နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြန်မာ့အိမ်နီးချင်းတွေယုတ်မာနေကြပြီလား?

မြန်မာ့အိမ်နီးချင်းတွေယုတ်မာနေကြပြီလား?

မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံများဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးကို စိတ်မဝင်စားကြပါဘူး။ စိတ်မဝင်စားတဲ့အပြင် သူတို့အကျိုးအမြတ်ရမယ်ဆိုရင် မြန်မာပြည်သူတွေရဲ့ လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်နေမှုကို နင်းချဖို့၊ ဖျက်စီးနှောက်ယှက်ဖို့လည်းဝန်မလေးကြပါဘူး။ ဒီနေ့ကမ္ဘာ့နိုင်ငံရေးအလှည့်အပြောင်းက အလွန်ကြောက်စရာကောင်းပါတယ်။

ဒီမိုကရေစီရေးနဲ့ လူ့လွတ်လပ်ခွင့်တွေထဲက အဓိက လူသားတွေရဲ့ ရပိုင်ခွင့်ဖြစ်တဲ့ လွတ်လပ်စွာပြောဆိုခွင့်၊ ဆန္ဒပြခွင့် ၊ ထုတ်ဝေခွင့် တွေကို တန်ဖိုးထားတဲ့ ဒီမိုကရေစီ ရှေ့ဆောင်နိုင်ငံ အမေရိကန်မှာတောင် ဒီမိုကရေစီ အခွင့်အရေးတွေ ဆိတ်သုဥ်းလာနေပြီ ဖြစ်ပါတယ်။ ဒီကနေ့ကမ္ဘာ့အာဏာစဥ်မှာ အင်အားကြီး နိုင်ငံတွေက အင်အားကသာ အရာရာကို ဆုံးဖြတ်တယ်။ အင်အားကြီးတဲ့ နိုင်ငံလုပ်သမျှက တရားတယ် မှန်တယ်၊ ဘာမှ ပြန်ပြောနေစရာ မလိုဘူး။ နာခံရမယ် ဆိုတဲ့အယူအဆတွေ လွှမ်းမိုးလာခဲ့တယ်။

အိမ်နီးချင်းနိုင်ငံတွေကြားမှာ လာအိုနိုင်ငံငယ်လေးကလွဲပြီး မြန်မာနိုင်ငံထက် အင်အားအရာ၊ စီးပွား‌ရေးအရာ၊ တိုးတက်မှုအရာတွေအားလုံး အိမ်နီးချင်းနိုင်ငံတွေက သာနေ ပါတယ်။ ဒါကြောင့် သူတို့ပြုသမျှကို ခေါင်းငုံခံရတဲ့ဘဝကို ရောက်လာတယ်လို့မြင်ပါတယ်။ မြန်မာတော်လှန်ရေး အင်အားစုများအကြား ညီညွတ်ရေး မတည်ဆောက်နိုင်ခြင်းကလည်း အားနည်းချက်တခုအဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။

မကြာသေးမီက အိန္ဒိယ-မြန်မာနယ်စပ် တမူးခရိုင် ကမ္မကြီးကျေးရွာအနီး မြန်မာဖက်ခြမ်းနယ်စပ်မှာ ယာယီစခန်း ရွှေ့ပြောင်းတာဝန်ထမ်းဆောင်နေတဲ့ ပကဖ ရဲဘော် (၁၀) ဦးကို မေလ ၁၄ရက်နေ့က အိန္ဒိယ နယ်ခြားစောင့်တပ် အာသံရိုင်ဖယ်တပ်ရင်း (၁) ကနေ မြန်မာပြည်တွင်း ဝင်ရောက် ဖမ်းဆီးခဲ့ပြီးနောက် ညှင်းဆဲသတ်ဖြတ်ခဲ့ပါတယ်။

အိန္ဒိယအစိုးရက မြန်မာတော်လှန်‌ရေးအဖွဲ့အစည်းတွေကို နိုင်မြင်းလို့ မထင်ခဲ့ဘဲ စစ်အစိုးရ အဆက်ဆက် ကိုသာ အလေးပေး ဆက်ဆံခဲ့ပါတယ်။ အခုပူပူနွေးနွေး ဒီကိစ္စ မဖြစ်ခင် တော်လှန်‌ရေး သမားတွေကို သစ္စာဖောက်ခဲ့ဖူးပါတယ်။ နောက်ကြောင်းလှန်ပြောရမယ်ဆိုရင် ၁၉၉၁ ခုနှစ် ပထမရက္ခိုင့်တပ်မတော် (AA)ကို ဦးဆောင်ဖွဲ့စည်းခဲ့တဲ့ ဗိုလ်ချုပ်ခိုင်ရာဇာ အပါအဝင် မျိုးချစ်ရခိုင်မျိုးချစ်အဖွဲ့နဲ့ KNU ပူးပေါင်းအဖွဲ့ကို ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ လင့်(ဒ)ဖော်လ် (Landfall) ကျွန်းပေါ်မှာ သတ်ဖြတ်ခဲ့တာကို သက်သေအထောက်အထားတခုအနေနဲ့ ဦးထွန်းအောင်ကျော်က တင်ပြထားပါတယ်။

နောင်မျိုးဆက်များ သတိပြုစရာ အထောက်အထားတခု ဖြစ်ပါတယ်။

ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပဲခူး ဇေယျဝတီမြိုရှိ စစ်တပ်ဂိတ် တိုက်ခိုက်ခံရပြီး တပ်ကြပ်တဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်
  • 18 Views
ဖေဖော်ဝါရီလ (၆)ရက်။ မနေ့က ပဲခူးတိုင်း ဇေယျဝတီမြိုရှိ အကြမ်းဖက်စစ်တပ်ဂိတ်ကို တိုက်ခိုက်ခဲ့တယ်လို ပဲခူးတိုင်းစစ်ဌာနရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇေယျဝတီသကြားစက်နားက
မြန်မာသတင်း

တိုက်ပွဲကြောင့် ဒီမော့ဆို-ဖရူဆို-ထားလဲ-နန်းဖဲ-ဘောလခဲလမ်းမကို လုံးဝအသုံးမပြုဖို KNDF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်
  • 14 Views
ဖေဖော်ဝါရီလ (၆)ရက်။ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒီမော့ဆို-ဖရူဆို-ထားလဲ-နန်းဖဲ-ဘောလခဲလမ်းမကို လုံးဝအသုံးပြုသွားလာတာ မလုပ်ကြဖို KNDF က ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒီမော့ဆို-ဖရူဆို-ထားလဲ-နန်းဖဲ-ဘောလခဲလမ်းမကြီးနဲ့
မြန်မာသတင်း

ဆောမြိုနယ်ထဲ စစ်တပ်ရဲ့ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သား (၅)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်
  • 16 Views
ဖေဖော်ဝါရီလ (၆)ရက်။ မနေ့က ညနေ (၅)နာရီခန့်က ဆောမြိုနယ်ရှိ မိအယ်ရွာကို စစ်တပ်က လေကြောင်းကနေ အကြောင်းမဲ့ တိုက်ခိုက်ခဲ့တယ်လို ယောအလင်းတန်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ညနေ (၄)နာရီ (၅၅)မိနစ်လောက်မှာ ဆောနယ်
မြန်မာသတင်း

မင်းအောင်လှိင်ကို ဘွဲပေးတာက ငရဲခွေးကြီးကို ဘွဲဝတ်ရုံ ဆင်မြန်းပေးတာလိုဆို

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်
  • 14 Views
ဖေဖော်ဝါရီလ (၆)ရက်။ မနေ့က စစ်ခေါင်းဆောင် မင်းအောင်လှိင်ကို ရန်ကုန်တက္ကသိုလ် ဘွဲနှင်းသဘင်ခန်းမမှာ ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ပါရဂူဘွဲပေးခဲ့တယ်လို သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ အဲ့ဒီလို မင်းအောင်လှိင်ကို စစ်အုပ်စုခန့်ထားတဲ့ လက်အောက်ခံ ရန်ကုန်တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲက ဘွဲပေးခဲ့တဲ့အပေါ် ရန်ကုန်တက္ကသိုလ် ကြားကာလတက္ကသိုလ်ကောင်စီ၊
မြန်မာသတင်း

ရွှေဈေးကစားတယ်ဆိုပြီး ရန်ကုန်ရွှေရောင်းဝယ်သူများအသင်း ဥက္ကဋ္ဌအပါအဝင် (၃)ဦးကို စစ်ကော်မရှင်ဖမ်းဆီး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်
  • 17 Views
ဖေဖော်ဝါရီလ (၆)ရက်။ ပြည်တွင်းရွှေဈေးကွက် မတည်ငြိမ်အောင်လုပ်တယ်ဆိုပြီး ရန်ကုန်တိုင်း သတ္တု(ရွှေ)ရောင်းဝယ်သူများအသင်းရဲ့ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတိုကို စစ်ကော်မရှင်က ဖမ်းဆီးခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကော်မရှင်က ဖမ်းဆီးခဲ့သူ (၃)ဦးဟာ ဥက္ကဋ္ဌ ဦးမျိုးမြင့်(သိန်းသန်း စိန်ရွှေရတနာဆိုင်)၊
မြန်မာသတင်း

New York Times

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်
  • 49 Views
အာဏာသိမ်းပြီး နှစ်အနည်းငယ်အကြာတွင် မြန်မာ့ပြည်ပရောက်အစိုးရ အရာမရောက် ဖြစ်လာသည့်အခြေအနေသို့ ဆိုက်ရောက်နေ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို စစ်ကောင်စီအား ဆန့်ကျင်သည့် ဒီမိုကရေစီ လိုလားသော အစားထိုးအစိုးရအဖြစ် ဖွဲ့စည်းခဲ့သော်လည်း
မြန်မာသတင်း

မြိုင်နယ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် ပြည်သူတဦး ဒဏ်ရာရပြီး နေအိမ် (၂)လုံး ပျက်စီးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 45 Views
ဖေဖော်ဝါရီလ (၅)ရက်။ မနေ့က ညနေ (၅)နာရီခွဲကျော်အချိန်က မြိုင်နယ်မြောက်ပိုင်း မြောက်ဆည်ရွာအရှေ့ထိပ်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ ညနေ (၅)နာရီ (၄၀)မိနစ်လောက်မှာ မြောက်ဆည်ရွာအရှေ့ထိပ်ကို တံတားဦးလေတပ်ကနေ ဂျက်ဖိုက်တာတစီးနဲ့ ပေါင်(၂၀၀)ဗုံးကော၊
မြန်မာသတင်း

ရေးမြို့ရှိ စစ်တပ်ရဲ့ ခမရ(၅၉၁)တပ်ရင်း တိုက်ခိုက်ခံရပြီး (၄)ဦးသေဆုံး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 40 Views
ဖေဖော်ဝါရီလ (၅)ရက်။ ဖေဖော်ဝါရီလ (၃)ရက်နေ့ နံနက် (၅)နာရီအချိန်က ရေးမြို့ စကခ(၁၈)အောက်ရှိ ခမရ(၅၉၁)တပ်ရင်းကို လက်နက်ကြီး/ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Ramonnya Mon Army ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၃)ရက်နေ့