နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကိုယ်စားလှယ်လောင်း တဦးထဲရှိတဲ့နေရာတွေမှာ ဝင်ပြိုင်ဖို့ အမည်စာရင်းပေးခဲ့ပေမယ့် ဖိအားပေးခံရတာတွေကြောင့် ပြန်ရုတ်သိမ်းခဲ့ရတယ်လို့ ဦးကိုကိုကြီးပြော

အောက်တိုဘာလ (၂၇)ရက်။

ကိုယ်စားလှယ်လောင်း တဦးထဲရှိတဲ့နေရာတွေမှာ ဝင်ပြိုင်ဖို့ အမည်စာရင်းပေးခဲ့ပေမယ့် ဖိအားပေးခံရတာကြောင့် ပြန်လည်ရုတ်သိမ်းခဲ့ရတာတွေ ရှိတယ်လို့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ထုတ်ဖော်ပြောဆိုထားတယ်လို့ သိရပါတယ်။

“ လွှတ်တော်ကိုယ်စားလှယ်လောင်း တဦးထဲရှိတဲ့ စာရင်းတွေမှာ ပြည်သူ့ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ဖို့ ဗဟိုဌာနချုပ်ကို အမည်စာရင်း ပို့ပြီးခါမှ ဖိအားပေးတာတွေကြောင့် ပြန်လည်ရုတ်သိမ်းခဲ့ရတဲ့ မြို့နယ်တွေ ပါဝင်ပါတယ်။ အဲ့ဒီမြို့နယ်တွေက မဲဆန္ဒရှင်တွေအနေနဲ့ သူတို့ရဲ့ ရွေးချယ်ခွင့် ဆုံးရှုံးခဲ့ရတဲ့အတွက် စိတ်မကောင်းဖြစ်ရပါတယ်” လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

အခုအခါ လွှတ်တော်ကိုယ်စားလှယ်လောင်း တဦးထဲရှိတာကြောင့် ရွေးကောက်ပွဲ မကျင်းပတော့ဘဲ အနိုင်ရသွားတဲ့ ကိုယ်စားလှယ်တွေစာရင်းထဲမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၁၄)ဦးပါဝင်တယ်လို့ ‌သိရပါတယ်။

“ ရွေးကောက်ပွဲရလဒ်ဟာ လာမယ့် (၅)နှစ်အတွက် နိုင်ငံတော်ကို ရွေးချယ်တာဖြစ်ပါတယ်။ လာမယ့် (၅)နှစ်တာဘဝတွေကို ရွေးချယ်မှာပါ။ ရွေးကောက်ပွဲပြီးသွားရင် သံတမန်ဆက်ဆံရေး နိုင်ငံတကာဆက်ဆံရေး နိုင်ငံရေး စီးပွားရေး လူမှုရေးအခင်းအကျင်းအသစ်တခုကို ရင်ဆိုင်ရပါလိမ့်မယ်” လို့ သူက ဆက်ပြောပါတယ်။

နောက်ပြီး ရွေးကောက်ပွဲဟာ သေချာပေါက်လုပ်မှာဖြစ်ပြီး မဲပေးကြဖို့ဆိုကာ ဦးကိုကိုကြီးက ထည့်သွင်းတိုက်တွန်းထားပါသေးတယ်။ 

ဦး‌ကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီဟာ စစ်တပ် ကျင်းပမယ့် ရွေးကောက်ပွဲမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ ပြင်ဆင်နေတာပါ။

ဒါပေမယ့် ရွေးကောက်ပွဲ မကျင်းပခင်အချိန်မှာပဲ စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီက မဲဆန္ဒနယ် (၂၉)နေရာအတွက် ပြိုင်ဘက်မရှိ အနိုင်ရရှိထားပြီးဖြစ်ပါတယ်။

လက်နက်အားကိုးနဲ့ နိုင်ငံ့အာဏာကို အတင်းအဓမ္မရယူကာ ပြည်သူကို သတ်ဖြတ်နေတဲ့ စစ်တပ်က ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲဟာ ဘယ်လိုနည်းနဲ့မှ တရားမျှတမှုမရှိနိုင်တာကြောင့် ဆန့်ကျင်ကန့်ကွက်ဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 20 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ်
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 26 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 20 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 36 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 26 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

ရေးမြိုမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 35 Views
မတ်လ (၂၆)ရက်။ အခုလ ဒုတိယပတ်ကစပြီး ရေးမြိုမြောက်ပိုင်းထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို MSFC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က
မြန်မာသတင်း

တမူးအခြေစိုက် NLA က MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 27 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၀)ရက်နေ့က တမူးဒေသခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က MOD နဲ့ ပူးပေါင်းခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLA ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့မှာ Myanmar Federal Army(MFA)နာမည်နဲ့