နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 25 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်တပ်က ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတဲ့အပေါ် အထူးစိုးရိမ်တယ်လို့ KIO ဥက္ကဋ္ဌပြော

အောက်တိုဘာလ (၂၅)ရက်။

စစ်တပ်ရဲ့ အခုနှစ်ကုန် ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲအပေါ် အထူးစိုးရိမ်နေတယ်လို့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ဒီကနေ့ ကချင်လွတ်လပ်ရေးအဖွဲ့ (၆၅)နှစ်ပြည့်မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

“ မြန်မာနိုင်ငံထဲမှာ ရွေးကောက်ပွဲပြုလုပ်ဖို့ ပြင်ဆင်နေတာကို မြင်တွေ့ရတဲ့အတွက် အထူးစိုးရိမ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရွေးကောက်ပွဲကို ထောက်ခံတဲ့အဖွဲ့နဲ့ ကန့်ကွက်တဲ့အဖွဲ့ဆိုပြီး အဖွဲ့ (၂)ဖွဲ့ ပေါ်ပေါ်ထင်ထင် ထွက်ပေါ်လာတော့မှာဖြစ်ပါတယ်။ ဒီအဖွဲ့နှစ်ဖွဲ့က ညှိနှိုင်းဖို့ ခက်သွားမယ်။ ပြည်တွင်းစစ်လဲ ဒီထက်ပိုပြီး ကြာရှည်သွားနိုင်တယ်” လို့ သူက ဆိုပါတယ်။

အဲ့ဒီရွေးကောက်ပွဲကြောင့် ထောက်ခံသူနဲ့ ကန့်ကွက်သူဆိုပြီး အဖွဲ့(၂)ဖွဲ့ ကွဲသွားကာ လွယ်လွယ်ကူကူ ညှိနှိုင်းပြောဆိုဖို့ ပိုပြီး ခက်ခဲသွားမှာဖြစ်သလို ပြည်တွင်းစစ် ပိုပြီး ကြာရှည်နိုင်တယ်လို့ သတိပေးထားပါတယ်။

အခုလို စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲကို လက်ခံတာနဲ့ လက်မခံတာဟာ တတိုင်းပြည်လုံးမှာ အတူယှဉ်တွဲနေထိုင်ကြတဲ့ ပြည်သူတွေရဲ့ ကံကြမ္မာ အဆုံးအဖြတ်ပေးတာကို သတိရကြဖို့ တိုက်တွန်းထားပါတယ်။

နောက်ပြီး KIO အနေနဲ့ နိုင်ငံရေးအပြောင်းအလဲထဲ တနိုင်ငံလုံးနဲ့ တိုင်းရင်းသားအဖွဲ့တွေအားလုံး ငြိမ်းချမ်းမှုရရှိဖို့အတွက် မရပ်မနား တွေးတောအဖြေရှာနေတယ်လို့ ထည့်သွင်းပြောဆိုထားပါတယ်။

ဒါ့အပြင် နိုင်ငံရေးနဲ့ စစ်ပွဲ နှစ်ခုစလုံးကို အညီအမျှဖြစ်အောင်လုပ်ပြီး ငြိမ်းချမ်းရေးလုပ်ဆောင်နေတဲ့အချိန်ဖြစ်ကာ အောင်မြင်အောင် ကြိုးစားလုပ်ဆောင်သွားမယ်လို့လဲ အသိပေးထားပါတယ်။

အဲ့ဒီနောက် ဌာနေတိုင်းရင်းသားအမည်တပ်ကာ လက်နက်ပေးကိုင်နေတဲ့ လုပ်ရပ်က အချင်းချင်းကြား သွေးခွဲနေတာသာဖြစ်ပြီး ပြည်သူ့အင်အားကို တော်လှန်ရေးအင်အားကြီးအနေနဲ့ အမြဲဦးဆောင်ကြိုးစားကြဖို့ တိုက်တွန်းနှိုးဆော်ထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

SpaceX မှ မြန်မာ လိမ်လည်မှုစခန်းများ အသုံးပြုနေသော Starlink ကိရိယာ ထောင်ပေါင်း များစွာကို အသုံးပြု၍မရအောင် ပိတ်ဆို့လိုက်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 25 ရက်
  • 3 Views
CNN – ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက် အီလွန် မတ်စ် (Elon Musk) ဦးဆောင်သည့်
မြန်မာသတင်း

PPP ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ရွေးကောက်ပွဲဝင်ခွင့်မရဘူးလို့ သတင်းထွက်ပေါ်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 25 ရက်
  • 9 Views
အောက်တိုဘာလ (၂၅)ရက်။ စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲမှာ ‌ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဝင်ပြိုင်ခွင့်မရဘူးဆိုပြီး ‌သတင်းတွေထွက်ပေါ်နေတယ်လို့ သိရပါတယ်။ ဒေါ်သက်သက်ခိုင်ဟာ ရန်ကုန်တိုင်း အမျိုးသားလွှတ်တော်မဲဆန္ဒနယ်
မြန်မာသတင်း

ကျားဖြန့်‌(ခေါ်)အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို စစ်တပ်ထောက်တိုင်တွေအနေနဲ့ တိုက်ဖျက်သွားမယ်လို့ စစ်ကိုင်းဖိုရမ်ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 25 ရက်
  • 10 Views
အောက်တိုဘာလ (၂၅)ရက်။ ကျားဖြန့်(ခေါ်)အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို စစ်တပ်ထောက်တိုင်တွေအနေနဲ့ တိုက်ဖျက်သွားမယ်လို့ စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်းက မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ကျားဖြန့်(ခေါ်)အွန်လိုင်းငွေလိမ်တဲ့ဖြစ်စဉ်တွေဟာ ဒေသထဲပြည်သူရဲ့ အကျိုးစီးပွားကို ထိခိုက်၊ ယုတ်လျော့စေရုံသာမက ဦးစီးလုပ်ကိုင်သူတွေဟာ လူဆိုးဂိုဏ်းကြီးတွေအနေနဲ့ ကြီးထွားလာပြီး နိုင်ငံတကာအသိုက်အဝိုင်းရဲ့ အကျိုးစီးပွားကိုပါ ထိပါးလာတယ်လို့
မြန်မာသတင်း

ရေကြည်မြို့မှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် ကလေးသူငယ်နဲ့ စစ်ဘေးရှောင်တွေအပါအဝင် ပြည်သူ (၂၄)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 25 ရက်
  • 11 Views
အောက်တိုဘာလ (၂၅)ရက်။ မနေ့က ရေကြည်မြို့ စပြင်ရွာကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ပေါင် (၅၀၀)ဗုံးအပါအဝင် ဗုံး(၅)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းတွေထံက သိရပါတယ်။ “ မနေ့က စပြင်ရွာကို နံနက်(၁၁)နာရီခွဲမှာ ပေါင်(၅၀၀)ဗုံး (၂)လုံးနဲ့
မြန်မာသတင်း

CDF-Kanpetlet စစ်ဦးစီးချုပ် မင်္ဂလာ‌ဆောင် ဗုံးကြဲခံရပြီး ထိခိုက်သေဆုံးသူ အများအပြားရှိခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 25 ရက်
  • 8 Views
အောက်တိုဘာလ (၂၄)ရက်။ ဒီကနေ့ နံနက် (၉)နာရီအချိန်က ကန်ပက်လက်မြို့မှာ CDF-Kanpetlet စစ်ဦးစီးချုပ်ရဲ့ မင်္ဂလာဆောင်ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ CDF-Kanpetlet ရဲ့ စစ်ဦးစီးချုပ် ဆလိုင်းအောင်လိန်းရဲ့ မင်္ဂလာဆောင်ကျင်းပတဲ့နေရာကို
မြန်မာသတင်း

အာဆီယံအနေနဲ့ စစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သက်နေတာကို အဆုံးသတ်ဖို့ JFM တောင်းဆို

  • 2025 ခုနှစ်၊ အောက်တိုဘာလ 25 ရက်
  • 8 Views
အောက်တိုဘာလ (၂၄)ရက်။ အာဆီယံအနေနဲ့ စစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သက်နေတာကို အဆုံးဖြတ်ဖို့ Justice for Myanmar(JFM)က (၄၇)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီ ဒီကနေ့မှာ ထုတ်ပြန်တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီထုတ်ပြန်ချက်ထဲ စစ်အုပ်စုရဲ့ မှားယွင်းတဲ့ နိုင်ငံရေးတရားဝင်မှု ဖန်တီးဖို့အတွက်
မြန်မာသတင်း

ကလေးထောင်ထဲ ထောင်အာဏာပိုင်တွေက အကျဉ်းသားတွေရဲ့ အရေးပေါ်ဆေးကုသခွင့်ကို လာဘ်ပေးလာဘ်ယူမှုတွေနဲ့ ခွင့်ပြုနေ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 24 ရက်
  • 53 Views
အောက်တိုဘာလ (၂၄)ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ မော်လိုက် ကလေးထောင်ထဲ အကျဉ်းသားတွေရဲ့ အရေးပေါ်ဆေးကုသခွင့်ကို ထောင်အာဏာပိုင်တွေက လာဘ်ပေးလာဘ်ယူမှုတွေနဲ့ ခွင့်ပြုပေးနေတယ်လို့ PPNM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ကလေးအကျဉ်းထောင်မှာ အရေးပေါ်လူနာတွေရဲ့ ပြင်ပဆေးကုသခွင့်အတွက် ထောင်ပိုင်ကြီးအပါအဝင်
မြန်မာသတင်း

နွားထိုးကြီးမြို့ (၂)ပတ်တာတိုက်ပွဲထဲ စစ်တပ်ဘက်က (၄၀)နီးပါး သေဆုံးခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 24 ရက်
  • 49 Views
သေဆုံးသူတွေထဲ မလှိုင်နဲ့ တောင်သာမှာ အမျိုးသမီး (၂၀)ကျော်ကို အဓမ္မပြုကျင့်သတ်ဖြတ်ရာမှာ ဦးဆောင်တဲ့ ဗိုလ်မှူး ကျော်မင်းဆိုသူပါဝင် အောက်တိုဘာလ (၂၄)ရက်။ စက်တင်ဘာလ (၂၅)ရက်နေ့ကနေ အောက်တိုဘာလ (၁၂)ရက်အထိ နွားထိုးကြီးမြို့မှာ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့