နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 17 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပေါက်ခေါင်းမြို့မှာ ပျုစောထီးခေါင်းဆောင်ရဲ့တူ ဦးဆောင်တဲ့ လောင်းကစားဝိုင်း စီးနင်းဖမ်းဆီးခံရ

ဖေဖော်ဝါရီလ (၂၆)ရက်။

ဖေဖော်ဝါရီလ (၂၄)ရက်နေ့ နေ့လယ် (၂)တာရီခွဲအချိန်က ပေါက်ခေါင်းမြို့အပိုင် ကြူဝတ်ကျေးရွာမှာ လောင်းကစားဝိုင်းတစ်ခုကို ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ပြည်ခရိုင်(၃၆၀၂)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ လောင်းကစားဝိုင်းကို စကစအမာခံထောက်တိုင်ဖြစ်တဲ့ သားသတ်ဝက်ကုမ္ပဏီက ဇေယျာဦးနဲ့ ပျူခေါင်းဆောင် ငထွန်းရဲ့တူ တူးတူး ဦးဆောင်ပြီး ပြုလုပ်နေတာကို ဝင်ဖမ်းတာ” လို့ ဆိုပါတယ်။

ကြူကုတ်ကျေးရွာမှာ လောင်းကစားဝိုင်းကို ဝက်ထီးကန်တိုက်နယ်နေ စစ်ကောင်စီအမာခံထောင်တိုင်ဖြစ်တဲ့ (သားသတ်)ဝက်ကုမ္ပဏီက ဇေယျာဦးနဲ့ ဆီဆုံကုန်းရွာနေ ပျူစောထီး ငထွန်းရဲ့တူ တူးတူး ဦးဆောင်ကာ ပြုလုပ်နေတာလို့ ဖော်ပြထားပါတယ်။

အဲ့ဒီလောင်းကစားဝိုင်းကို ကာကွယ်ရေးရဲဘော်တွေက ဝင်ရောက်ဖမ်းဆီးခဲ့ရာမှာ ဒိုင်အချို့နဲ့ ပါဝင်ပတ်သက်တဲ့ ပြည်သူအချို့ကို ငွေသား (၇)သိန်းအပါအဝင် လောင်းကစားဝိုင်းနဲ့ ဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းမိခဲ့တယ်လို့ ရေးသားထားပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ လောင်းကစားဒိုင်နဲ့ ပြည်သူတွေကို ကောင်းမွန်စွာ ဆုံးမပြောဆိုပြီး နောက်ထပ် လောင်းကစားဝိုင်းတွေမှာ ပါဝင်တာမလုပ်ဖို့ ပြောဆိုကာ ပြန်လွှတ်ပေးခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီနဲ့ သူ့ရဲ့ထောက်တိုင်တွေက ပြည်သူတွေကို တော်လှန်ရေးမှာ စိတ်ပါဝင်စားတာနဲ့ ထောက်ခံအားပေးတာ လျော့နည်းစေဖို့နဲ့ စစ်အုပ်ချုပ်ရေးအောက်မှာ အပျော်အပါးတွေနဲ့ ပျော်မွှေ့နေစေဖို့ ရည်ရွယ်ပြုလုပ်တဲ့ တရားမဝင် လောင်းကစားဝိုင်းတွေမှာ ပြည်သူတွေအနေနဲ့ လုံးဝမပါဝင်ဖို့ကိုလဲ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဗန်းမောက်မြို့မှာ SNA ကင်းစခန်း တိုက်ခိုက်ခံရပြီး (၃)ဦးထက်မနည်း သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 16 ရက်
  • 8 Views
ဇူလိုင်လ (၁၆)ရက်။ ဇူလိုင်လ (၁၄)ရက်နေ့က ဗန်းမောက်မြို့ မြစ်သေးချင်းရွာအနီး ရှမ်းနီအမျိုးသားတပ်မတော်(SNA)ရဲ့ ကင်းစခန်းကို တိုက်ခိုက်ခဲ့တယ်လို့ ကသာခရိုင်အမှတ်(၄)တပ်ရင်းရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ဝန်ကြီးအများစု ပြည်တွင်းမှာ အလုပ်လုပ်နေကြပြီလို့ NUG ပြော

  • 2025 ခုနှစ်၊ ဇူလိုင်လ 16 ရက်
  • 14 Views
ဇူလိုင်လ (၁၆)ရက်။ ပြည်တွင်းက တော်လှန်ရေးလှုပ်ရှားနယ်မြေတွေမှာ ဝန်ကြီးအများစုဟာ အလုပ်လုပ်နေကြပြီလို့ NUG ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးရဲ့ အခုရက်ပိုင်းထဲ ပြောဆိုထားချက်တွေအရ သိရပါတယ်။
မြန်မာသတင်း

နိုင်ငံရေးပါတီ (၁၉)ခုအထိ တည်ထောင်ခွင့်ပြုထားတယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 16 ရက်
  • 9 Views
ဇူလိုင်လ (၁၆)ရက်။ ဒီကနေ့အချိန်အထိ နိုင်ငံရေးပါတီ (၁၉)ခုအထိ တည်ထောင်ခွင့်ပြုထားတယ်လို့ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နိုင်ငံရေးပါတီ တည်ထောင်လိုသူတွေဟာ သူတို့တည်ထောင်လိုတဲ့ ပါတီအမည်ကို ဖော်ပြပြီး လာရောက်လျှောက်ထားနေကာ ပါတီတည်ထောင်ခွင့် လျှောက်ထားတဲ့အဖွဲ့ (၂၇)ဖွဲ့ရှိတယ်လို့
မြန်မာသတင်း

အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်များကို လေ့လာသုံးသပ်ကြည့်ခြင်း (၃)

  • 2025 ခုနှစ်၊ ဇူလိုင်လ 15 ရက်
  • 16 Views
အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်များကို လေ့လာသုံးသပ်ကြည့်ခြင်း (၃) အပတ်စဥ် တနင်္ဂနွေနေ့တိုင်း မြန်မာစံတော်ချိန် ည ၇ နာရီခွဲမှာ Era’s Eye YouTube ချန်နယ်ကနေ တိုက်ရိုက် (LIVE) ထုတ်လွှင့်နေတဲ့အစီအစ်အရ ပင်တိုင်ဆွေး‌နွေးသူများဖြစ်ကြတဲ့ ဦးထွန်းအောင်ကျော်နဲ့ ဦးထွန်းကြည်တို့က ဆွေးနွေးတင်ပြကြမှာ
မြန်မာသတင်း

ထရန့်နှင့် ရှီသည် ယခုနှစ်တွင် တွေ့ဆုံနိုင်ခြေ မြင့်မားဟု ရူဘီယိုက ပြောကြားခဲ့သည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 15 ရက်
  • 12 Views
၂၀၂၅ ခုနှစ် ၊ ဇူလိုင် ၁၁ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် နှင့် တရုတ်ခေါင်းဆောင် ရှီကျင်းဖျင့်တို့သည် ယခုနှစ်အတွင်း တွေ့ဆုံရန် ဖြစ်နိုင်ခြေ မြင့်မားသည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက သောကြာနေ့တွင် ပြောကြားခဲ့သည်။
မြန်မာသတင်း

ဒေသခံတော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေကို ငြိမ်းချမ်းစွာအဖြေရှာဖို့ ချင်းပြည်နယ် CDM ကျန်းမာရေးဝန်ထမ်းတွေ တိုက်တွန်း

  • 2025 ခုနှစ်၊ ဇူလိုင်လ 15 ရက်
  • 41 Views
ဇူလိုင်လ (၁၅)ရက်။ ‌ဒေသခံတော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေအကြား ပဋိပက္ခတွေကို စားပွဲဝိုင်းမှာသာ ငြိမ်းချမ်းစွာအဖြေရှာဖို့ ချင်းပြည်နယ် CDM ကျန်းမာရေးဝန်ထမ်းတွေက မနေ့က သဘောထားထုတ်ပြန် တိုက်တွန်းထားတယ်လို့ သိရပါတယ်။ စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ခိုက်တဲ့ ချင်းတော်လှန်ရေးအင်အားစုတွေအကြား ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ပတ်သက်ပြီး လွန်စွာ စိတ်ထိခိုက်ဝမ်းနည်းရတယ်လို့
မြန်မာသတင်း

လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ (၂၃)ဖွဲ့ထက်မနည်းကို AA ထောက်ပံ့ထား

  • 2025 ခုနှစ်၊ ဇူလိုင်လ 15 ရက်
  • 36 Views
ဇူလိုင်လ (၁၅)ရက်။ စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေထဲက (၂၃)ဖွဲ့ထက်မနည်းကို အာရက္ခတပ်တော်(AA)က ထောက်ပံ့ထားတယ်လို့ ISP-MYANMAR ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်အာဏာသိမ်းမှုအလွန် ပေါ်ပေါက်လာတဲ့လလက်နက်ကိုင်တပ်ဖွဲ့တွေထဲက အနည်းဆုံး (၂၃)ဖွဲ့ကို AA က
မြန်မာသတင်း

ညောင်လေးပင်ခရိုင်ထဲ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က (၂၀၀)ကျော်သေဆုံးခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 15 ရက်
  • 36 Views
ဇူလိုင်လ (၁၅)ရက်။ အခုနှစ်ဝက်ထဲ ညောင်လေးပင်ခရိုင်မှာ တိုက်ပွဲကြီး၊ တိုက်ပွဲငယ် စုစုပေါင်း (၃၀၀)ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲထဲ KNU ဘက်က တိုင်းပြည်နဲ့ လူမျိုးအတွက် (၄၄)ဦး