နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်တပ်အာဏာသိမ်းတဲ့နောက်ပိုင်း မူးယစ်ဆေးဝါးအသစ်တွေ နေရာအနှံ့ပျံ့နှံ့လာတယ်လို့ RCSS ပြော

ဇွန်လ (၂၆)ရက်။

စစ်တပ်အာဏာသိမ်းတဲ့နောက်ပိုင်း ဘိန်းအပါအဝင် စိတ်ကြွဆေးပြား၊ ICE နဲ့ မူးယစ်ဆေးဝါးအသစ်တွေ နေရာအနှံ့ ပျံ့နှံလာတယ်လို့ RCSS ရဲ့ ဒီကနေ့မှာပြုလုပ်တဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့မှာ ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

မူးယစ်ဆေးဝါးတွေ ပျံ့နှံ့လာတာဟာ စိန်ခေါ်မှုတွေ တိုးမြှင့်စေပြီး လူ့အခွင့်အရေး၊ ပြည်သူ့ကျန်းမာရေးကာကွယ်တာတို့နဲ့ လိုက်လျောညီထွေတဲ့ ရှင်းလင်းတဲ့ ပေါ်လစီတွေ၊ ခိုင်မာတဲ့ ဥပဒေစိုးမိုးရေးအစီအမံတွေ ချမှတ်ဖို့ လိုတယ်လို့ ဆိုပါတယ်။

မူးယစ်ဆေးဝါးပြဿနာအရင်းခံကို တိုက်ဖျက်ဖို့  အသိပညာပေးတာ၊ ကာကွယ်တာနဲ့ ပြန်လည်ထူထောင်တဲ့လုပ်ငန်းတွေကို ဦးဆောင်ပေးဆောင်ရွက်ပြီး ပြစ်ဒဏ်ပေးတာကို စနစ်တကျ ဆောင်ရွက်ရမယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး ရှမ်းပြည်ထဲ ဘိန်းစိုက်တောင်သူတွေနဲ့ မူးယစ်ဆေးဝါး စီးပွားရေးလုပ်သူတို့ရဲ့ ရေရှည်စားဝတ်နေရေးအတွက် အစားထိုးသီးနှံတွေ စိုက်ပျိုးတာကို အလေးထားဆောင်ရွက်ပြီး မူးယစ်ဆေးဝါးအပေါ် မှီခိုတာ‌ကနေ ကင်းလွတ်စေမယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် အခုရင်ဆိုင်နေရတဲ့ မူးယစ်ဆေးဝါးပြဿနာဟာ နိုင်ငံရေးအကျပ်အတည်းရဲ့ နောက်ဆက်တွဲပြဿနာဖြစ်ပြီး အဲ့ဒီစိန်ခေါ်တာတွေကို လျှော့ချနိုင်ဖို့ ပဋိပက္ခဖြေရှင်းတာ၊ နိုင်ငံရေးတည်ငြိမ်တာတို့ကို ဦးစားပေးဆောင်ရွက်ရမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့ကြောင့် အားလုံးလက်တွဲ ပူးပေါင်းပြီး ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ တောက်ပတဲ့ အနာဂတ်တို့အတွက် လမ်းခင်းနိုင်မှာဖြစ်တယ်လို့ RCSS က ထည့်သွင်းပြောဆိုထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 14 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ်
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 20 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 18 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 13 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 33 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 23 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

ရေးမြိုမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 33 Views
မတ်လ (၂၆)ရက်။ အခုလ ဒုတိယပတ်ကစပြီး ရေးမြိုမြောက်ပိုင်းထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို MSFC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က
မြန်မာသတင်း

တမူးအခြေစိုက် NLA က MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 25 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၀)ရက်နေ့က တမူးဒေသခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က MOD နဲ့ ပူးပေါင်းခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLA ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့မှာ Myanmar Federal Army(MFA)နာမည်နဲ့