နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဩဂုတ်လ 18 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်တပ်ရဲ့ အစဉ်အလာကို ဆက်လက်ထိန်းသိမ်းနေတယ်ဆိုပြီး စစ်ခေါင်းဆောင်က အငြိမ်းစားစစ်တပ်အရာရှိတွေနဲ့တွေ့ဆုံချိန် ပြောဆိုခဲ့

မတ်လ (၂၇)ရက်။

စစ်တပ်ရဲ့ အစဉ်အလာတွေကို ဆက်လက်ထိန်းသိမ်းနေတယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က နေပြည်တော်မှာ တပ်မတော်နေ့ကို တက်ရောက်မယ့် အငြိမ်းစားစစ်တပ်အရာရှိတွေကို ဂါရဝပြုချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

စစ်ခေါင်းဆောင်က အခု အခမ်းအနားကို တက်ရောက်လာတဲ့ အငြိမ်းစားစစ်တပ်အရာရှိကြီးတွေဟာ မိဘဆရာတွေဖြစ်ပြီး စစ်တပ်က တိုင်းပြည်အတွက်ဖြစ်ရမယ်ဆိုတဲ့စိတ်နဲ့ အစဉ်အလာကို ဆက်လက်ထိန်းသိမ်းထားတယ်လို့ ‌ဆိုပါတယ်။

နောက်ပြီး စစ်တပ်အနေနဲ့ တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေကို သင်ခန်းစာယူပြီး ဆက်လက်ဆောင်ရွက်ရမယ့် ကိစ္စရပ်တွေကို အကောင်းဆုံးဆောင်ရွက်သွားမယ်ဆိုပြီး ပြောဆိုခဲ့ပါသေးတယ်။

ဒါ့အပြင် စစ်တပ်အနေနဲ့ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ နိုင်ငံတာဝန်တွေကို ထမ်းဆောင်နေရတာဖြစ်ကာ အခုနှစ်ကုန်မှာ ရွေးကောက်ပွဲကျင်းပပြီး အနိုင်ရတဲ့ ပါတီကို နိုင်ငံတာဝန်တွေ လွှဲပြောင်းပေးမယ်လို့လဲ သူက အသိပေးပြောဆိုခဲ့ပါတယ်။

ဂါရဝပြုကန်တော့ပွဲကို ဦးသိန်းစိန်အပါအဝင် အငြိမ်းစားစစ်တပ်အရာရှိတွေ တက်ရောက်ခဲ့ပြီး စစ်ခေါင်းဆောင် ဦးဆောင်ကာ တိုင်းပြည်တည်ငြိမ်အေးချမ်းဖို့ ဆောင်ရွက်နေတာကို အသိအမှတ်ပြု ဂုဏ်ယူအားပေးတယ်ဆိုပြီး ဦးသိန်းစိန်က အားလုံးရဲ့ကိုယ်စား ပြောဆိုခဲ့ပါတယ်။

ဒီကနေ့မှာကျရောက်တဲ့ ‌တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို စစ်ကောင်စီက နေပြည်တော်မှာ ကျင်းပသွားဖို့ရှိပြီး ရာသီဥတုကြောင့် ညနေပိုင်းမှသာ စတင်မှာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

စစ်တပ်ရဲ့ အစဉ်အလာကို ဆက်လက်ထိန်းသိမ်းနေတယ်ဆိုပြီး စစ်ခေါင်းဆောင်က အငြိမ်းစားစစ်တပ်အရာရှိတွေနဲ့တွေ့ဆုံချိန် ပြောဆိုခဲ့

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မိုးကုတ်မြို့ ရဲစခန်းနဲ့ ထွေအုပ်ရုံးအနီးကို စစ်ကောင်စီတပ် ထပ်မံဗုံးကြဲ၊ ကလေးငယ်အပါအဝင် ပြည်သူ (၃)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 17 ရက်
  • 38 Views
ဩဂုတ်လ (၁၇)ရက်။ ဒီကနေ့ နံနက် (၉)နာရီအချိန်က မိုးကုတ်မြို့အရှေ့ပိုင်းရှိ မြို့မရဲစခန်းနဲ့ ထွေအုပ်ရုံးအနီးကို စစ်ကောင်စီတပ်က ပေါင် (၂၅၀)ဗုံး (၃)လုံး
မြန်မာသတင်း

စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာမှာ KNU စစ်ဦးစီးချုပ် သေဆုံးခဲ့တယ်ဆိုပြီး စစ်လော်ဘီတွေ ဝါဒဖြန့်

  • 2025 ခုနှစ်၊ ဩဂုတ်လ 17 ရက်
  • 26 Views
ဩဂုတ်လ (၁၇)ရက်။ ဩဂုတ်လ (၁၁)ရက်နေ့က စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တာမှာ KNU စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ သေဆုံးတယ်ဆိုပြီး စစ်လော်ဘီချန်နယ်တွေက
မြန်မာသတင်း

ပလမြို့တိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၅၃)ဦးသေဆုံးပြီး (၄၈)ဦးဒဏ်ရာရရှိခဲ့တယ်လို့ ပုလော-PDF ထုတ်ပြန်

  • 2025 ခုနှစ်၊ ဩဂုတ်လ 17 ရက်
  • 31 Views
ဩဂုတ်လ (၁၇)ရက်။ ပုလောမြို့နယ် ပလမြို့ကို စစ်ကြောင်းထိုးဝင်လာဖို့ ကြိုးပမ်းတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပုလော-PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇူလိုင်လ (၂၄)ရက်ကစပြီး ပလမြို့ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ဖို့
မြန်မာသတင်း

ငဖဲမြို့တိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၀)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 17 ရက်
  • 22 Views
ဆုတ်ခွာထွက်ပြေးသူတွေကို လိုက်လံချေမှုန်းနေတယ်လို့ AA ထုတ်ပြန် ဩဂုတ်လ (၁၇)ရက်။ ဩဂုတ်လ (၁၄)ရက်နေ့က ငဖဲမြို့ စွန်တက်ကျေးရွာရဲ့ မြောက်ဘက် မီတာ(၃၀၀၀)ကျော်အကွာက AA တပ်ဖွဲ့တွေရှိရာကို စစ်‌ကောင်စီတပ်ရဲ့ တပ်မ(၉၉)လက်အောက်ခံတပ်တွေ ထိုးစစ်ဆင်လာခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

အိုးဘိုထောင် ဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ သေဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေစာရင်း PPNM ထုတ်ပြန်

  • 2025 ခုနှစ်၊ ဩဂုတ်လ 17 ရက်
  • 25 Views
ဩဂုတ်လ (၁၇)ရက်။ ဩဂုတ်လ (၈)ရက်နေ့က မန္တလေး အိုးဘိုထောင်ကို ဗုံးကြဲခဲ့တဲ့ဖြစ်စဉ်ထဲ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသား စုစုပေါင်း (၂၁)ဦး သေဆုံးခဲ့တယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်ထဲ သေဆုံးသူတွေမှာ နိုင်ငံရေးအကျဉ်းသား
မြန်မာသတင်း

ရွေးကောက်ပွဲမှာ လုံခြုံရေးအတွက် စိုးရိမ်စရာမလိုဘူးဆိုပြီး ကြံ့ခိုင်ရေးပါတီပြော

  • 2025 ခုနှစ်၊ ဩဂုတ်လ 16 ရက်
  • 33 Views
ဩဂုတ်လ (၁၅)ရက်။ လာမယ့်ရွေးကောက်ပွဲမှာ လုံခြုံရေးအတွက် စိုးရိမ်စရာမလိုဘူးဆိုပြီး ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးခင်ရီက မနေ့က ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲထဲ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ အခု နိုင်ငံရဲ့လုံခြုံရေးအခြေအနေအရ မဲဆန္ဒနယ်တွေ ပိုမိုကျယ်ပြန့်လာနိုင်ပေမယ့် နယ်မြေရှင်းလင်းရေး အောင်မြင်လာတဲ့အတွက်
မြန်မာသတင်း

စစ်ကောင်စီရွေးကောက်ပွဲအတွက် သင်တန်းတက်မယ့် Non-CDM ပညာရေးဝန်ထမ်း (၄)ဦးကို MSRF ဖမ်းမိ

  • 2025 ခုနှစ်၊ ဩဂုတ်လ 16 ရက်
  • 25 Views
ဩဂုတ်လ (၁၅)ရက်။ သံဖြူဇရပ်-ရေး အမှတ် (၈)အမြန်လမ်းမှာ Non-CDM ပညာရေးဝန်ထမ်း (၄)ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ MSRF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မွန်ပြည်နယ် ရေးမြို့နယ်အတွက် ရွေးကောက်ပွဲမှာ ပါဝင်ဆောင်ရွက်ကြမယ့် Non-CDM ဝန်ထမ်းတွေရဲ့
မြန်မာသတင်း

ရွေးကောက်ပွဲအတွက် အစည်းအ‌ဝေးလုပ်နေတဲ့ အုပ်ချုပ်ရေးမှူးရုံးကို လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဩဂုတ်လ 15 ရက်
  • 40 Views
ဩဂုတ်လ (၁၅)ရက်။ မနေ့က ည (၁၀)နာရီဝန်းကျင်ခန့်မှာ လှိုင်သာယာ (၁၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ မြို့ပြကြွက်ကွန်ယက်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ည (၁၀)နာရီလောက် လှိုင်သာယာ(၁၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ