နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

လာမယ့်ရွေးကောက်ပွဲတွေမှာ ကိုယ်စားလှယ်လောင်းတွေ ဘွဲ့ရဖြစ်ရမယ်ဆိုပြီး စစ်အုပ်စုရဲ့ရွေး/ကော်ပြော

ဩဂုတ်လ (၂၇)ရက်။

လာမယ့်ရွေးကောက်ပွဲတွေမှာ ကိုယ်စားလှယ်လောင်းတွေ ဘွဲ့ရဖြစ်ရမယ်ဆိုပြီး စစ်အုပ်စုလက်အောက်ခံ ရွေး/ကော်ဥက္ကဋ္ဌ ဦးသန်းစိုးက မနေ့က နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

“ နောင်လာမယ့်ရွေးကောက်ပွဲတွေမှာ ကိုယ်စားလှယ်လောင်းတွေဟာ တက္ကသိုလ်၊ ကောလိပ်တခုခုကနေ ဘွဲ့ရသူတွေ ဖြစ်ရမှာဖြစ်ပြီး နိုင်ငံရေးပါတီတွေ အခုကစပြီး စီစဉ်ထားရမှာဖြစ်တယ်” လို့ သူက ဆိုပါတယ်။

ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ဖို့ ရွေးကောက်ပွဲတွေကို ကာကွယ်ပေးတဲ့ဥပဒေကို ပြဋ္ဌာန်းထားပြီး နိုင်ငံရေးပါတီတွေနဲ့ မဲပေးမယ့်သူတွေအတွက် လုံခြုံရေးအကာအကွယ်ပေးနိုင်ဖို့ ဆောင်ရွက်ထားတယ်လို့ ထည့်သွင်းပြောဆိုထားပါတယ်။

နောက်ပြီး ကော်မရှင်အနေနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် သန္နိဋ္ဌာန်ထား ဆောင်ရွက်သွားမှာဖြစ်သလို နိုင်ငံရေးပါတီတွေအနေနဲ့ အတူလက်တွဲပြီး ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်အောင် ဝိုင်းဝန်းကြိုးပမ်းကြဖို့ တိုက်တွန်းထားပါသေးတယ်။

ဒါ့အပြင် အီလက်ထရောနစ်မဲပေးစက်သုံးပြီး မဲပေးသူတွေရဲ့ ဆန္ဒမဲတမဲဟာ ကိုယ်စားလှယ်လောင်းကိုသာမက ပါတီကိုပါ မဲပေးတဲ့ပုံစံနဲ့ ဆောင်ရွက်သွားမှာဖြစ်သလို PR မဲဆန္ဒနယ်တွေအတွက် ကိုယ်စားလှယ်လောင်းတွေကို ဦးစားပေးအစီအစဉ်နဲ့ တင်သွင်းဖို့ ညွှန်ကြားခဲ့ပါတယ်။

စစ်အုပ်စုဟာ နိုင်ငံရေးပါတီ (၆၁)ပါတီကို မှတ်ပုံတင်ခွင့်ပြုထားပြီး တနိုင်ငံလုံးမှာ စည်းရုံးမယ့်ပါတီ (၉)ပါတီနဲ့ တိုင်းနဲ့ပြည်နယ် တခုထဲမှာသာ စည်းရုံးမယ့်ပါတီ (၅၂)ပါတီဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်အုပ်စုဟာ ရွေးကောက်ပွဲ အပိုင်း(၁)ကို ဒီဇင်ဘာလ (၂၈)ရက်နေ့မှာ ပြုလုပ်သွားဖို့ ပြင်ဆင်နေကာ အတုအယောင်ရွေးကောက်ပွဲမှာ ပါဝင်ပြီး အဆိပ်ပင်ရေလောင်းတဲ့ သမိုင်းတရားခံမဖြစ်အောင် ရှောင်ရှားကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 20 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ်
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 20 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 36 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 26 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

ရေးမြိုမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 35 Views
မတ်လ (၂၆)ရက်။ အခုလ ဒုတိယပတ်ကစပြီး ရေးမြိုမြောက်ပိုင်းထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို MSFC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က
မြန်မာသတင်း

တမူးအခြေစိုက် NLA က MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 28 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၀)ရက်နေ့က တမူးဒေသခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က MOD နဲ့ ပူးပေါင်းခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLA ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့မှာ Myanmar Federal Army(MFA)နာမည်နဲ့