နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကန့်ဘလူမှာ စစ်ကောင်စီက (၃)ရက်ဆက်တိုက် စစ်ကြောင်းထိုးပြီး ပြည်သူ (၉)ဦးကို နှိပ်စက်သတ်ဖြတ်ခဲ့

ဇွန်လ (၂၇)ရက်။

ဇွန်လ (၂၃)ရက်ကနေ (၂၅)ရက်အထိ ကန့်ဘလူမြို့ ဇီးကုန်းတိုက်နယ်ထဲရှိ ကျေးရွာတွေကို အင်အား (၁၀၀)ခန့်ရှိ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းတပ်တွေက စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အဲ့ဒီပူးပေါင်းစစ်ကြောင်းဟာ ဇွန်လ (၂၃)ရက်နေ့ နံနက် (၈)နာရီခွဲအချိန်က ဝက်တိုး(တောင်)ရွာကနေတဆင့် သပြေသာရွာနဲ့ ကျောက်ကုန်းရွာကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ပြီး ပြည်သူတွေကို ဖမ်းဆီးတာ၊ တန်ဖိုးကြီးပစ္စည်းတွေကို ခိုးယူတာနဲ့ နေအိမ်မီးရှို့တာတွေကို (၃)ရက်ဆက်တိုက် ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးသတ်ဖြတ်ခံရသူတွေဟာ အသက်(၅၀)အရွယ် ဆွံ့အပြည်သူတစ်ဦးအပါအဝင် သပြေသာရွာက ပြည်သူ  (၆)ဦးနဲ့ ကျောက်ကုန်းရွာက ပြည်သူ (၃)ဦးတို့ဖြစ်ပြီး အများအပြားဟာ လက်ပြန်ကြိုးတုပ်ကာ ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့သလို တစ်ဦးဟာ မီးရှို့သတ်ဖြတ်ခံခဲ့ရတာလို့ သိရပါတယ်။

“ စစ်ကြောင်းထွက်လို့ ဝင်ကြည့်တော့ ဖမ်းခံရတဲ့ ပြည်သူတွေက အကုန်သတ်ခံထားရတာ၊ ၃ ရက်ရှိပြီဆိုတော့  တချို့အလောင်းက အကောင်တွေကျနေပြီ၊ သတ်တာကလဲ ရက်ရက်စက်စက်ပဲ လက်ပြန်ကြိုးတုပ်ထားပြီး တကိုယ်လုံးဓားတွေနဲ့ ထိုးထားမွှန်းထားတာတွေ၊ အဲ့ထဲမှာ သပြေသာရွာက ဦးလှိုင်းဇာဇာ ဆိုတာ စကားမပြောတတ်ဘူးဗျာ၊ သူ့လဲ သတ်သွားတာပဲ၊ တစ်ယောက်ဆိုရင် မီးရှို့ထားတာအလောင်းက အကုန်မလောင်သေးဘူး” လို့ သူက ဆိုပါတယ်။

ကန့်ဘလူမြို့မှာ (၃)ရက်ဆက်တိုက် စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးလူသတ်ခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးစုပေါင်းအင်အား (၁၀၀)ခန့်စစ်ကြောင်းဟာ ဇွန်လ (၂၆)ရက် နံနက်ပိုင်းမှာ သပြေသာရွာနဲ့ ကျောင်းကုန်းရွာက ထွက်ခွာပြီး ဇီးကုန်းသကြားစက်ကနေတဆင့် ဂွေးကုန်းရွာ ကို ရောက်ရှိသွားခဲ့တာပါ။

ဒါ့အပြင် စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းကြောင့် သပြေသာနဲ့ ကျောင်းကုန်းရွာအပါအဝင် အနီးအနားရှိ ကျေးရွာတွေက ပြည်သူ (၈၀၀၀)ခန့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 14 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ်
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 20 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 18 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 13 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 33 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 23 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

ရေးမြိုမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 33 Views
မတ်လ (၂၆)ရက်။ အခုလ ဒုတိယပတ်ကစပြီး ရေးမြိုမြောက်ပိုင်းထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို MSFC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က
မြန်မာသတင်း

တမူးအခြေစိုက် NLA က MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 25 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၀)ရက်နေ့က တမူးဒေသခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က MOD နဲ့ ပူးပေါင်းခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLA ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့မှာ Myanmar Federal Army(MFA)နာမည်နဲ့