နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပုလဲနယ်ထဲ တော်လှန်ရေးအကြောင်းပြပြီး ကိုယ်ကျိုးစီးပွားအတွက် သစ်ထုတ်ယူတာတွေ့ရင် သိမ်းမယ်လို့ BNRA သတိပေး

စက်တင်ဘာလ (၂၅)ရက်။

ပုလဲဒေသထဲ သစ်တွေကို NUG လက်အောက်ခံအဖွဲ့တွေက တော်လှန်ရေးအကြောင်းပြပြီး ကိုယ်ကျိုးအတွက် ရောင်းစားနေကြတယ်လို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

NUG လက်အောက်ခံအဖွဲ့တွေဟာ သစ်တွေကို ကိုယ်ကျိုးစီးပွားအတွက် ရောင်းချသုံးစွဲတဲ့အပြင် ဒေသထဲကနေ အကောက်အခွန်တွေကိုလဲ လတိုင်း ကောက်ယူသုံးစွဲနေတယ်လို့ ဆိုပါတယ်။

အဲ့ဒီအဖွဲ့တွေဟာ ဒေသထဲ သိသာထင်ရှားတဲ့ စစ်ရေးနဲ့ စခန်းသိမ်း စစ်ဆင်ရေးတွေကို သူတို့ဦးဆောင်ပြီး အခြားအဖွဲ့တွေထက် ထူးကဲပြီး ကြီးကြီးမားမား ပြောင်ပြောင်မြောက်မြောက် ပြုလုပ်ခဲ့တာမရှိဘူးလို့ ဖော်ပြထားပါတယ်။

အခုအခါမှာလဲ ပုလဲနယ်ထဲက စစ်ဘေးသင့်ပြည်သူတွေရဲ့ အနာဂတ်ပြန်လည်ထူထောင်ဖို့ ရည်ရွယ်ထားတဲ့ သက်နုသစ်တောတွေကိုပါ စည်းမဲ့ကမ်းမဲ့ ခုတ်လှဲပြီး ကိုယ်ကျိုးစီးပွားအတွက် ထုတ်ယူသုံးစွဲနေတဲ့အပေါ် ပြည်သူတွေက တိုင်ကြားထားတယ်လို့ ရေးသားထားပါတယ်။

ဒါ့ကြောင့် ဒီကနေ့ ကြေညာချက်ထုတ်ပြန်တဲ့နေ့ကစပြီး ဘယ်အဖွဲ့၊ ဘယ်ဂိုဏ်းမဆို ပုလဲနယ်ထဲ ကိုယ်ကျိုးစီးပွားအတွက် သစ်ထုတ်ယူသယ်ဆောင်တာတွေ့ရင် ပြတ်ပြတ်သားသား သိမ်းမှာဖြစ်ပြီး ဒေသဖွံ့ဖြိုးရေးအတွက် သုံးစွဲသွားမယ်လို့ အသိပေးထားပါတယ်။

ဒါ့အပြင် ယင်းမာပင်ခရိုင်ထဲရှိ ပုလဲမြို့နယ်ဟာ PPDF ကနေအစပြုကာ BNRA အထိ ဓါးမဦးချ နယ်မြေရှင်းလင်းခဲ့ရပြီး နယ်မြေစိုးမိုးမှုရယူခဲ့တဲ့နယ်မြေဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

အဲ့ဒီဒေသထဲ ပုလဲမြို့သိမ်းစစ်ဆင်ရေးအပါအဝင် သိသာထင်ရှားတဲ့ စစ်ဆင်ရေးတွေတိုင်းမှာ မြို့နယ်ထဲ အခွန်ကောက်ခံသုံးစွဲတာမရှိသလို သစ် (၁)လက္မမှ ထုတ်ယူသုံးစွဲခဲ့တာမရှိတဲ့အဖွဲ့လို့လဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 21 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ်
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 20 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 36 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 27 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

ရေးမြိုမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 35 Views
မတ်လ (၂၆)ရက်။ အခုလ ဒုတိယပတ်ကစပြီး ရေးမြိုမြောက်ပိုင်းထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို MSFC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က
မြန်မာသတင်း

တမူးအခြေစိုက် NLA က MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 28 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၀)ရက်နေ့က တမူးဒေသခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က MOD နဲ့ ပူးပေါင်းခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLA ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့မှာ Myanmar Federal Army(MFA)နာမည်နဲ့