နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြန်မာရဲ့အခြေအနေက ကမ္ဘာပေါ်မှာ အဆိုးဆုံးအခြေအနေထဲရှိနေတယ်လို့ ကနေဒါသံရုံးထုတ်ပြန်

ဩဂုတ်လ (၂၅)ရက်။

မြန်မာနိုင်ငံရဲ့အခြေအနေဟာ ကမ္ဘာပေါ်မှာ အဆိုးဆုံးအခြေအနေတွေထဲ ရှိနေတယ်လို့ ကနေဒါသံရုံးက ဒီကနေ့ မြန်မာစစ်တပ်က ရိုဟင်ဂျာတွေကို တိုက်ခိုက်ခဲ့တဲ့ (၈)နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

ထုတ်ပြန်ချက်ထဲ ရခိုင်မှာ အရှိန်အဟုန်မြင့်လာတဲ့ ပဋိပက္ခတွေကြောင့် ရိုဟင်ဂျာတွေအပါအ၀င် အရပ်သားတွေအပေါ် ကျရောက်စေတဲ့ ဆိုးရွားတဲ့ သက်ရောက်မှုတွေကို အထူးစိုးရိမ်ပူပန်မိတယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ်ဟာ ပဋိပက္ခတွေ အရှိန်မြင့်လာပြီး အရပ်သားတွေကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်တာတွေ တိုးမြှင့်လုပ်ဆောင်နေသလို ပဋိပက္ခမှာပါဝင်တဲ့ အခြားအဖွဲ့တွေကလဲ လူ့အခွင့်အရေးချိုးဖောက်ပြီး အရပ်သားတွေကို ထိခိုက်နစ်နာစေတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့ကြောင့် မြန်မာနိုင်ငံ အခြေအနေတွေက နိုင်ငံမဲ့ဖြစ်နေပြီး ကမ္ဘာပေါ်မှာ အဖိနှိပ်ခံရဆုံးအုပ်စုတွေထဲက တစ်ဖွဲ့ဖြစ်တဲ့ ရိုဟင်ဂျာတွေ လုံခြုံစိတ်ချစွာ မိမိသဘောဆန္ဒနဲ့အဘီ ဂုဏ်သိက္ခာရှိရှိ ရေရှည်ပြန်လည်အခြေချနိုင်ဖို့ အဆင်မပြေသေးဘူးလို့ ရေးသားထားပါတယ်။

နောက်ပြီး ၂၀၁၇ခုနှစ်မှစပြီး ကနေဒါနိုင်ငံအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်တွေနဲ့ လက်ခံထားတဲ့ ပြည်သူတွေအပါအဝင် မြန်မာနိုင်ငံက အကျပ်အတည်းကျရောက်နေတဲ့ ပြည်သူတွေရဲ့ ခံနိုင်ရည်ကို မြှင့်တင်နိုင်ဖို့ နိုင်ငံတကာအကူအညီအထောက်အပံ့ ဒေါ်လာသန်း (၆၀၀)ကျော် ပံ့ပိုးပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင်  ရိုဟင်ဂျာဒုက္ခသည်တွေကို ဆက်လက်လက်ခံပေးနေတဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ပြည်သူတွေကို ကျေးဇူးတင်ပြီး ဒုက္ခသည်တွေရဲ့ အခွင့်အရေး၊ လိုအပ်ချက်တွေနဲ့ လက်ခံထားတဲ့ ပြည်သူတွေကိုလဲ ကူညီပံ့ပိုးပေးမယ်လို့ ပြောဆိုထားပါတယ်။

ကနေဒါနိုင်ငံအနေနဲ့ ရိုဟင်ဂျာအကျပ်အတည်း စတင်ချိန် ၂၀၁၇ခုနှစ်ကစပြီး ၂၀၂၅ခုနှစ် မတ်လ (၇)ရက်နေ့အထိ မြန်မာစစ်တပ်နဲ့ ဆက်စပ်နေတဲ့ တစ်သီးပုဂ္ဂလပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေကို အရေးယူပိတ်ဆို့မှု (၁၁)ကြိမ် ပြုလုပ်ခဲ့တယ်လို့ ထည့်သွင်းဖော်ပြထားပါတယ်။

ပဋိပက္ခမှာ ပါဝင်နေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ နိုင်ငံတဝှမ်း ဘေးကင်းပြီး လူသားချင်းစာနာမှုဆိုင်ရာ လက်လှမ်းမှီရရှိစေ‌ဖို့နဲ့ အရပ်သားတွေကို အကာအကွယ်ပေး‌ဖို့ကို ဦးစားပေး လုပ်ဆောင်ဖို့လဲ တောင်းဆိုထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 20 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ်
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 20 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 36 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 26 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

ရေးမြိုမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 35 Views
မတ်လ (၂၆)ရက်။ အခုလ ဒုတိယပတ်ကစပြီး ရေးမြိုမြောက်ပိုင်းထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို MSFC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က
မြန်မာသတင်း

တမူးအခြေစိုက် NLA က MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 28 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၀)ရက်နေ့က တမူးဒေသခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က MOD နဲ့ ပူးပေါင်းခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLA ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့မှာ Myanmar Federal Army(MFA)နာမည်နဲ့