နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 2 ရက်

မြန်မာသတင်း

မြန်မာသတင်း

မင်းကင်းနယ်မှာ ကျေးရွာပလဖတာဝန်ခံက ယောင်္ကျားဖြစ်သူကို ထိတ်တုံးခတ်ပြီး အမျိုးသမီးကို အဓမ္မပြုကျင့်မှုဖြစ်ပွား

စက်တင်ဘာလ (၂၄)ရက်။

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် မြောက်ချွန်းကျေးရွာရဲ့ ပလဖတာဝန်ခံ ဦးအိုက်နိုင်း(ခ)ဦးသိန်းတန်က ရွာခံအမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

“ ဖြစ်တာက မြောက်ချွန်းကျေးရွာပလဖတာဝန်ခံ ဦးအိုက်နိုင်း(ခ)သိန်းတန်က ရွာခံအမျိုးသမီးကို တောထဲခေါ်သွားပြီး မုဒိန်းကျင့်တာ၊ (၁၈)ရက်နေ့က တကြိမ်နဲ့ (၂၁)ရက်နေ့ကတကြိမ်၊ တိုင်လဲတိုင်ထားတယ်” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ကျေးရွာပလဖတာဝန်ခံ ဦးအိုက်နိုင်း(ခ)သိန်းတန်ဟာ ရွာခံလင်မယားကို စကားများရန်ဖြစ်တာကြောင့်ဆိုပြီး ယောင်္ကျားဖြစ်သူကို ရွာရုံးမှာ ထိတ်တုံးခတ်ထားခဲ့တာလို့ သိရပါတယ်။

အဲ့ဒီနောက် ဦးအိုက်နိုင်းက နစ်နာသူအမျိုးသမီးကို ယောင်္ကျားဖြစ်သူနဲ့တွေ့ဆုံဖို့ဆိုကာ လိုက်ခဲ့ခိုင်းပြီး ရုံးကိုမခေါ်သွားဘဲ တောထဲမှာ (၂)ကြိမ်တိုင်တိုင် အဓမ္မပြုကျင့်ခဲ့တာလို့ သူက ဆက်ပြောပါတယ်။

အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တိုက်နယ်ရုံးမှာ စစ်ဆေးတဲ့အခါမှာလဲ ဦးအိုက်နိုင်း(ခ)သိန်းတန်ကိုယ်တိုင် ဝန်ခံခဲ့ကာ ပိုက်ဆံပေးပြီး ကျေအေးဖို့ပြောဆိုခဲ့ပေမယ့် နစ်နာသူဘက်က တရားဥပဒေအရ အရေးယူပေးဖို့သာ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

“ အဲ့ဒီလိုဖြစ်တော့ တိုက်နယ်ရုံးကိုခေါ်ပြီး စစ်တဲ့အခါ သူ(ဦးအိုက်နိုင်း)ကိုယ်တိုင် ဝန်ခံခဲ့တယ်။ ပြီးတော့ တိုက်နယ်ရုံးကိုခေါ်ပြီး (၁၀)သိန်းနဲ့ ကျေအေးခိုင်းတယ်၊ အဲ့ဒါမရတော့ သိန်း(၂၀)ပေးတယ်ပြောတယ်။ ဒါပေမယ့် နစ်နာသူအမျိုးသမီးက လျော်ကြေးမလိုချင်ဘဲ ဥပဒေအရ အရေးယူဖို့ပြောတယ်” လို့ သူက ဆက်ပြောပါတယ်။

အဲ့ဒီနောက် ရွာခံအမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့တဲ့ ကျေးရွာပလဖတာဝန်ခံ ဦးအိုက်နိုင်း(ခ)သိန်းတန်ကို ရွာခံအမျိုးသမီးတွေက အလိုမရှိကြောင်းနဲ့ ချက်ချင်းဖြုတ်ပေးဖို့ ဆန္ဒဖော်ထုတ်နေကြပါတယ်။

ဒါ့အပြင် အဓမ္မပြုကျင့်မှု ကျူးလွန်ခဲ့တဲ့ ကျေးရွာပလဖတာဝန်ခံ ဦးအိုက်နိုင်း(ခ)သိန်းတန်ကို အရေးယူတဲ့အခြေအနေနဲ့ပတ်သက်ပြီး NUG ဘက်က တစုံတရာ ပြောဆိုလာတာမရှိသေးဘူးလို့လဲ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကျွန်းစုမြို့မှာ PDF နဲ့ ပကဖအမည်ခံပြီး ခြိမ်းခြောက်ငွေတောင်းသူတဦးကို မြို့နယ်ပကဖ ဖမ်းဆီးခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 1 ရက်
  • 17 Views
ဖမ်းဆီးခံရသူဟာ လက်ထိပ်ချွတ်ပြီး ခုခံထွက်ပြေးတာကြောင့် အသေပစ်သတ်ခဲ့ရ ဒီဇင်ဘာလ (၁)ရက်။ ကျွန်းစုမြို့ရှိ ကျေးရွာတွေမှာ PDF နဲ့ ပကဖအမည်ခံပြီး ခြိမ်းခြောက်ငွေတောင်းသူတွေထဲက
မြန်မာသတင်း

မင်းကင်းမှာ CDM ဆရာဝန်အမျိုးသမီးကို မြို့နယ်ပလဖက အကြမ်းဖက်ဖမ်းဆီးတဲ့ရုပ်သံ လူမှုကွန်ရက်မှာ ပျံ့နှံ့နေ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 1 ရက်
  • 18 Views
မင်းကင်းမှာ CDM ဆရာဝန်အမျိုးသမီးကို မြို့နယ်ပလဖက အကြမ်းဖက်ဖမ်းဆီးတဲ့ရုပ်သံ လူမှုကွန်ရက်မှာ ပျံ့နှံ့နေ ဒီဇင်ဘာလ (၁)ရက်။ စစ်ကိုင်းတိုင်းရှိ မင်းကင်းမြို့နယ်က CDM
မြန်မာသတင်း

စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ရှုံ့ချဖို့ ကရင်လူမှုအဖွဲ့တွေ တိုက်တွန်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 1 ရက်
  • 17 Views
ဒီဇင်ဘာလ (၁)ရက်။ အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲဟာ နိုင်ငံထဲရှိ နိုင်ငံရေးပဋိပက္ခပြဿနာတွေကို လုံးဝဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့ ကရင်လူမှုအဖွဲ့အစည်း (၂၅)ဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ဒီလို ပြည်သူလူထုအများစုရဲ့ ဆန္ဒမပါဘဲ အတင်းအကျပ်လုပ်ယူတဲ့ အဲ့ဒီအတုအယောင်ရွေးကောက်ပွဲကို ကရင်လူမှုအဖွဲ့တွေက အပြင်းအထန်ရှုံ့ချထားပါတယ်။ နောက်ပြီး
မြန်မာသတင်း

မိုးကုတ်မြို့အတွက် တောင်းပန်ဖို့ စကားလုံးမရှိလို့ TNLA ခေါင်းဆောင် ဗိုလ်ချုပ် တားဘုန်းကျော်ပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 1 ရက်
  • 18 Views
ဒီဇင်ဘာလ (၁)ရက်။ မိုးကုတ်မြို့နဲ့ပတ်သက်ပြီး တောင်းပန်ဖို့ စကားလုံးမရှိဘူးလို့ TNLA ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်ချုပ် တားဘုန်းကျော်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ “ နှင်းသီးကြွေ ခြေစုံခိုက် ရင်ဝယ်ဆူးစိုက် လောင်မြိုက်မျက်ရည် အို… မိုးကုတ်
မြန်မာသတင်း

တော်လှန်ရေးအင်အားစုတွေ စစ်မှုထမ်းဥပဒေအရေး တုံ့ပြန်ဖြေရှင်းနိုင်ဖို့ အလွန်အားနည်းနေတယ်လို့ဆို

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 1 ရက်
  • 12 Views
ဒီဇင်ဘာလ (၁)ရက်။ တော်လှန်ရေးအင်အားစုတွေဟာ စစ်မှုထမ်းဥပဒေအရေး တုံ့ပြန်ဖြေရှင်းနိုင်ဖို့ ပြင်ဆင်လုပ်ဆောင်တာ အလွန်အားနည်းနေတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ ‌လေ့လာရေးအဖွဲ့(MDSI)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ရည်မှန်းချက်အတိုင်း ပြည်သူ့စစ်မှုထမ်းဥပဒေကို အောင်မြင်စွာ အကောင်အထည်ဖော် လုပ်ဆောင်နိုင်ပြီး တန်ပြန်ထိုးစစ်တွေမှာ
မြန်မာသတင်း

ဒါရိုက်တာ မိုက်တီးနဲ့ သရုပ်ဆောင် (၂)ဦးကို ရွေးကောက်ပွဲကာကွယ်တဲ့ဥပဒေနဲ့ ထောင် (၇)နှစ်စီချခံရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 30 ရက်
  • 39 Views
နိုဝင်ဘာလ (၃၀)ရက်။ ဒါရိုက်တာ မိုက်တီး၊ သရုပ်ဆောင် ကျော်ဝင်းထွဋ်နဲ့ ဟာသသရုပ်ဆောင် အုန်းဒိုင်းတို့ကို စစ်တပ်က ထောင် (၇)နှစ်စီ ချမှတ်ခဲ့ရတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ စစ်တပ်က ဝါဒဖြန့်ရိုက်ကူးတဲ့ ‌” ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” ရုပ်ရှင်ကို
မြန်မာသတင်း

မိုးကုတ်မြို့ထဲ စစ်ကော်မရှင်တပ်တွေ ဝင်ရောက်လာ၊ 

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 30 ရက်
  • 43 Views
တိုက်ပွဲပြန်ဖြစ်မှာ စိုးရိမ်တာကြောင့် မြို့ခံအားလုံးနီးပါး တိမ်းရှောင်နေပြီး တိတ်ဆိတ်ခြောက်ကပ်နေ နိုဝင်ဘာလ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်ကစပြီး မန္တလေးတိုင်း မိုးကုတ်မြို့ထဲကို စစ်ကော်မရှင်တပ်တွေ စတင်ဝင်ရောက်လာခဲ့တယ်လို့ မြို့ခံတွေရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ “ မနေ့က ည‌ပိုင်းလောက်ကစပြီး မြို့ထဲကို
မြန်မာသတင်း

မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းနိုင်ခဲ့တဲ့အပေါ် NUG ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 30 ရက်
  • 39 Views
နိုဝင်ဘာလ (၃၀)ရက်။ မန္တလေးလွှတ်တော်က မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ အတည်ပြုဖွဲ့စည်းနိုင်ခဲ့တဲ့အပေါ် NUG က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မနေ့က ကျင်းပခဲ့တဲ့ မန္တလေးလွှတ်တော်ရဲ့ ပထမအကြိမ်အစည်းအဝေးမှာ မန္တလေးကြားကာလအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းပေးခဲ့တာနဲ့ ကောင်စီဝင်တွေက ကတိသစ္စာပြုခဲ့တာတို့ကို