နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 26 ရက်

မြန်မာသတင်း

မြန်မာသတင်း

မိတ္ထီလာမှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး (၄)ဦးသေဆုံးခဲ့

ဇွန်လ (၂၅)ရက်။

မနေ့က ညနေ (၆)နာရီအချိန် မိတ္ထီလာမြို့ အုံတုံရွာနဲ့ ဂွေးတောက်ကန်ရွာကြားမှာ စစ်ကောင်စီစစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ တောင်သာပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ အုံတုံရွာနဲ့ ဂွေးတောက်ကန်ရွာကြားမှာ စစ်ကြောင်းထိုးလာတဲ့ စကစရဲ့ တပ်မ(၉၉)လက်အောက်ခံ တယောစစ်ကြောင်းကို မဟာမိတ်တပ်ဖွဲ့တွေပေါင်းပြီး စောင့်ကြိုတိုက်ခိုက်ခဲ့တာ” လို့ ဆိုပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ စစ်ကောင်စီရဲ့ တပ်မ(၉၉)လက်အောက်ခံ တယောစစ်ကြောင်းဖြစ်ကာ တိုက်ခိုက်ခံရတာကြောင့် (၄)ဦးသေဆုံးပြီး (၇)ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

“ အဲ့ဒီတိုက်ပွဲက နာရီဝက်လောက်ကြာတယ်။ စကစဘက်က (၃)ကောင်သေပြီး (၇)ကောင် ဒဏ်ရာရသွားတယ်။ ဒီနေ့ နံနက်မှာတော့ ဒဏ်ရာရတဲ့အထဲက တကောင် ထပ်သေသွားတယ်” လို့ သူက ဆက်ပြောပါတယ်။

အဲ့ဒီတိုက်ပွဲဟာ မိနစ်(၃၀)ကြာမြင့်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ရဲဘော်တစ်ဦ မစိုးရိမ်ရဒဏ်ရာရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။

စစ်ကောင်စီစစ်ကြောင်းကို တောင်သာမြို့နယ်ပကဖအပါအဝင် မိတ္ထီလာ၊ သာစည်တော်လှန်ရေးအင်အားစုနဲ့ DSNDA ပြည်သူ့ကာကွယ်ရေးတပ်တော်တို့ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြတာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်က စစ်ကောင်စီစခန်း (၉)ခု တိုက်ခိုက်ခံရပြီး (၂၀)ကျော်သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 25 ရက်
  • 7 Views
ဇွန်လ (၂၅)ရက်။ ဒီကနေ့ နံနက်အစောပိုင်းအချိန်က ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ စစ်ကောင်စီစခန်း(၉)ခုကို တပြိုင်ထဲ တိုက်ခိုက်ခဲ့တယ်လို့ MOD ရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

မိုင်းငေါ့ရှိ TNLA ရဲ့ စစ်ဆေးရေးဂိတ်ကို SSPP/SSA က ပစ်ခတ်တိုက်ခိုက်

  • 2025 ခုနှစ်၊ ဇွန်လ 25 ရက်
  • 41 Views
ဇွန်လ (၂၅)ရက်။ မနေ့က ညနေ (၄)နာရီ (၂၀)မိနစ်အချိန်က မိုင်းငေါ့မြို့ မန်ပွန်းရွာအနီးရှိ TNLA ရဲ့ စစ်ဆေးရေးဂိတ်ကို SSPP/SSA
မြန်မာသတင်း

ထိုင်းမှာ ဖမ်းဆီးခံရပြီး စစ်ကောင်စီထံ ပြန်ပို့ခံရကာ စစ်မှုထမ်းနေရသူ (၄)ဦး PDF ထံ အလင်းဝင်

  • 2025 ခုနှစ်၊ ဇွန်လ 25 ရက်
  • 30 Views
ဇွန်လ (၂၅)ရက်။ ဇွန်လ (၁၈)ရက်နေ့က ပလောက်မြို့ အမှတ်(၁၂) စစ်တပ်တန်းမြင့်လေ့ကျင့်ရေးကျောင်း(တိုင်း‌ဗဟို ၁၂)က လူငယ် (၄)ဦး အလင်းဝင်လာတယ်လို့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီလူငယ် (၄)ဦးဟာ စစ်ကောင်စီက စစ်မှုထမ်းအပတ်စဉ်(၁၁)အနေနဲ့ အဓမ္မစုဆောင်းခံရသူတွေဖြစ်ပြီး
မြန်မာသတင်း

လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဘယ်လာရုစ်နိုင်ငံကို သွားရောက်ဖို့ရှိနေတယ်လို့ဆို

  • 2025 ခုနှစ်၊ ဇွန်လ 25 ရက်
  • 27 Views
ဇွန်လ (၂၅)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဘယ်လာရုစ်နိုင်ငံကို သွားရောက်ဖို့ရှိတယ်လို့ စစ်ကောင်စီရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ EAEU ရဲ့ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ဘယ်လာရုစ်သမ္မတရဲ့ ဖိတ်ကြားတာကြောင့် စစ်ခေါင်းဆောင်က မင့်စ်မြို့မှာကျင်းပမယ့် စတုတ္ထအကြိမ် ဥရောပ-အာရှ
မြန်မာသတင်း

ကျောက်မဲမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် (၅၀၀)ဗုံး (၂)လုံးကြဲချခဲ့ကာ ပြည်သူ (၄)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 24 ရက်
  • 28 Views
ဇွန်လ (၂၄)ရက်။ ဒီကနေ့ ညနေပိုင်းအချိန်က ကျောက်မဲမြို့ရှိ ရပ်ကွက်အချို့ကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် (၅၀၀)ဗုံး (၂)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကျောက်မဲမြို့က ရပ်ကွက်(၃)နဲ့
မြန်မာသတင်း

စစ်ကောင်စီတပ် မကြာမီ အသုံးပြုဖို့ရှိတဲ့ Y-8 လေယာဉ် (၂)စင်းကို တရုတ်နိုင်ငံ ကူမင်းလေဆိပ်မှာ တွေ့ရှိ

  • 2025 ခုနှစ်၊ ဇွန်လ 24 ရက်
  • 27 Views
ဇွန်လ (၂၄)ရက်။ စစ်ကောင်စီတပ်က မကြာမီ အသုံးပြုတော့မယ့် Y-8 ထောက်/ပို့လေယာဉ် (၂)စင်းကို တရုတ်နိုင်ငံ ကူမင်းလေဆိပ်မှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ Myanmar Witness ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ Myanmar Witness အနေနဲ့
မြန်မာသတင်း

ထီးလင်းမှာ နိုင်/ကျဉ်းတွေ ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ဖြစ်စဉ်ကြောင့် ရဲအချို့ ရိုက်နှက်စစ်ဆေးခံရပြီး သေဆုံးတာတွေရှိခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 24 ရက်
  • 24 Views
‌ဇွန်လ (၂၄)ရက်။ ပြီးခဲ့တဲ့ ဇွန်လ (၁၇)ရက်နေ့က ထီးလင်းမြို့မရဲစခန်းကနေ ချုပ်နှောင်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား (၁၃)ဦး ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ သတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ ဒီလ (၁၇)ရက်နေ့ ညပိုင်းလောက် ထီးလင်းမြို့မရဲစခန်းမှာ ချုပ်ထားတဲ့ နိုင်/ကျဉ်း
မြန်မာသတင်း

နွားထိုးကြီးမှာ မြို့သူမြို့သားတွေ အဓိကကိုးကွယ်တဲ့ ရှေးဟောင်းသမိုင်းဝင်ဘုရားကို စစ်ကောင်စီ ဗုံးကြဲ

  • 2025 ခုနှစ်၊ ဇွန်လ 24 ရက်
  • 25 Views
ဇွန်လ (၂၄)ရက်။ ဒီကနေ့ နံနက်အစောပိုင်း (၁၂)နာရီ (၁၈)မိနစ်အချိန်က နွားထိုးကြီးမြို့ အမှတ်(၂)ရပ်ကွက်ရှိ ရှေးဟောင်းသမိုင်းဝင် ရှင်ပင်သာဒွန်းဦးဘုရားကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ “ နွားထိုးကြီးမြို့က ရှေးဟောင်းသမိုင်းဝင်ဘုရားနဲ့ စေတီပုထိုးတွေ ပေါတဲ့မြို့ဆိုလဲမမှားပါဘူး။