နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 2 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြောက်ဦးမြို့ လူနေရပ်ကွက်ကို စစ်တပ်က ပေါင်(၅၀၀)ဗုံးကြဲချ၊ ပြည်သူ (၁၂)ဦးသေဆုံးပြီး (၂၁)ဦး ဒဏ်ရာရခဲ့

ဩဂုတ်လ (၂၆)ရက်။

မနေ့က ညပိုင်းအချိန် မြောက်ဦးမြို့ ဒိုင်းကျီရပ်ကွက်ကို စစ်တပ်က လေကြောင်းကနေ ပေါင် (၅၀၀)ဗုံး (၁)လုံး ကြဲချခဲ့တယ်လို့ သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။

“ မနေ့က ည (၁၁)ခွဲလောက် မြောက်ဦးက လူနေရပ်ကွက်ဖြစ်တဲ့ ဒိုင်းကျီရပ်ကွက်ကို စစ်တပ်က ဂျက်ဖိုက်တာတစီးနဲ့ ပေါင် (၅၀၀)ဗုံး (၁)လုံး လာကြဲသွားတာ။ အဲ့ဒီဗုံးသီးက စိုက်ပျိုးရေးဂိုဒေါင်နားကို ကျရောက်ပေါက်ကွဲခဲ့တာ” လို့ ဆိုပါတယ်။

ဒိုင်းကျီရပ်ကွက်ကို စစ်တပ်က ‌ဂျက်ဖိုက်တာနဲ့ ပေါင် (၅၀၀)ဗုံး (၁)လုံး ကြဲချခဲ့ကာ စိုက်ပျိုးရေးဂိုဒေါင်အနီး ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေးငယ်တွေအပါအဝင် (၁၂)ဦး သေဆုံးခဲ့တယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။

အဲ့ဒီဖြစ်စဉ်ထဲ အရပ်သား (၂၁)ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ထိခိုက်သေဆုံးသူတွေထဲ ကလေးငယ်တွေ ပါဝင်သလို လုနေအိမ် (၈)လုံး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။ 

ဒိုင်းကျီရပ်ကွက်ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲချခဲ့တာနဲ့ပတ်သက်ပြီး AA ဘက်ကလဲ အတည်ပြုထားကာ ထိခိုက်သေဆုံး‌သူတွေထဲ အလှုလုပ်ဖို့ ပြင်ဆင်နေတဲ့ မိသားစုဝင်တွေနဲ့ အနီးနားက ပြည်သူတွေ ပါဝင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ညအချိန် လူအများ အိပ်မောကျနေတာကို အခွင့်ကောင်းယူပြီး အခုလို အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးတာ များပြားစေဖို့ တမင်တကာ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်တာလို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် ဖက်ဆစ်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေရဲ့ မိသားစု၊ ဆွေမျိုးတွေနဲ့ ထပ်တူဝမ်းနည်းရကာ အဲ့ဒီလုပ်ရပ်တွေကို ပြင်းထန်စွာရှုတ်ချပြီး လုပ်သင့်လုပ်ထိုက်တာတွေကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ AA ရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကျွန်းစုမြို့မှာ PDF နဲ့ ပကဖအမည်ခံပြီး ခြိမ်းခြောက်ငွေတောင်းသူတဦးကို မြို့နယ်ပကဖ ဖမ်းဆီးခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 1 ရက်
  • 18 Views
ဖမ်းဆီးခံရသူဟာ လက်ထိပ်ချွတ်ပြီး ခုခံထွက်ပြေးတာကြောင့် အသေပစ်သတ်ခဲ့ရ ဒီဇင်ဘာလ (၁)ရက်။ ကျွန်းစုမြို့ရှိ ကျေးရွာတွေမှာ PDF နဲ့ ပကဖအမည်ခံပြီး ခြိမ်းခြောက်ငွေတောင်းသူတွေထဲက
မြန်မာသတင်း

မင်းကင်းမှာ CDM ဆရာဝန်အမျိုးသမီးကို မြို့နယ်ပလဖက အကြမ်းဖက်ဖမ်းဆီးတဲ့ရုပ်သံ လူမှုကွန်ရက်မှာ ပျံ့နှံ့နေ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 1 ရက်
  • 19 Views
မင်းကင်းမှာ CDM ဆရာဝန်အမျိုးသမီးကို မြို့နယ်ပလဖက အကြမ်းဖက်ဖမ်းဆီးတဲ့ရုပ်သံ လူမှုကွန်ရက်မှာ ပျံ့နှံ့နေ ဒီဇင်ဘာလ (၁)ရက်။ စစ်ကိုင်းတိုင်းရှိ မင်းကင်းမြို့နယ်က CDM
မြန်မာသတင်း

စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ရှုံ့ချဖို့ ကရင်လူမှုအဖွဲ့တွေ တိုက်တွန်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 1 ရက်
  • 22 Views
ဒီဇင်ဘာလ (၁)ရက်။ အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲဟာ နိုင်ငံထဲရှိ နိုင်ငံရေးပဋိပက္ခပြဿနာတွေကို လုံးဝဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့ ကရင်လူမှုအဖွဲ့အစည်း (၂၅)ဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ဒီလို ပြည်သူလူထုအများစုရဲ့ ဆန္ဒမပါဘဲ အတင်းအကျပ်လုပ်ယူတဲ့ အဲ့ဒီအတုအယောင်ရွေးကောက်ပွဲကို ကရင်လူမှုအဖွဲ့တွေက အပြင်းအထန်ရှုံ့ချထားပါတယ်။ နောက်ပြီး
မြန်မာသတင်း

မိုးကုတ်မြို့အတွက် တောင်းပန်ဖို့ စကားလုံးမရှိလို့ TNLA ခေါင်းဆောင် ဗိုလ်ချုပ် တားဘုန်းကျော်ပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 1 ရက်
  • 23 Views
ဒီဇင်ဘာလ (၁)ရက်။ မိုးကုတ်မြို့နဲ့ပတ်သက်ပြီး တောင်းပန်ဖို့ စကားလုံးမရှိဘူးလို့ TNLA ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်ချုပ် တားဘုန်းကျော်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ “ နှင်းသီးကြွေ ခြေစုံခိုက် ရင်ဝယ်ဆူးစိုက် လောင်မြိုက်မျက်ရည် အို… မိုးကုတ်
မြန်မာသတင်း

တော်လှန်ရေးအင်အားစုတွေ စစ်မှုထမ်းဥပဒေအရေး တုံ့ပြန်ဖြေရှင်းနိုင်ဖို့ အလွန်အားနည်းနေတယ်လို့ဆို

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 1 ရက်
  • 12 Views
ဒီဇင်ဘာလ (၁)ရက်။ တော်လှန်ရေးအင်အားစုတွေဟာ စစ်မှုထမ်းဥပဒေအရေး တုံ့ပြန်ဖြေရှင်းနိုင်ဖို့ ပြင်ဆင်လုပ်ဆောင်တာ အလွန်အားနည်းနေတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ ‌လေ့လာရေးအဖွဲ့(MDSI)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ရည်မှန်းချက်အတိုင်း ပြည်သူ့စစ်မှုထမ်းဥပဒေကို အောင်မြင်စွာ အကောင်အထည်ဖော် လုပ်ဆောင်နိုင်ပြီး တန်ပြန်ထိုးစစ်တွေမှာ
မြန်မာသတင်း

ဒါရိုက်တာ မိုက်တီးနဲ့ သရုပ်ဆောင် (၂)ဦးကို ရွေးကောက်ပွဲကာကွယ်တဲ့ဥပဒေနဲ့ ထောင် (၇)နှစ်စီချခံရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 30 ရက်
  • 41 Views
နိုဝင်ဘာလ (၃၀)ရက်။ ဒါရိုက်တာ မိုက်တီး၊ သရုပ်ဆောင် ကျော်ဝင်းထွဋ်နဲ့ ဟာသသရုပ်ဆောင် အုန်းဒိုင်းတို့ကို စစ်တပ်က ထောင် (၇)နှစ်စီ ချမှတ်ခဲ့ရတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ စစ်တပ်က ဝါဒဖြန့်ရိုက်ကူးတဲ့ ‌” ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” ရုပ်ရှင်ကို
မြန်မာသတင်း

မိုးကုတ်မြို့ထဲ စစ်ကော်မရှင်တပ်တွေ ဝင်ရောက်လာ၊ 

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 30 ရက်
  • 43 Views
တိုက်ပွဲပြန်ဖြစ်မှာ စိုးရိမ်တာကြောင့် မြို့ခံအားလုံးနီးပါး တိမ်းရှောင်နေပြီး တိတ်ဆိတ်ခြောက်ကပ်နေ နိုဝင်ဘာလ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်ကစပြီး မန္တလေးတိုင်း မိုးကုတ်မြို့ထဲကို စစ်ကော်မရှင်တပ်တွေ စတင်ဝင်ရောက်လာခဲ့တယ်လို့ မြို့ခံတွေရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ “ မနေ့က ည‌ပိုင်းလောက်ကစပြီး မြို့ထဲကို
မြန်မာသတင်း

မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းနိုင်ခဲ့တဲ့အပေါ် NUG ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 30 ရက်
  • 39 Views
နိုဝင်ဘာလ (၃၀)ရက်။ မန္တလေးလွှတ်တော်က မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ အတည်ပြုဖွဲ့စည်းနိုင်ခဲ့တဲ့အပေါ် NUG က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မနေ့က ကျင်းပခဲ့တဲ့ မန္တလေးလွှတ်တော်ရဲ့ ပထမအကြိမ်အစည်းအဝေးမှာ မန္တလေးကြားကာလအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းပေးခဲ့တာနဲ့ ကောင်စီဝင်တွေက ကတိသစ္စာပြုခဲ့တာတို့ကို