နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

NUG ရဲ့ အောင်မြင်မှုနဲ့ ကျရှုံးမှုကို သင်ခန်းစာယူဖို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရကို ယာယီသမ္မတ တိုက်တွန်း

ဒီဇင်ဘာလ (၂၄)ရက်။

စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအနေနဲ့ NUG ရဲ့ အောင်မြင်မှုတွေနဲ့ ကျရှုံးမှုတွေကို သင်ခန်းစာယူဖို့ ယာယီသမ္မတ ဒူဝါလရှီးလက မနေ့က တိုက်တွန်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။

“ ကျွန်တော်အနေနဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရကို အထူးတိုက်တွန်းလိုတာက အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အောင်မြင်မှုတွေနဲ့ ကျရှုံးမှုတွေကို သင်ခန်းစာကောင်းအနေနဲ့ ရယူပြီး စစ်ကိုင်းဒေသကို ပိုမို ကောင်းမွန်တဲ့ အုပ်ချုပ်မှုစနစ်နဲ့ ဖော်ဆောင်ပေးဖို့ တိုက်တွန်းလိုပါတယ်” လို့ ဆိုပါတယ်။

နွေဦးတော်လှန်ရေးရဲ့ ရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ စနစ်တည်ဆောက်မှုလုပ်ငန်းစဥ်မှာ စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွက် အလွန်အရေးကြီးတဲ့ လုပ်ငန်းတခုကို အကောင်အထည်ဖော်လာနိုင်တဲ့အပေါ် အတိုင်းမသိ ၀မ်းသာဂုဏ်ပြုတယ်လို့ ပြောဆိုထားပါတယ်။

NUG အနေနဲ့ အစိုးရစုဖွဲ့မှု၊ တည်ဆောက်မှု၊ စိုးမိုးထိန်းချုပ်နယ်မြေတွေ ချဲ့ထွင်မှုနဲ့ အစိုးရယန္တရားတွေ လည်ပတ်မှု စတင်နိုင်အောင် (၅)နှစ်တာကာလထဲ အဆင့်ဆင့် တည်ဆောက်ယူခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလုပ်ငန်းစဉ်တွေကို ပြန်လည်သုံးသပ်ပါက အောင်မြင်သင့်သလောက် မအောင်မြင်ခဲ့တာရှိသလို အခက်အခဲစိန်ခေါ်မှုတွေကိုလဲ အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့တဲ့ အောင်မြင်မှုတွေ များစွာရှိတယ်လို့ ထည့်သွင်းပြောဆိုထားပါတယ်။

နောက်ပြီး အတူတည်ဆောက်နေတဲ့ မြန်မာနိုင်ငံရဲ့ ဖက်ဒရယ်စနစ် စတင်ပျိုးထောင်တည်ဆောက်ရာမှာ NUG နဲ့ ဒီကနေ့ ပေါ်ထွန်းလာမယ့် စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရတို့အကြား ဟန်ချက်အညီဆုံးဖြစ်အောင် ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အထူးအရေးကြီးတယ်လို့ ဆိုပါတယ်။

ဒီလိုပူးပေါင်းဆောင်ရွက်ပြီး ဖက်ဒယ်စနစ်ကို အတူတကွတည်ဆောက်ကြရာမှာ တော်လှန်ရေးကာလ/ကြားကာလထဲမှာ တည်ဆောက်ကြရတာကြောင့် ပုံမှန်အခြေအနေမှာ တည်ဆောက်တဲ့ ဖက်ဒရယ်အစိုးရအနေအထားမျိုးထက် ပိုမိုအားစိုက်ထုတ်ပြီး ညီညွတ်မှုအခြေခံနဲ့ အောင်မြင်အောင် လက်တွဲလုပ်ဆောင်ဖို့ တိုက်တွန်းထားပါတယ်။

ဒါ့ကြောင့် ဟန်ချက်အညီဆုံးဖြစ်အောင် ပူးပေါင်းဆောင်ရွက်နိုင့်လုပ်ငန်းစဉ်တွေကို ဖက်ဒရယ်ဒီမိုကရေစီပဋိညာဥ်ပါ ဖက်ဒရယ်တန်ဖိုးတွေ၊ ဒီမိုကရေစီတန်ဖိုးများနဲ့အညီ အထူးအားစိုက်ပြီး ဆက်လက်လုပ်ဆောင်နိုင်ဖို့တာ၀န်ဟာ သမိုင်းပေးတာဝန်ဖြစ်တယ်လို့ ယာယီသမ္မတက ထည့်သွင်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 1 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ်
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 12 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 12 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 10 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 33 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 23 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

ရေးမြိုမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 33 Views
မတ်လ (၂၆)ရက်။ အခုလ ဒုတိယပတ်ကစပြီး ရေးမြိုမြောက်ပိုင်းထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို MSFC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က
မြန်မာသတင်း

တမူးအခြေစိုက် NLA က MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 25 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၀)ရက်နေ့က တမူးဒေသခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က MOD နဲ့ ပူးပေါင်းခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLA ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့မှာ Myanmar Federal Army(MFA)နာမည်နဲ့