နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်တပ်ဟာ ရှေ့တန်းမှာ စစ်သားတွေကို မူးယစ်ဆေးဝါးတိုက်ကျွေးနေတယ်လို့ KNLA ထုတ်ပြန်

စက်တင်ဘာလ (၂၇)ရက်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အကျိုးစီးပွားအတွက် အသုံးချခံ သက်ရှိစည်းရိုးများဆိုတဲ့ ခေါင်းစဉ်နဲ့ KNLA ဗဟိုဌာနချုပ်က မနေ့က ကြေညာချက်တစောင် ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီထုတ်ပြန်ချက်ထဲ မင်းအောင်လှိုင်သွားနေတဲ့ နိုင်ငံရေးအခင်းအကျင်းနဲ့ ဖောက်ပြန်တဲ့စနစ်ဟာ ပြည်သူတရပ်လုံးကို ထာဝရကျွန်ပြုဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

သူဟာ သူ့ရဲ့အကျိုးစီးပွားအတွက်နဲ့ ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေကို ပြည်သူက တရားဥပဒေနဲ့အညီ ဒဏ်ခတ်တာကနေ ရှောင်ရှားဖို့ စစ်တပ်နဲ့ ကာကွယ်ထားတယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီစစ်တပ်ဟာ ဖက်ဆစ်စစ်တပ်ပီပီ ပြည်သူတရပ်လုံးအပေါ် ရာဇဝတ်မှုကျူးလွန်တဲ့တပ်ဖြစ်ပြီး စစ်တပ်ထဲကို ပြည်သူတွေက ဝင်ရောက်လိုစိတ်မရှိဘူးလို့ ရေးသားထားပါတယ်။

ဒါ့ကြောင့် စစ်တပ်ဟာ အခုအခါ တပ်ထဲ ပြုန်းတီးအင်အား များပြားတာတို့ကြောင့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ထုတ်ပြန်ပြီး အတင်းအဓမ္မ စစ်သားစုဆောင်းကာ ဖြည့်တင်းနေတယ်လို့ ဆိုပါတယ်။

နောက်ပြီး အဲ့ဒီစစ်သားတွေနဲ့ မိသားစုဝင်တွေကို ပုံစံမျိုးစုံ အကြပ်ကိုင်အရေးယူတာ၊ ခြိမ်းခြောက်တာနဲ့ ဝါဒမှိုင်းတိုက်တာတွေကို တစိုက်မတ်မတ် လုပ်ဆောင်နေတယ်လို့ ‌ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ရှေ့တန်းစစ်မျက်နှာမှာ အဓမ္မစုဆောင်းထားတဲ့ စစ်သားတွေကို အသိစိတ်ကင်းမဲ့အောင် မူးယစ်ဆေးဝါးတိုက်ကျွေးပြီး သက်ရှိစည်းရိုးအနေနဲ့ ခံကတုပ်ထုတ်လုပ်နေတယ်လို့လဲ ထည့်သွင်းပြောဆိုထားပါတယ်။

ဒီလို မင်းအောင်လှိုင်ရဲ့လုပ်ရပ်ဟာ ပြည်သူလူထုသားသမီးရဲ့ အသက်တချောင်းကို ခြံစည်းရိုးတိုင်တချောင်းလောက်တောင် တန်ဖိုးမထားဘဲ လူသားဒိုင်းအနေနဲ့ တနိုင်ငံလုံးမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးချနေတယ်လို့ အသိပေးထားချက်အရ သိရပါတယ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 21 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ်
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 20 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 36 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 27 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

ရေးမြိုမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 35 Views
မတ်လ (၂၆)ရက်။ အခုလ ဒုတိယပတ်ကစပြီး ရေးမြိုမြောက်ပိုင်းထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို MSFC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က
မြန်မာသတင်း

တမူးအခြေစိုက် NLA က MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 28 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၀)ရက်နေ့က တမူးဒေသခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က MOD နဲ့ ပူးပေါင်းခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLA ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့မှာ Myanmar Federal Army(MFA)နာမည်နဲ့