မတ်လ (၁၅)ရက်။
ထန်တလန်မြို့ရှိ စစ်ကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်ရဲ့ ပိုင်ဆိုင်တာတွေကို ပြည်သူကိုယ်စား အပြီးပိုင်သိမ်းဆည်းလိုက်တယ်လို့ CDF-ထန်တလန်ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဒေါက်တာမှုထန်ဟာ ထန်တလန်မြို့က ဒေသခံတစ်ဦးဖြစ်ပြီး မတရားအာဏာသိမ်းတာသာမက မြို့တခုလုံးကို မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်တပ်ကို အားပေးသူလို့ ဆိုပါတယ်။
သူဟာ အကြမ်းဖက်စစ်တပ်ရဲ့ ပြည်သူအပေါ် ရက်စက်ကြမ်းကြုတ်စွာ အကောင်အထည်ဖော် ဆောင်ရွက်တဲ့လုပ်ငန်းတွေမှာ တက်တက်ကြွကြွ ပါဝင်ပြီး အဖွဲ့ဝင်တစ်ဦးလဲ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ကြောင့် CDF-ထန်တလန် ထိန်းချုပ်နယ်မြေထဲရှိ ထန်တလန်မြို့က သူပိုင်ဆိုင်ထားတဲ့ အိမ်၊ ခြံ၊ မြေ အားလုံးကို တော်လှန်ရေးကာလထဲ ပြည်သူကိုယ်စား အပြီးပိုင်သိမ်းဆည်းလိုက်တာလို့ ပြောဆိုထားပါတယ်။
နောက်ပြီး အပြီးပိုင်သိမ်းဆည်းလိုက်တဲ့ ဒေါက်တာမှုထန်ရဲ့ ပိုင်ဆိုင်တာတွေကို လိုအပ်သလို ဆက်လက်ကိုင်တွယ်သွားမှာဖြစ်ပြီး အသစ်တက်လာမယ့် အစိုးရသစ်ထံ ထပ်မံလွှဲအပ်သွားမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
