နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

မိုင်းငေါ့ရှိ TNLA ရဲ့ စစ်ဆေးရေးဂိတ်ကို SSPP/SSA က ပစ်ခတ်တိုက်ခိုက်

ဇွန်လ (၂၅)ရက်။

မနေ့က ညနေ (၄)နာရီ (၂၀)မိနစ်အချိန်က မိုင်းငေါ့မြို့ မန်ပွန်းရွာအနီးရှိ TNLA ရဲ့ စစ်ဆေးရေးဂိတ်ကို SSPP/SSA က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်

“ ညနေ(၄)နာရီ (၂၀)မိနစ်လောက်က လူအင်အား (၄၆)ဦးပါတဲ့ ကား (၂)စီးနဲ့ စစ်ဆေးရေးဂိတ်ကို ဖြတ်သွားပြီးတော့မှ သေနတ်နဲ့ (၆)ချက် ပစ်ခတ်ခဲ့တာ” လို့ TNLA က ဆိုပါတယ်။

အဲ့ဒီဖြစ်စဉ်ဟာ SSPP/SSA ရဲ့ တပ်မဟာ (၇၂၉)လက်အောက်ခံတပ်ရင်းဖြစ်တဲ့ (၂၀၈)ဟာ လူအင်အား (၄၆)ဦးပါ ကား (၂)စီးနဲ့ စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းပြီးနောက်မှာ ပစ်ခတ်ခဲ့တာလို့ ဖော်ပြထားပါတယ်။

အဲ့ဒီလိုပစ်ခတ်ခံရတဲ့ဖြစ်စဉ်ထဲ ထိခိုက်တဲ့အခြေအနေကိုတော့ TNLA က ထည့်သွင်းပြောဆိုထားတာမရှိပါဘူး။

နောက်ပြီး ဇွန်လ (၂၃)ရက်နေ့ကလဲ မိုးမိတ်မြို့ မိုးဟောက်ကျေးရွာထဲ ကင်းလှည့်နေတဲ့ TNLA စစ်ကြောင်းကို SSPP/SSA က (၂)ကြိမ် ပစ်ခတ်ခဲ့သလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့သေးတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဇွန်လ (၁၅)ရက်နေ့ကလဲ ဟူးဆွန်တောင်စခန်းမှာ TNLA တပ်ဖွဲ့ဝင်တွေကို SSPP/SSA က ပစ်ခတ်ခဲ့တာကြောင့် တပ်ဖွဲ့ဝင် (၂)ဦးသေဆုံးခဲ့ပြီး (၃)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

NUG ရဲ့ ယင်းမာပင်ခရိုင်တပ်စခန်းတခုကို စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 21 Views
ဖေဖော်ဝါရီလ (၂၇)ရက်။ NUG ရဲ့ အမှတ်(၁)စစ်ဒေသ စစ်ကိုင်းတိုင်းစစ်ဌာနရဲ့ ယင်းမာပင်ခရိုင်တပ်ရင်းတခုကို စစ်တပ်က ‌လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မနေ့က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ဖောင်းပြင်မြို့ ဟော်ဇောင်းရွာဈေးတန်းကို စစ်တပ်က လေကြောင်းနဲ့ အကြိမ်(၅၀)ထက်မနည်း တိုက်ခိုက်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 18 Views
ဈေးဆိုင်ခန်းတွေ မီးလောင်ပျက်စီးတာနဲ့ အရပ်သား ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့ဆို ဖေဖော်ဝါရီလ (၂၇)ရက်။ မနေ့က နံနက် (၁၁)နာရီအချိန်ကစပြီး ည (၁၀)နာရီကျော်အချိန်အထိ ဖောင်းပြင်မြို့ရှိ
မြန်မာသတင်း

ရွာငံတိုက်ပွဲထဲ စစ်ကောင်စီတပ်ဘက်က ဗိုလ်(၁)ဦးအပါအဝင် (၁၀)ဦးခန့် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 18 Views
တိုက်ပွဲထဲ ပြည်သူတွေ ထိခိုက်မှာစိုးတာကြောင့် စစ်ရေးရည်မှန်းချက်တွေ မလုပ်ဆောင်နိုင်တာတွေရှိတယ်လို့ဆို ဖေဖော်ဝါရီလ (၂၇)ရက်။ ဖေဖော်ဝါရီလ (၁၈)ရက်နေ့က ရွာငံမြို့ ကျောက်ငှက်-အုတ်တွင်းလမ်းပိုင်းမှာ ပတ်ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့တယ်လို့ Danu PDF(၁၀၀၃)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်ကောင်စီတပ်ကို
မြန်မာသတင်း

စစ်မှုထမ်းဆင့်ခေါ်တာမှာ အသက်မပြည့်သေးသူတွေနဲ့ အသက်ကျော်လွန်သူတွေပါတယ်ဆိုပြီး စစ်ကော်မရှင်ဝန်ခံ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 19 Views
ဖေဖော်ဝါရီလ (၂၇)ရက်။ စစ်မှုထမ်းဆင့်ခေါ်တာမှာ အသက်မပြည့်သူတွေနဲ့ အသက်ကျော်လွန်သူတွေပါတယ်လို့ မနေ့က စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့အစည်းအဝေးမှာ စစ်ကော်မရှင်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ လေ့ကျင့်ရေးသင်တန်းကျောင်းတွေကို မပို့ခင် စုရပ်တွေမှာ စိစစ်တဲ့အခါ အသက်မပြည့်သေးသူတွေနဲ့ အသက်ကျော်လွန်သူတွေကို တွေ့ရတာကြောင့်
မြန်မာသတင်း အမေရိကန်

အမေရိကန်ပဲပုပ်ဖတ် တင်ပို့သူတွေနဲ့ မြန်မာဝယ်သူတွေ သဘောတူလက်မှတ်ရေးထိုး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 36 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ အမေရိကန်ရဲ့ ပဲပုပ်ဖတ်တင်ပို့သူတွေနဲ့ မြန်မာဝယ်သူတွေအကြား သဘောတူညီချက်အသစ် လက်မှတ်ရေးထိုးခဲ့တယ်လို့ အမေရိကန်သံရုံးရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အရှေ့တောင်အာရှကို အမေရိကန် ပဲပုပ်ဖတ်တင်သွင်းတာ တိုးမြှင့်နိုင်ဖို့အတွက် တင်ပို့သူတွေနဲ့ မြန်မာဝယ်သူတွေအကြား လက်မှတ်ရေးထိုးပွဲကို မျက်မြင်တွေ့ကြုံခဲ့ရတဲ့အတွက် ဝမ်းမြောက်မိတယ်လို့
မြန်မာသတင်း

ကြီးမားတဲ့ ကန့်ကွက်တာတွေ မရှိတာကြောင့် အောင်မြင်တဲ့ ရွေးကောက်ပွဲဆိုပြီး မင်းအောင်လှိုင်ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 28 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ အခုအချိန်အထိ ကြမားတဲ့ ကန့်ကွက်တာတွေ မရှိတာကြောင့် အောင်မြင်တဲ့ ရွေးကောက်ပွဲဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က နေပြည်တော်မှာ ထိုင်းလေတပ်ဦးစီးချုပ်နဲ့ တွေ့ဆုံချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ တွေ့ဆုံပွဲမှာ ရွေးကောက်ပွဲ ကျင်းပခဲ့တာနဲ့ ပြည်သူတွေအနေနဲ့
မြန်မာသတင်း

သံလွင်တံတား(ဖားဆောင်း) ဒုတိယအကြိမ် မိုင်းခွဲခံရတယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 25 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ မနေ့က နံနက် (၁၀)နာရီအချိန်က သံလွင်တံတား(ဖားဆောင်း) ဒုတိယအကြိမ် ထပ်မံမိုင်းခွဲခံခဲ့ရတယ်လို့ စစ်တပ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခု ထပ်မံမိုင်းခွဲခံရတာကြောင့် တံတားရဲ့ အနောက်ဘက် ရေလည်တိုင်တွေဖြစ်တဲ့ တိုင်အမှတ် P-5 နဲ့ P-7
မြန်မာသတင်း

ခင်ဦးမြို့ပေါ် ပြည်သူပိုင်ဈေးတန်းအိမ်တွေကို မီးရှို့နေတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 33 Views
တိုက်ပွဲထဲ မီးရှို့ကိုကိုဆိုပြီး နာမည်ဆိုးထွက်နေတဲ့ စစ်ကောင်စီဗိုလ်တဦး သေဆုံးခဲ့ ဖေဖော်ဝါရီလ (၂၅)ရက်။ မနေ့က ညနေပိုင်းအချိန်မှာ ခင်ဦးမြို့ပေါ် ပြည်ပိုင်ဈေးတန်းအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “