မေလ (၂၆)ရက်။
မိုးဗြဲမြို့မှာ လက်လွှတ်ခဲ့ရတဲ့ ရှေ့ကာကင်းနေရာအချို့ကို ဒေသကာကွယ်ရေးတပ်တွေက ပြန်လည်သိမ်းယူနိုင်ခဲ့တယ်လို့ Mobye Local PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ မိုးဗြဲမြို့ အမှတ်(၂)လှုပ်ရှားတဲ့နယ်မြေမှာ လက်လွှတ်ခဲ့ရတဲ့ ရှေ့ကာကင်းနေရာအချို့ကို အခု ပြန်လည်ခြေကုပ် တက်ယူနိုင်ခဲ့ပါတယ်” လို့ ဆိုပါတယ်။
မိုးဗြဲမြို့ Local ဗျူဟာ အမှတ်(၂)လှုပ်ရှားနယ်မြေမှာ လက်လွှတ်ခဲ့ရတဲ့ ရှေ့ကာကင်းနေရာအချို့ကို MB Local PDF၊ DMO Local PDF၊ KNA နဲ့ KNDF တို့ ပြန်လည်သိမ်းယူနိုင်ခဲ့တာလို့ ဖော်ပြထားပါတယ်။
ရှေ့ကာကင်းနေရာအချို့ကို ပြန်လည်သိမ်းယူပြီးချိန် မေလ (၂၃)ရက်နေ့က စစ်ကောင်စီဘက်က စနိုက်ဘာနဲ့ ချောင်းမြောင်းပစ်ခတ်ခဲ့တာကြောင့် Mobye Local PDF ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တာကြောင့် လူနေအိမ်အချို့ မီးလောင်ပျက်စီးခဲ့တယ်လို့လဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။


