နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်

မြန်မာသတင်း

မြန်မာသတင်း

KK Park ကနေ အကျိုးအမြတ်ရနေတယ်လို့ စစ်အုပ်စုရဲ့ စွပ်စွဲချက် KNU ငြင်းဆို

အောက်တိုဘာလ (၂၇)ရက်။

ထိုင်း-မြန်မာနယ်စပ်ရှိ KK Park ကနေ အကျိုးအမြတ်ရရှိတယ်ဆိုပြီး စစ်အုပ်စုက စွပ်စွဲထားတဲ့အပေါ် ကရင်အမျိုးသားအစည်းအရုံး(KNU)က မနေ့က ထုတ်ပြန်ငြင်းဆိုထားတယ်လို့ သိရပါတယ်။

စစ်အုပ်စုရဲ့ ပြောခွင့် ဗိုလ်ချုပ် ဇော်မင်းထွန်းက KK Park အွန်လိုင်းငွေလိမ်လုပ်ငန်းအတွက် KNU အနေနဲ့ မြေငှားရမ်းတာနဲ့ လုံခြုံရေးစောင့်ရှောက်ခ ရယူတာတို့နဲ့ အကျိုးအမြတ်တွေ ရရှိတယ်ဆိုပြီး စွပ်စွဲထားတယ်လို့ ဆိုပါတယ်။

အခုလို စစ်အုပ်စုရဲ့ စွပ်စွဲချက်အားလုံးကို KNU ဘက်က ပြတ်ပြတ်သားသား ငြင်းဆိုထားကာ KK Park အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ လုံးဝ(လုံးဝ) မသက်ဆိုင်ဘူးလို့ ဖော်ပြထားပါတယ်။

စစ်အုပ်စု စွပ်စွဲထားတဲ့ ဧက (၁၀၀)မြေကွက်နဲ့ KK Park အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်တဲ့ ဧက (၅၀၀)ရှိတဲ့ မြေကွက်တို့ဟာ သီးခြားစီဖြစ်ပြီး မြေကွက်တခုနဲ့တခု (၃)ကီလိုမီတာအကွာမှာ တည်ရှိတယ်လို့ ရေးသားထားပါတယ်။

နောက်ပြီး ဧက(၁၀၀)မြေကွက်ဖြစ်တဲ့ Trans-Asia International Holding Group(Thailand)Co.Ltd နဲ့ ပူးပေါင်းဆောင်ရွက်တာကို မုလအိအလင်းကုမ္ပဏီက ၂၀၂၂ခုနှစ် ဒီဇင်ဘာလကထဲက ရပ်ဆိုင်း နှုတ်ထွက်ခဲ့ပြီးဖြစ်တယ်လို့ KNU က ထည့်သွင်းပြောဆိုထားပါတယ်။

ဒါ့ကြောင့် စစ်အုပ်စုက စွပ်စွဲထားတဲ့အပေါ် KNU က ဂြိုလ်တုဓါတ်ပုံနဲ့ပါ ပူးတွဲထုတ်ပြန်ထားပြီး ပြတ်ပြတ်သားသား ငြင်းဆိုထားပါတယ်။

ဒါ့အပြင် စစ်အုပ်စုဟာ မြန်မာနိုင်ငံရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကနေ နိုင်ငံရေး၊ စီးပွားရေးနဲ့ စစ်ရေးအရ အကျိုးအမြတ် ရရှိနေတာကို ဖုံးကွယ်ချင်တာကြောင့် အခုလို မဟုတ်မမှန် သတင်းမှားဖြန့်တာသာဖြစ်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တရုတ်အစိုးရရဲ့ ကြားဝင်မှုနဲ့ အပစ်ရပ်တာကြောင့် လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တာကနေ သက်သာခွင့်ရလာတာလို့ TNLA ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်
  • 17 Views
ဇန်နဝါရီလ (၁၂)ရက်။ တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်တာနဲ့ အပစ်ရပ်တာကြောင့် လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တာကနေ သက်သာခွင့်ရလာတာလို့ TNLA က ဒီကနေ့ တအာင်းအမျိုးသားတော်လှန်ရေးနေ့မှာ
မြန်မာသတင်း

“ဒီမိုကရေစီစိတ်ပျောက်-အာဏာရှင်စိတ်ပေါက်”

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 35 Views
“NUGရဲ့တော်လှန်ရေးအောင်မြင်နိုင်ပါ့မလား” ဒီအပတ်တနင်္ဂနွေနေ့မှာပြောကြားမဲ့အကြောင်းကတော့ဘုံရန်သူတိုက်နေသူတွေအကြား ညီညွတ်ရေးတည်ဆောက်ရမဲ့အလုပ်မှာတာဝန်အရှိဆုံး အစိုးရအမည်ခံထားတဲ့ NUGရဲ့ ကာဝန်အောက်က ပီဒီအက်ဖ်တပ်တွေ ဇာတ်တူသားစားကြတော့မဲ့ အရိပ်အယောင် ပြတာ တင်မက ဗိုလ်နဂါးကအသိပေးထားတဲ့ကြားကBNRA
မြန်မာသတင်း

မုံရွာ နမခကိုလာတဲ့ စစ်တပ်ရဟတ်ယာဉ် ပစ်ခတ်ခံရပြီး ထိမှန်ပျက်စီးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 44 Views
မုံရွာ နမခကိုလာတဲ့ စစ်တပ်ရဟတ်ယာဉ် ပစ်ခတ်ခံရပြီး ထိမှန်ပျက်စီးခဲ့ ဇန်နဝါရီလ (၁၀)ရက်။ ဇန်နဝါရီလ (၈)ရက်နေ့ နေ့လယ် (၁)နာရီ (၅၄)မိနစ်အချိန်က မုံရွာအခြေစိုက် နမခဌာနချုပ်ကိုလာတဲ့ စစ်တပ်ရဟတ်ယာဉ်ကို ပစ်ခတ်ခဲ့တယ်လို Battalion of Budalin(BOB)ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

ဂန့်ဂေါမြိုမှာ ခလရ(၅၀)တပ်အပါအဝင် စစ်တပ်ဂိတ်စခန်းတွေ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 29 Views
ဇန်နဝါရီလ (၁၀)ရက်။ ဒီကနေ့ နံနက် (၆)နာရီအချိန်ကစပြီး ဂန့်ဂေါမြိုရှိ ခလရ(၅၀)တပ်အပါအဝင် စစ်တပ်ရဲ့ ဂိတ်စခန်းတွေ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံခဲ့ရတယ်လို ယောအလင်းတန်းရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ “ မနက် (၆)နာရီလောက်မှာ ခလရ(၅၀)တပ်နဲ့ မြိုဝင်ဂိတ်တွေ၊ ဝီလပ်တံတားနဲ့
မြန်မာသတင်း

လက်နက်အားကိုးနဲ့ တောင်းဆိုတာတွေက အကြမ်းဖက်စနစ်ဆိုပြီး အာဏာလုမင်းအောင်လှိင်ပြော

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 23 Views
ဇန်နဝါရီလ (၁၀)ရက်။ တိုင်းရင်းသားဒေသတွေက လက်နက်အားကိုးနဲ့ တောင်းဆိုတာတွေဟာ အကြမ်းဖက်စနစ်ဆိုပြီး အာဏာလု မင်းအောင်လှိင်က ကချင်ပြည်နယ်နေ့မှာ ပေးပိုတဲ့သဝဏ်လွှာထဲ ပြောဆိုထားတယ်လို သိရပါတယ်။ ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲမသမာတာကြောင့်ဆိုပြီး နိုင်ငံအာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မ လုယူထားတဲ့ စစ်ခေါင်းဆောင်
မြန်မာသတင်း

ICJ မှာ အကြမ်းဖက်စစ်တပ်ရဲ့ တင်ပြတာတွေက မြန်မာပြည်သူတွေရဲ့ဆန္ဒကို ကိုယ်စားမပြုဘူးလို့ NUG ပြော

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 27 Views
ဇန်နဝါရီလ (၁၀)ရက်။ ICJ မှာ ကြားနာမယ့် မြန်မာအပေါ် တရားစွဲဆိုတာတွေနဲ့ပတ်သက်ပြီး အကြမ်းဖက်စစ်တပ်ရဲ့ တင်ပြတာတွေက မြန်မာပြည်သူတွေရဲ့ဆန္ဒကို ကိုယ်စားမပြုဘူးလို့ NUG က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ နိုင်ငံတကာတရားရုံး(ICJ)က ဂမ်ဘီယာနိုင်ငံနဲ့ မြန်မာနိုင်ငံအမှုဆိုင်ရာ လုပ်ငန်းစဉ်ရဲ့
မြန်မာသတင်း

မင်းလှမြို့ ရန်ကုန်-ပြည် အမြန်လမ်းပေါ်ရှိ စစ်တပ်ဂိတ်စခန်း တိုက်ခိုက်ခံရပြီး (၂၀)ဦးခန့် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 30 Views
ဇန်နဝါရီလ (၉)ရက်။ ဇန်နဝါရီလ (၇)ရက်နေ့ နံနက် (၆)နာရီ (၁၅)မိနစ်အချိန်က မင်းလှမြို့ ရန်ကုန်-ပြည် အမြန်လမ်းပေါ်ရှိ စစ်တပ်ရဲ့ ဂိတ်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ ACDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မင်းလှမြို့
မြန်မာသတင်း

တောကျွဲအင်းမြို့ကို စိုးမိုးထိန်းချုပ်နိုင်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 26 Views
ဇန်နဝါရီလ (၉)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်ကစပြီး စစ်တောင်းမြစ်ဝှမ်းဒေသ အောင်‌မြင်စစ်ဆင်ရေးအနေနဲ့ တောကျွဲအင်းမြို့(အောင်မြင်မြို့)ကို တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်ဆင်ရေးထဲ တောကျွဲအင်းမြို့(အောင်မြင်မြို့)ကို တော်လှန်ရေးတပ်တွေ စိုးမိုးထိန်းချုပ်နိုင်ခဲ့ပြီးနောက် စစ်ကော်မရှင်ရဲ့ အုပ်ချုပ်ရေးယန္တရား အဆောက်အအုံတွေ၊ ရွေး/ကော်ရုံးနဲ့ နယ်မြေရဲစခန်းတို့ကို