နိုဝင်ဘာလ (၂၇)ရက်။
နိုဝင်ဘာလ (၂၂)ရက်နေ့က လယ်ဒိုမြို့မှာ စစ်တပ်ရဲ့ ဒရုန်းနဲ့ ပစ်ခတ်တာကြောင့် အရပ်သားအမျိုးသားတဦး သေဆုံးခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ အကြမ်းဖက်စစ်တပ်က နတ်သံကွင်းကနေ ဒရုန်းနဲ့ အင်းထဲ ငါးရှာနေတဲ့နေရာကို ဒရုန်းနဲ့ လာပစ်သွားတာ။ အဲ့ဒီမှာ ရွာသားတဦး ထိမှန်သေဆုံးခဲ့တာ” လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ နတ်သံကွင်းကနေ ဒရုန်းနဲ့ အင်းထဲ ငါးရှာတဲ့နေရာကို ပစ်ခတ်တာကြောင့် အသက် (၃၀)နှစ်အရွယ် နိုညာသူရွာသားတဦး ထိခိုက်သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး နိုဝင်ဘာလ (၂၁)ရက်နေ့က အကြမ်းဖက်စစ်တပ်ရဲ့ ခမရ(၃၀၇)တပ်ကနေ ဒရုန်းနဲ့ လာရောက်ပစ်ခတ်ခဲ့တာကြောင့် သဲဖြူရွာသစ်ထဲ ကျရောက်ပေါက်ကွဲခဲ့ကာ နေပိမ်အချို့ ထိမှန်ပျက်စီးခဲ့တယ်လို့ ရေးသားထားပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ အပြစ်မဲ့အရပ်သားပြည်သူတွေရဲ့ လုပ်ကိုင်စားသောက်သွားလာရာနေရာနဲ့ စစ်ဘေးရှောင်နေရာတွေပါမကျန် ပစ်မှတ်ထားတိုက်ခိုက်နေတာလို့ ပြောဆိုထားပါတယ်။
ဒါ့ကြောင့် ပြည်သူတွေဟာ စိုးရိမ်ကြောက်ရွံ့မှုများစွာနဲ့ လုပ်ကိုင်စားသောက် သွားလာနေထိုင်နေရတယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။










