၂၀၂၅ခုနှစ်၊ သြဂုတ်လ ၂၅ရက်
ယင်းမာပင်ခရိုင် ကနီမြို့နယ် ပကဖတွေကို ကျောက်လုံးကြီး ဆရာတော် ဦးဆောင်ပြီး ခရိုင်တပ်ရင်း (၉)ရင်းကနေဝင်ရောက် ဖမ်းဆီးထိန်းသိမ်း လိုက်တယ်လို့ မြေပြင်မှ သတင်းပေးပို့လာပါတယ်၊ ကနီမြို့နယ်ပကဖတွေရဲ့ အခွန်အကောက်အလွဲသုံးစားမှု သိန်းပေါင်းသောင်းချီရှိနေတာကို တိုင်တန်းပေမဲ့ NUGကအရေးမယူတာကြောင့် နောက်ဆုံး တပ်ရင်းတွေတိုင်ပင်ပြီး တော်လှန်ရေးအတွက် အထောက်အကူမဖြစ်ဘဲ ကိုယ်ကျိုးရှာ နေတာတွေကို ရပ်တန့်ဖို့နဲ့ ရရှိတဲ့အခွန်ငွေတွေကိုတော်လှန်ရေးအတွက် တိုက်ရိုက် အသုံးချ နိုင်အောင် အတားအဆီးဖြစ်လာနေတဲ့ အကျင့်ပျက်ပကဖတွေကို ဖယ်ရှားလိုက် တာလို့ သိရပါတယ်။
ဒီလိုလုပ်ဆောင်မှုနဲ့ပတ်သက်လို့ NUGရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ဘယ်ဆုံးဖြတ်မလဲ ဆိုတာကို ပြည်သူတွေကစောင့်ကြည့်နေကြပြီး တပ်ရင်းတွေလုပ်ဆောင်ချက်ကို ဝမ်းသာအားရထောက်ခံကြတယ်လို့သိရပါတယ်။
