ဒီဇင်ဘာလ (၂၃)ရက်။
ဒီကနေ့ ညနေ (၆)နာရီ (၄၅)မိနစ်အချိန်က လှည်းကူးမြို့ ကျောက်အိုင်ရွာရှိ အုပ်ချုပ်ရေးမှူးရုံးကို ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ အနောက်ပိုင်းခရိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ လှည်းကူး ကျောက်အိုင်ရွာ က အုပ်ချုပ်ရေးမှူးရုံးမှာ စခလက်ပါးစေ အုပ်ကြီးနဲ့ ပျူစောထီးတွေ လူစုနေတဲ့အချိန်မှာ အဝေးထိန်းမိုင်း (၂)လုံးနဲ့ ပစ်ခတ်ခဲ့တာ။ ထိခိုက်တာရှိနိုင်ပေမယ့် အသေးစိတ်ကို စုံစမ်းနေဆဲပဲ” လို့ ဆိုပါတယ်။
ကျောက်အိုင်ရွာရှိ စစ်တပ်လက်ပါးစေတွေဖြစ်တဲ့ အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးတွေဟာ အုပ်ချုပ်ရေးမှုးရုံးမှာ လူငယ်တွေကို ပေါ်တာဆွဲဖို့ လူစုနေချိန် ပြင်းအားမြင့် အဝေးထိန်းမိုင်း (၂)လုံးနဲ့ ပစ်ခတ်ခဲ့တာလို့ ဖော်ပြထားပါတယ်။
အဲ့ဒီစစ်ဆင်ရေးကို အနောက်ပိုင်းခရိုင်ပကဖနဲ့ Yangon Army တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ပစ်မှတ်ကို ထိထိရောက်ရောက် တိုက်ခိုက်နိုင်ခဲ့ကာ ထိခိုက်တဲ့ အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
အဲ့ဒီစစ်တပ်လက်ပါးစေတွေဟာ တရားမဝင်ရွေးကောက်ပွဲလုပ်ဖို့ ဆောင်ရွက်နေတာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် စစ်တပ်နဲ့ ပတ်သက်ဆက်နွယ်နေတဲ့နေရာတွေ၊ တရားမဝင်ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ ပစ်မှတ်တွေကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ အသိပေးထားချက်အရ သိရပါတယ်။








