နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 8 ရက်

မြန်မာသတင်း

မြန်မာသတင်း

GZA ကို ယောဒေသထဲက မောင်းထုတ်ဖို့ ဂန့်ဂေါမြို့နယ် ပသုံးလုံးက တောင်းဆိုတာတွေရှိနေ

ဇူလိုင်လ (၂၃)ရက်။

Generation Z Army(GZA)ကို ယောဒေသထဲ ဆက်လက်နေထိုင်ခွင့်မပြုဖိုဆိုပြီး ဂန့်ဂေါနဲ့ ထီးလင်းမြို့ရှိ ပအဖနဲ့ ပကဖတာဝန်ခံတွေက ဂန့်ဂေါခရိုင်-PDF ထံ ဇူလိုင်လ (၁၉) ရက်နေ့မှာ တင်ပြတောင်းဆိုတာတွေရှိခဲ့တယ်လို့ သိရပါတယ်။

အခုလို တင်ပြတာကို ဂန့်ဂေါမြို့နယ် ပအဖ/ပကဖတာဝန်ခံတွေနဲ့ ထီးလင်း ပအဖ/ပကဖ တာဝန်ခံတွေက လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ကြတယ်လို့ သိရပါတယ်

စစ်ကိုင်းတိုင်း အခြေပြုတော်လှန်ရေးအဖွဲဖြစ်တဲ့ GZA ဟာ ဂန့်ဂေါနဲ့ ထီးလင်းမြို့တို့မှာ စစ်ကောင်စီတော်လှန်ပြီး တိုက်ပွဲဖော်ဆောင်တာမရှိဘဲ ယောဒေသမှာ အခြေပြုနေထိုင်‌ပြီး ဒေသခံ ကုန်စည်ယာဉ်တွေကို အခကြေးငွေတွေ အဆမတန် ကောက်ခံနေတယ်လို့ စွပ်စွဲ ထားကြောင်း ကြားသိရပါတယ်။

ဒါ့အပြင် လုံခြုံရေးဂိတ်တွေမှာ GZA ရဲဘော်တွေကို တာဝန်ချထားပြီး အခကြေးငွေ ကောက်ခံတာတွေကို ပြုလုပ်နေတယ်လို့ ထပ်မံစွပ်စွဲဖော်ပြထားတယ်လို့ ဆိုပါတယ်။

အခုလို GZA အဖွဲ့ကို ယောဒေသထဲ နေထိုင်ရပ်တည်ခွင့်ပေးပါက ဒေသရဲ့ ရသင့်ရထိုက်တဲ့ အခွန်ဘဏ္ဍာငွေတွေ ဒေသခံတော်လှန်ရေးအဖွဲ့တွေဆီ မရောက်ရှိဘဲ ဒေသအတွက် နစ်နာတာနဲ့ ပဋိပက္ခတွေ ဖြစ်ပွားနိုင်တဲ့အပေါ် ယောပြည်သူတွေက စိုးရိမ်ပူပန်နေတယ်ဆိုပြီး ရေးသားထားတယ်လို့ဆိုပါတယ်။

ဒါ့ကြောင့် GZA အဖွဲ့ကို ယောဒေသထဲ ဆက်လက်အခြေချနေထိုင်ခွင့်မပြုဘဲ သူတို့ဒေသကို ပြန်လည်စေလွှတ်ဖို့ ဒေသခံလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ယောဒေသရဲ့ ရှေ့ရေးကိုရှေးရှုပြီး ကူညီဆောင်ရွက်ဖို့ ယောပြည်သူတွေကိုယ်စား တင်ပြတာလို့ ပြောဆိုထားပါတယ်။

ဒီလိုတင်ပြတောင်းဆိုတာတွေ မတိုင်ခင် ဇူလိုင်လ (၁၅)ရက်နေ့က ဂန့်ဂေါနယ်ထဲမှာ GZA စစ်ဦးစီးချုပ်နဲ့ တပ်ရင်းမှူးအပါအဝင် YDF တော်လှန်ရေး ရဲဘော်အချို့ကို လုပ်ကြံပစ်ခတ် ခံရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသေးတယ်။

အဲ့ဒီဖြစ်စဉ်ထဲ GZA စစ်ဦးစီးချုပ်နဲ့ တော်လှန်ရေးရဲဘော်တွေကို ဂန့်ဂေါခရိုင်တပ်ရင်းရဲ့ ယူနီဖောင်းဝတ်ဆင်ထားသူ (၂၃)ဦးခန့်က သေနတ်နဲ့ လုပ်ကြံပစ်ခတ်ခဲ့ရာ ထိခိုက်ဒဏ်ရာ ရသူတွေနဲ့ ဖမ်းဆီးခံရသူတွေရှိခဲ့တယ်လို့ GZA က ထုတ်ပြန်ထားပါတယ်။

အခုလို လုပ်ကြံပစ်ခတ်ခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး ချင်းညီနောင် (CB) နဲ့ BNRA အပါအဝင် တော်လှန်ရေးအဖွဲ့တွေက ပြင်းပြင်းထန်ထန် ရှုတ်ချထားကာ အမှုမှန်ပေါ်ပေါက်ဖို့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားကြပါတယ်

ဒါ့အပြင် GZA နဲ့ YDF ရဲဘော်အချို လုပ်ကြံခံရပြီး နောက်တရက်ဖြစ်တဲ့ ဇူလိုင်လ (၁၆) ရက် နေ့မှာ YRA ခရိုင်တပ်ရင်း (၁၅) က တပ်ရင်းမှူး ဗိုလ်ယောနိုင်က YDF နဲ့ GZA တို့ကို ယောဒေသထဲကနေ တိုက်ထုတ်ရှင်းလင်းဖို့ ဆဲဆိုကျိမ်းမောင်းတဲ့ အသံဖိုင်တခု လူမှုကွန်ရက် စာမျက်နှာမှာ ပေါက်ကြားလာခဲ့ပါတယ်။

အဲ့ဒီအသံဖိုင်ထဲမှာ ဗိုလ်ယောနိုင်က “ ခွေးကိုမောင်းထုတ်သလို YDF နဲ့ GZA ကို ယောဒေသ ထဲကနေ မောင်းထုတ်မှာ။ ဘယ်သူမှလဲ ဂရုမစိုက်ဘူး။ သူတို့ကို မောင်းထုတ်ဖို့ လူဘယ် လောက်လိုသလဲ၊ တပ်ရင်းဘယ်လောက်လိုသလဲပြော လုပ်စရာရှိတာ အကုန်လုပ်မှာ။ ယောဒေသထဲ ယောလူမျိုးတွေကပဲ ကာကွယ်စောင့်ရှောက်ဖို့လိုတယ်။ ဒါကို သူတို့က နယ်မြေစိုးမိုးတာကိုတော့ စဉ်းစားဖို့လိုတယ်” လို့ ပြောဆိုထားပါတယ်။

အခု ဂန့်ဂေါခရိုင်ထဲ GZA စစ်ဦးစီးချုပ်နဲ့ တပ်ရင်းမှူးတို့အပါအဝင် YDF ရဲဘော်တွေကို လုပ်ကြံပစ်ခတ်ခံရပြီး ထိခိုက်ဒဏ်ရာရကာ ဖမ်းဆီးခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး NUG ဘက်ကတော့ တစုံတရာ ထုတ်ပြန်ထားတာမရှိဘူးလို့ သိရပါတယ်။

(ပုံ) GZA ရဲဘော်များ စကစထံမှတိုက်ယူရရှိထားသည့်လက်နက်များနှင့်အတူ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မုံရွာရှိ စစ်တပ်ရဲ့ နမခဌာနချုပ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရပြီး အရာရှိတွေအပါအဝင် (၁၂)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 7 ရက်
  • 23 Views
အောက်တိုဘာလ (၇)ရက်။ အောက်တိုဘာလ (၂)ရက်နေ့က မုံရွာအခြေစိုက် စစ်တပ်ရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ Chindwin Rocket Brother(CRB)ရဲ့
မြန်မာသတင်း

ထားဝယ်ထောင်မှာ နိုင်/ကျဉ်းတစ်ဦး ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရတာကြောင့် သေဆုံးခဲ့ရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 7 ရက်
  • 23 Views
အောက်တိုဘာလ (၇)ရက်။ အောက်တိုဘာလ (၃)ရက်နေ့က ထားဝယ်ထောင်မှာ မတရားဖမ်းဆီးအကျဉ်းချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတဦး သေဆုံးခဲ့တယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ဂန့်ဂေါမြို့ရှိ စစ်တပ်ရဲ့ ခလရ(၅၀)နဲ့ မြို့မရဲစခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 7 ရက်
  • 20 Views
အောက်တိုဘာလ (၇)ရက်။ မနေ့က ညနေ (၆)နာရီကျော်အချိန် ဂန့်ဂေါမြို့ရှိ စစ်တပ်ရဲ့ ခလရ(၅၀)တပ်နဲ့ မြို့မရဲစခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသထဲသတင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ “ ဂန့်ဂေါ ခလရ(၅၀)တပ်နဲ့ မြို့မရဲစခန်းဝင်းထဲ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရတာ။ အဲ့ဒီမှာ
မြန်မာသတင်း

ချောင်းဦးမှာ ဆီမီးသပိတ်ပြုလုပ်ချိန် ဗုံးကြဲခံရပြီး သေဆုံးသူ (၄၀)ကျော်အထိရှိလာ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 7 ရက်
  • 24 Views
အောက်တိုဘာလ (၇)ရက်။ မနေ့က သီတင်းကျွတ်လပြည့်နေ့ ည (၈)နာရီအချိန် မုံရွာနဲ့ ချောင်းဦးအစပ်ရှိ ဗုံတိုရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ သီတင်းကျွတ်လပြည့်နေ့ဆိုတော့ ပြည်သူတွေစုပြီး မီးထွန်းပွဲနဲ့ စစ်အာဏာရှင်ဆန့်ကျင်တဲ့သပိတ်
မြန်မာသတင်း

သီတင်းကျွတ်လပြည့်နေ့ သီပေါနဲ့ နမ္မတူကို စစ်တပ် လေကြောင်းဗုံးကြဲ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 6 ရက်
  • 41 Views
အောက်တိုဘာလ (၆)ရက်။ သီတင်းကျွတ်လပြည့်နေ့ဖြစ်တဲ့ ဒီကနေ့ နံနက် (၇)နာရီခွဲကျော်အချိန်က သီပေါနဲ့ နမ္မတူမြို့တို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဒီကနေ့ မနက်ပိုင်း (၇)နာရီခွဲလောက်မှာ နမ္မတူမြို့နဲ့
မြန်မာသတင်း

ခေတ်မျက်လုံးရဲ့ အပတ်စဥ် နိုင်ငံ‌ရေးဖြစ်စဥ်များကိုဆွေးနွေးတင်ပြခြင်း (၁၅)

  • 2025 ခုနှစ်၊ အောက်တိုဘာလ 5 ရက်
  • 52 Views
+++++++++++++++++++++++++++++++++++++++++++ ဒီအပတ်ခေါင်းစဥ်ကတော့ “ရွေးကောက်ပွဲလုပ်မှာက စကမ တရားစီရင်ရေးက တရုတ်လက်ထဲ စိုးမိုးနယ်မြေဘယ်မှာလဲ” ဖြစ်ပါတယ်၊ စစ်ကော်မရှင်တဖြစ်လဲ စစ်အုပ်စုက ရွေးကောက်ပွဲကို စိုင်းပြင်းနေပြီး ရွေးကောက်ပွဲနီးချိန် ဝန်ထမ်းတွေနဲ့ အငြိမ်းစားတွေကို စစ်ကော်မရှင်က အပိုထောက်ပံ့ကြေး တိုးမြှင့်ပေးစည်းရုံးနေတာ၊ ကြံဖွတ်ပါတီခေါင်းဆောင်ခင်ရီနဲ့ မအလတို့
မြန်မာသတင်း

ရွေးကောက်ပွဲကို နှောင့်ယှက်တာကြောင့်ဆိုပြီး ဖမ်းဆီးခံရသူ (၆၄)ဦးအထိရှိလာ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 4 ရက်
  • 52 Views
အောက်တိုဘာလ (၄)ရက်။ ရွေးကောက်ပွဲကို ကာကွယ်တဲ့ဥပဒေ ပြဌာန်းပြီးတဲ့အချိန်ကစပြီး  စက်တင်ဘာလကုန်အထိ ဖမ်းဆီးခံရသူ (၆၄)ဦးအထိရှိခဲ့တယ်လို့ စစ်ကော်မရှင်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ဗဟိုကော်မတီက ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေ ပျက်ပြားစေဖို့ နည်းအမျိုးမျိုးနဲ့ ကျူးလွန်သူတွေကို
မြန်မာသတင်း

မင်းအောင်လှိုင် မန္တလေးရောက်ချိန် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 4 ရက်
  • 45 Views
အောက်တိုဘာလ (၄)ရက်။ ဒီကနေ့ နံနက် (၆)နာရီ (၁၅)မိနစ်အချိန်က မန္တလေးရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ကို ၁၀၇မမ ရှော့တိုက်ဒုံး (၂)လုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ Brave Warriors for Myanmar(BWM)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့ကညပိုင်းမှာ