နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းဖို့ တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲညီညီ အားထုတ်နေတယ်လို့ NUG ပြော

ဇွန်လ (၂၆)ရက်။

စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းဖို့ တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲညီညီ အားထုတ်နေတယ်လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဒီကနေ့ မကွေးဒေသ တော်လှန်ရေးအင်အားစုများ ကွန်ရက်ရဲ့ (၂)နှစ်ပြည့်မှာ ပေးပို့တဲ့သဝဏ်လွှာထဲ ပြောဆိုထားတယ်လို့ သိရပါတယ်။

မကွေးဒေသ တော်လှန်ရေးအင်အားစုများကွန်ရက်အနေနဲ့ နွေဦးတော်လှန်ရေးရဲ့ ပြည်ထောင်စု မျှော်ရည်ချက်ဖြစ်တဲ့ “ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှုကို အာမခံပြီး ငြိမ်းချမ်းတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး” အတိုင်း ဦးတည်ချီတက်နေတယ်လို့ ဆိုပါတယ်။

နောက်ပြီး မကွေးဒေသရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ဒေသခံပြည်သူလူထု လက်ဝယ်မှာသာ ရှိစေလိုတဲ့ အခြေခံမူကို တိကျစွာ ရပ်တည်ဖော်ဆောင်နေပြီး ဘယ်လိုတင်ကြို စည်းကမ်းသတ်မှတ်ချက်တွေ မထားရှိဘဲ တော်လှန်ရေးအင်အားစုမှန်သမျှကို လွတ်လပ်ပွင့်လင်းစွာ ချိတ်ဆက် စုစည်းဆောင်ရွက်နေတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဒေသထဲ လူမှုနိုင်ငံရေး ဖြစ်စဉ်တွေအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးအဖြေရှာပြီး စုစည်းညီညွတ်တဲ့ နိုင်ငံရေးအခင်းအကျင်း၊ ပြည်သူ့အုပ်ချုပ်ရေးနဲ့ ပြည်သူ့ဝန်ဆောင်မှုယန္တရားတွေ ထူထောင်လည်ပတ်နိုင်စေဖို့တို့ကို ကြိုးပမ်းနေတယ်လို့ ရေးသားထားပါတယ်။

ဒါ့ကြောင့် NUG  အနေနဲ့ အခုလို ပြည်သူဗဟိုပြုပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ ကြိုးပမ်းအားထုတ်တာတွေကို အစဉ်တစိုက် ခိုင်မာစွာ အားပေးထောက်ခံတယ်လို့ ဝန်ကြီးချုပ်က ပြောဆိုထားပါတယ်။

အကြမ်းဖက်စစ်အုပ်စုနဲ့ စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် ပေါ်ပေါက်ဖို့တို့အတွက် တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ အလွှာပေါင်းစုံမှာ လက်တွဲညီညီ အားထုတ်နေတယ်လို့ အသိပေးထားပါတယ်။

သဝဏ်လွှာထဲ မကွေးဒေသ တော်လှန်ရေးအင်အားစုများကွန်ရက်အနေနဲ့ ဖွဲ့စည်းတည်ထောင်တဲ့ (၂) နှစ်ပြည့်အခမ်းအနားကနေ တော်လှန်ရေးရှေ့ခရီးလမ်းတစ်လျှောက် ရည်မှန်းချက်တွေ အောင်မြင်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်အားထုတ်နိုင်ဖို့ ဆုမွန်ကောင်းတောင်းပေးထားတယ်လို့လဲ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 14 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ်
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 20 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 18 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 14 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 33 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 23 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

ရေးမြိုမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 33 Views
မတ်လ (၂၆)ရက်။ အခုလ ဒုတိယပတ်ကစပြီး ရေးမြိုမြောက်ပိုင်းထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို MSFC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က
မြန်မာသတင်း

တမူးအခြေစိုက် NLA က MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 25 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၀)ရက်နေ့က တမူးဒေသခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က MOD နဲ့ ပူးပေါင်းခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLA ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့မှာ Myanmar Federal Army(MFA)နာမည်နဲ့