နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်

မြန်မာသတင်း

မြန်မာသတင်း

(၃)ရက်တာထဲ စစ်ကောင်စီတပ်သား (၂၃)ဦးကို လက်နက်ခဲယမ်းတွေနဲ့ ဖမ်းမိခဲ့တယ်လို့ CDF-ASHO ထုတ်ပြန်

ဖေဖော်ဝါရီလ (၂၇)ရက်။

ဖေဖော်ဝါရီလ (၂၄)ရက်ကနေ (၂၆)ရက်နေ့အထိ တောထဲနေရာတွေကနေ စခန်းစွန့်ခွာထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား (၂၃)ဦးကို ဖမ်းမိခဲ့တယ်လို့ CDF-ASHO ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်သားတွေကို လက်နက်ခဲယမ်းတွေနဲ့အတူ နတ်ရေကန် ဆက်သွယ်ရေးတာဝါတိုင် မြောက်ဘက် မီတာ(၂၀၀၀)ခန့်အကွာက တောထဲနေရာတွေကနေ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

သူတို့ဆီကနေ MA-1 (၁၃)လက်၊ MA-2 (၁)လက်၊ MA-3 (၃)လက်၊ MA-11 (၂)လက်နဲ့ MA-5 (၁)လက် စုစုပေါင်း လက်နက်ငယ် (၂၀)လက်အပြင် လက်ပစ်မိုင်း (၁၈)လုံး၊ EY သီး (၁၂)လုံးနဲ့ ကျည် (၄၀၀၀)ကျော်အပါအဝင် စစ်သုံးပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

CDF-ASHO အနေနဲ့ မကွေးတိုင်း ငဖဲမြို့နယ်ရှိ စစ်ကောင်စီရဲ့ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ် ကာကင်းစခန်းတွေကနေ တပ်စခန်းစွန့် ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အရှင်ဖမ်းမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အာရက္ခတပ်တော်(AA)အနေနဲ့လဲ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်တည်ရှိတဲ့ တောင်ကုန်းကို ထိုးစစ်ဆင်နေချိန်မှာ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို CDF-ASHO အနေနဲ့ နယ်မြေရှင်းလင်း ဖမ်းဆီးနေတာလို့ ပြောဆိုထားပါတယ်။

ဒါ့ကြောင့် နတ်ရေကန်အနီးတဝိုက် တာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ဆက်သွယ်ပြီး အမြန်ဆုံး အလင်းဝင်ပူးပေါင်းဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း အမေရိကန်

အမေရိကန်ပဲပုပ်ဖတ် တင်ပို့သူတွေနဲ့ မြန်မာဝယ်သူတွေ သဘောတူလက်မှတ်ရေးထိုး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 4 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ အမေရိကန်ရဲ့ ပဲပုပ်ဖတ်တင်ပို့သူတွေနဲ့ မြန်မာဝယ်သူတွေအကြား သဘောတူညီချက်အသစ် လက်မှတ်ရေးထိုးခဲ့တယ်လို့ အမေရိကန်သံရုံးရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အရှေ့တောင်အာရှကို
မြန်မာသတင်း

ကြီးမားတဲ့ ကန့်ကွက်တာတွေ မရှိတာကြောင့် အောင်မြင်တဲ့ ရွေးကောက်ပွဲဆိုပြီး မင်းအောင်လှိုင်ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 6 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ အခုအချိန်အထိ ကြမားတဲ့ ကန့်ကွက်တာတွေ မရှိတာကြောင့် အောင်မြင်တဲ့ ရွေးကောက်ပွဲဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က နေပြည်တော်မှာ
မြန်မာသတင်း

သံလွင်တံတား(ဖားဆောင်း) ဒုတိယအကြိမ် မိုင်းခွဲခံရတယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 11 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ မနေ့က နံနက် (၁၀)နာရီအချိန်က သံလွင်တံတား(ဖားဆောင်း) ဒုတိယအကြိမ် ထပ်မံမိုင်းခွဲခံခဲ့ရတယ်လို့ စစ်တပ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခု ထပ်မံမိုင်းခွဲခံရတာကြောင့် တံတားရဲ့ အနောက်ဘက် ရေလည်တိုင်တွေဖြစ်တဲ့ တိုင်အမှတ် P-5 နဲ့ P-7
မြန်မာသတင်း

ခင်ဦးမြို့ပေါ် ပြည်သူပိုင်ဈေးတန်းအိမ်တွေကို မီးရှို့နေတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 25 Views
တိုက်ပွဲထဲ မီးရှို့ကိုကိုဆိုပြီး နာမည်ဆိုးထွက်နေတဲ့ စစ်ကောင်စီဗိုလ်တဦး သေဆုံးခဲ့ ဖေဖော်ဝါရီလ (၂၅)ရက်။ မနေ့က ညနေပိုင်းအချိန်မှာ ခင်ဦးမြို့ပေါ် ပြည်ပိုင်ဈေးတန်းအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “
မြန်မာသတင်း

ရေးမြို့တိုက်ပွဲထဲ နှစ်ဖက် ထိခိုက်ကျဆုံးတာတွေရှိခဲ့တယ်လို့ YGF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 25 Views
ဖေဖော်ဝါရီလ (၂၃)ရက်။ ဖေဖော်ဝါရီလ (၂၃)ရက်နေ့က ရေးမြို့ အောင်သပြေရွာအနီး စစ်ကောင်စီစစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ရေးပြောက်ကျားတပ်(YGF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အောင်သပြေရွာနားကို ရောက်လာတဲ့ စကစစစ်ကြောင်း အင်အား(၁၅၀)နဲ့ တော်လှန်ရေးမဟာမိတ်တွေ တိုက်ပွဲဖြစ်ပွားတာပါ။ အဲ့ဒီတိုက်ပွဲက
မြန်မာသတင်း

အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ တိုက်ပွဲဝင်မယ်လို့ MDY-PDF ကတိပြုထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 25 Views
ဖေဖော်ဝါရီလ (၂၅)ရက်။ အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာကျရောက်တဲ့ ဖွဲ့စည်းတည်ထောင်တဲ့ (၅)နှစ်ပြည့်မှာ ကတိပြုထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ MDY-PDF အနေနဲ့ လက်နက်ကိုင်တော်လှန်ရေး စတင်လုပ်ဆောင်ဖို့ ဆုံးဖြတ်ချက်ချခဲ့တဲ့ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ (၂၅)ရက်နေ့ကို
မြန်မာသတင်း

အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သားတွေ သေဆုံးတဲ့အပေါ် HDCO ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 28 Views
ဖေဖော်ဝါရီလ (၂၅)ရက်။ ပုဏ္ဏားကျွန်းမြို့ကို စစ်တပ်က လေကြောင်းဗုံးကြဲတာကြောင့် အရပ်သားတွေ သေဆုံးတဲ့အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချတယ်လို့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မနေ့က ပုဏ္ဏားကျွန်းမြို့ ယိုးငူရွာရှိ ဈေးဆိုင်တန်းကို အကြမ်းဖက်စစ်တပ်က
မြန်မာသတင်း

ဧပြီလဆန်းပိုင်းမှာ သမ္မတရွေးချယ်ပြီး အစိုးရသစ်ဖွဲ့မယ်လို့ စစ်ကော်မရှင်ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 21 Views
ဖေဖော်ဝါရီလ (၂၅)ရက်။ ဧပြီလဆန်းပိုင်းမှာ သမ္မတရွေးချယ်ပြီး အစိုးရသစ်ဖွဲ့မယ်လို့ ဒုစစ်ခေါင်းဆောင် စိုးဝင်းက မနေ့က နောင်ဝိုး၊ ကျိုင်းခမ်းနဲ့ မိုင်းပျဉ်းတပ်နယ် တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ဧပြီလဆန်းပိုင်းမှာ သမ္မတရွေးချယ်တင်မြှောက်ပြီး အစိုးရသစ်တရပ် ဖွဲ့စည်းကာ နိုင်ငံရဲ့တာဝန်ကို