နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 12 ရက်

မြန်မာသတင်း

မြန်မာသတင်း

မန္တလေးမြို့ပေါ်ရှိ ရွှေဆိုင်တွေကို ဓါးပြတိုက်နေတဲ့ ပျူစောထီးခေါင်းဆောင်နဲ့ ရာအိမ်မှူး ပစ်ခတ်ရှင်းလင်းခံရ

ဇန်နဝါရီလ (၂၇)ရက်။

မနေ့က နံနက် (၁၁)နာရီအချိန်က မန္တလေးမြို့ပေါ်ရှိ ရွှေဆိုင်တွေကို ဓါးပြတိုက်နေတဲ့ ပျူစောထီးခေါင်းဆောင်နဲ့ ရာအိမ်မှူးတို့ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ မန်းခရိုင်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ချက်အရ သိရပါတယ်။

“ ပျုစောထီးခေါင်းဆောင်က မုဒိန်းမှုတွေလဲ ကျူးလွန်ထားတယ်။ နောက်ပြီး စကစဆီက လက်နက်ငှားပြီး မန္တလေးမြို့ပေါ်က ရွှေဆိုင်တွေကို ဓါးပြတိုက်နေတာ။ သူနဲ့အတူ သူ့အလိုကျ စစ်မှုထမ်းဖို့ လိုက်ခြိမ်းခြောက်ပြီး ‌ငွေတောင်းနေတဲ့ ရာအိမ်မှူးကိုပါ ပစ်ခတ်ရှင်းလင်းခဲ့တာ” လို့ ဆိုပါတယ်။

ပစ်ခတ်ရှင်းလင်းခံရသူတွေဟာ ပျူစောထီးခေါင်းဆောင် နေဝင်းရှိန်(ခ)သူရိန်ဝင်းနဲ့ ရာအိမ်မှူး ဝင်းဦးတို့ဖြစ်ကာ သူတို့ကို အောင်သာယာရပ်ကွက် (၄၅)လမ်းနဲ့ (၁၀၇)လမ်းအနီးမှာ ရှင်းလင်းခဲ့တာလို့ ဖော်ပြထားပါတယ်။

ပျူစောထီးခေါင်းဆောင် သူရိန်ဝင်းဆိုသူဟာ မုဒိန်းမှုများစွာ ကျုးလွန်ထားပြီး စစ်ကောင်စီထံက လက်နက်ငှားကာ မြို့ပေါ်ရှိ ရွှေဆိုင်တွေကို ဓါးပြတိုက်နေတာလို့ ရေးသားထားပါတယ်။

နောက်ပြီး ရာအိမ်မှူး ဝင်းဦးဟာ သူရိန်ဝင်းအလိုကျ တစ်အိမ်ထောင်ကို (၃)သိန်းကောက်ခံပြီး မတတ်နိုင်တဲ့ ပြည်သူတွေကို အတင်းအဓမ္မ စစ်မှုထမ်းရမယ်လို့ ခြိမ်းခြောက်နေတာလို့ ပြောဆိုထားပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ရှင်းလင်းခဲ့ရာမှာ ရာအိမ်မှူး ဝင်းဦးဟာ နေရာမှာပဲ သေဆုံးခဲ့သလို ပျူ‌စောထီးခေါင်းဆောင် သူရိန်ဝင်းကတော့ ဆေးရုံရောက်ပြီး ညပိုင်းအချိန်မှာပဲ ရရှိတဲ့ဒဏ်ရာတွေနဲ့ သေဆုံးသွားတယ်လို့ ထုတ်ပြန်ထားပါတယ်။

ပျူစောထီးခေါင်းဆောင်နဲ့ ရာအိမ်မှူးတို့ကို မန္တလေးခရိုင်ပကဖကွပ်ကဲမှုနဲ့ အမရပူရမြို့နယ်ပကဖတို့က ပစ်ခတ်ရှင်းလင်းခဲ့ကာ နောင်လဲ စစ်ကောင်စီအလိုကျ လုပ်‌ဆောင်နေတဲ့ စစ်ကောင်စီဒေါက်တိုင်တွေကို ရှင်းလင်းသုတ်သင်သွားမယ်လို့ သတိပေးထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ

တပ်ခရိုင် (Tak) ၏ ရဲမှူးချုပ်နှင့် အမှတ် (၅) စစ်ဆေးရေးတပ်မ (၅) တိုင်းမှူး ရဲမှူးချုပ် တို့ကို နေရာရွှေ့ပြောင်း

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 7 Views
ဖေဖော်ဝါရီလ (၁၁) ရက်။ မြဝတီမြို့နယ်ရှိ ရာဇ၀တ်ဂိုဏ်းနှင့် ပတ်သက်သည်ဟူသော စွပ်စွဲချက်များနှင့် ပတ်သက်၍ စစ်ဆေးရန် ဆိုင်းငံ့ထားသည့် အမှတ် (၅)
မြန်မာသတင်း

လက်ပံတန်းမြို့မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးလင်မယား(၂)ဦး ပစ်ခတ်ရှင်းလင်းခံရ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 8 Views
ဖေဖော်ဝါရီလ (၁၁)ရက်။ ဒီကနေ့ ညနေ (၄)နာရီ (၄၅)မိနစ်အချိန်က လက်ပံတန်းမြို့နယ် မကျီးကွင်းအုပ်စုရဲ့ အုပ်ချုပ်ရေးမှူး လင်မယား (၂)ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့
1027 Operations မြန်မာသတင်း

နိုင်ငံရေးနဲ့ တော်လှန်ရေးခေါင်းဆောင်တွေရဲ့ နိုင်ငံရေးယဉ်ကျေးမှု နိမ့်ကျနေဆဲလို့ TNLA ပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 13 Views
ဖေဖော်ဝါရီလ (၁၁)ရက်။ အခုအချိန်အထိ ပြည်ထောင်စုနိုင်ငံ မတည်ဆောက်နိုင်တာက နိုင်ငံရေးနဲ့ တော်လှန်ရေး ခေါင်းဆောင်တွေရဲ့ နိုင်ငံရေးယဉ်ကျေးမှု နိမ့်ကျနေဆဲဆိုတာကို ညွှန်ပြနေတာလို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PSLF/TNLA ကို (၇၈)နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုတဲ့
မြန်မာသတင်း

အင်အားစုတွေ တော်လှန်ရေးကို မျက်နှာမူပြီး သဘောထားမတိုက်ဆိုင်တာတွေကို ကျော်လွှားဖို့ NUG ပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 13 Views
ဖေဖော်ဝါရီလ (၁၁)ရက်။ အင်အားစုတွေအနေနဲ့ ပြည်သူကို ရှေ့ရှုပြီး တော်လှန်ရေးကို မျင်နှာမူကာ သဘောထားမတိုက်ဆိုင်တာတွေကို ကျော်လွှားဖို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဒီကနေ့မှာပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ပိုစုစည်းဖို့ လိုလာတဲ့အချိန်မှာ အင်အားစုတွေအသီးသီးကလဲ
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

တပ်မ (၉၉) နည်းဗျူဟာမှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို AA ဖမ်းဆီးထား

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 12 Views
ဖေဖော်ဝါရီလ (၁၁) ရက်။ တပ်မ (၉၉)နည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်သက် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော်ကို မကွေးတိုင်း၊ ငဖဲမြို့နယ် ကံမြင့်ကန်၊ ဂုတ်စည်းရိုးတိုက်ပွဲမှာ အာရက္ခတပ်တော် (AA)က ဖမ်းမိထားတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
မြန်မာသတင်း

အင်အားစုတွေ တော်လှန်ရေးကို မျက်နှာမူပြီး သဘောထားမတိုက်ဆိုင်တာတွေကို ကျော်လွှားဖို့ NUG ပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 7 Views
ဖေဖော်ဝါရီလ (၁၁)ရက်။ အင်အားစုတွေအနေနဲ့ ပြည်သူကို ရှေ့ရှုပြီး တော်လှန်ရေးကို မျင်နှာမူကာ သဘောထားမတိုက်ဆိုင်တာတွေကို ကျော်လွှားဖို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဒီကနေ့မှာပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ပိုစုစည်းဖို့ လိုလာတဲ့အချိန်မှာ အင်အားစုတွေအသီးသီးကလဲ
1027 Operations မြန်မာသတင်း

မိုးကုတ်မြိုတွင် စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၅) ဦးသေဆုံးပြီး ‌(၁၉) ဦး ထိခိုက်ဒဏ်ရာရ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 7 Views
ဖေဖော်ဝါရီလ ၁၁ ရက်TNLA သိမ်းထားတဲ့ ရှမ်းပြည်နယ် မိုးကုတ်မြိုမှာ မနေ့က ဖေဖော်ဝါရီလ (၁၀)ရက်နေ့ည သန်းခေါင်ယံအချိန် စစ်ကောင်စီက လေ‌ကြောင်းကနေ ဗုံးအလုံး (၂၀) လောက် ကြဲချတိုက်ခိုက်ခဲ့တဲ့ ဒေသခံ (၅)ဦးသေဆုံးပြီး (၁၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့
မြန်မာသတင်း

MOD အောက်ကနေနှုတ်ထွက်သွားတဲ့ ဂဋ္ဌုန်စစ်ကြောင်း MLA နဲ့ပူးပေါင်း

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 19 Views
ဖေဖော်ဝါရီလ (၁၁)ရက်။ MOD အောက်ကနေ နှုတ်ထွက်သွားတဲ့ ဂဋ္ဌုန်စစ်ကြောင်းဟာ မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA)နဲ့ အလုံးစုံ ပူးပေါင်းလိုက်ပြီဖြစ်တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ KNU တပ်မဟာ (၆)နယ်မြေထဲ စစ်ရေးဖော်ဆောင်တာတွေ ပူးပေါင်းဆောင်ရွက်နေတဲ့ ဂဋ္ဌုန်စစ်ကြောင်းဟာ MLA ရဲ့