြီး ကျေအေးဖို့ပြောဆိုခဲ့ပေမယ့် နစ်နာသူဘက်က တရားဥပဒေအရ အရေးယူပေးဖို့သာ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

“ အဲ့ဒီလိုဖြစ်တော့ တိုက်နယ်ရုံးကိုခေါ်ပြီး စစ်တဲ့အခါ သူ(ဦးအိုက်နိုင်း)ကိုယ်တိုင် ဝန်ခံခဲ့တယ်။ ပြီးတော့ တိုက်နယ်ရုံးကိုခေါ်ပြီး (၁၀)သိန်းနဲ့ ကျေအေးခိုင်းတယ်၊ အဲ့ဒါမရတော့ သိန်း(၂၀)ပေးတယ်ပြောတယ်။ ဒါပေမယ့် နစ်နာသူအမျိုးသမီးက လျော်ကြေးမလိုချင်ဘဲ ဥပဒေအရ အရေးယူဖို့ပြောတယ်” လို့ သူက ဆက်ပြောပါတယ်။

အဲ့ဒီနောက် ရွာခံအမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့တဲ့ ကျေးရွာပလဖတာဝန်ခံ ဦးအိုက်နိုင်း(ခ)သိန်းတန်ကို ရွာခံအမျိုးသမီးတွေက အလိုမရှိကြောင်းနဲ့ ချက်ချင်းဖြုတ်ပေးဖို့ ဆန္ဒဖော်ထုတ်နေကြပါတယ်။

ဒါ့အပြင် အဓမ္မပြုကျင့်မှု ကျူးလွန်ခဲ့တဲ့ ကျေးရွာပလဖတာဝန်ခံ ဦးအိုက်နိုင်း(ခ)သိန်းတန်ကို အရေးယူတဲ့အခြေအနေနဲ့ပတ်သက်ပြီး NUG ဘက်က တစုံတရာ ပြောဆိုလာတာမရှိသေးဘူးလို့လဲ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 23 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ်
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 29 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 29 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 21 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 36 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 27 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

ရေးမြိုမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 35 Views
မတ်လ (၂၆)ရက်။ အခုလ ဒုတိယပတ်ကစပြီး ရေးမြိုမြောက်ပိုင်းထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို MSFC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က
မြန်မာသတင်း

တမူးအခြေစိုက် NLA က MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 28 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၀)ရက်နေ့က တမူးဒေသခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က MOD နဲ့ ပူးပေါင်းခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLA ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့မှာ Myanmar Federal Army(MFA)နာမည်နဲ့